Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆတ်ကို ဇနီးက ကွာရှင်းခွင့် တောင်းထားကြောင်း သတင်းတွေကို ရုရှား ငြင်းဆို

ဆီးရီးယား အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ် အာဆတ်ကို ဇနီးဖြစ်သူက ကွာရှင်းခွင့် တောင်းထားကြောင်း သတင်းတွေကို ရုရှားအစိုးရက ငြင်းဆိုသွားပါတယ်။

ဆီးရီးယား အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ် အာဆတ်ကို ဇနီးဖြစ်သူက ကွာရှင်းခွင့် တောင်းထားကြောင်း သတင်းတွေကို ရုရှားအစိုးရက ငြင်းဆိုသွားပါတယ်။

တော်လှန်ရေး အင်အားစုတွေက မြို့တော် ဒမတ်စကက်ကို ဒီဇင်ဘာ ၈ ရက်နေ့မှာ သိမ်းယူခဲ့ချိန် ကတည်းက အာဆတ်တို့ မိသားစုဟာ ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာ ရောက်ရှိ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဗြိတိန်နွယ်ဖွား အက်စ်မာ အယ်လ်အာဆတ်ဟာ ခင်ပွန်းဖြစ်သူ သမ္မတ အာဆတ်နဲ့ ကွာရှင်းပြီး ရုရှားနိုင်ငံထဲကနေ ထွက်ခွာဖို့ စီစဉ်နေကြောင်း တူရကီ သတင်းဌာနတချို့က စတင် ဖော်ပြလာတဲ့နောက် အဲဒီကိစ္စကို ရုရှားအစိုးရရဲ့ ကရင်မလင် နန်းတော်ဖက်က ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သတင်းထောက်တွေက အာဆတ်ရဲ့ အိမ်ထောင်ရေး အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ထွက်ပေါ်နေတဲ့ သတင်းတွေဟာ တကယ့် အခြေအနေမှန်နဲ့ ဘယ်လိုမှ အဆက်အစပ် မရှိဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ရုရှား အစိုးရက အာဆတ် မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားပြီး အာဆတ်ကိုလည်း အကျယ်ချုပ် သဘောမျိုး ထားရှိတယ်ဆိုတဲ့ သတင်းတွေကိုပါ ပက်စ်ကော့ဗ်က ငြင်းဆိုသွားခဲ့ပါတယ်။

ရုရှားဟာ ၁၃ နှစ်ကျော် ကြာမြင့်ခဲ့တဲ့ ဆီးရီးယား စစ်ပွဲတလျှောက် အာဆတ်ရဲ့ အဓိက မဟာမိတ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ သူဟာ စစ်ရှုံးချိန်မှာလည်း မဟာမိတ် ရုရှားဆီကိုပဲ ထွက်ပြေးပြီး ခိုလှုံနေခဲ့ရတာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ တူရကီ သတင်းဌာန တချို့က အာဆတ်ဟာ မော်စကိုမှာ ခြေချုပ်သဘောမျိုးနဲ့ နေထိုင်နေရသလို ဆီးရီးယား သမ္မတ ကတော်ကလည်း လန်ဒန်ကို ပြန်သွားဖို့အတွက် ကွာရှင်းခွင့် တောင်းခံနေတယ်ဆိုပြီး ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆီးရီးယား သမ္မတကတော်ကို ပြန်လာခွင့် ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် လမ်မီက လွှတ်တော်မှာ ပြုလုပ်တဲ့ တင်ပြဆွေးနွေးမှု တစ်ခုမှာ အက်စ်မာဟာ အရေးယူ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်နေသူ တစ်ဦးဖြစ်ပြီး ဗြိတိန်က မကြိုဆိုကြောင်း၊ အာဆတ် မိသားစုဝင် တစ်ယောက်မှ ဗြိတိန်မှာ ခိုလှုံခွင့် မရအောင် သူက အစွမ်းရှိသမျှ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖမ်းဆီး ရမိထားတဲ့ မြောက်ကိုရီးယား စစ်သားတွေကို ရုရှားလက်ထဲက ယူကရိန်း သုံ့ပန်းတွေနဲ့ လဲလှယ်ဖို့ ဆန္ဒရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကမ်းလှမ်းခဲ့ပါတယ်။

သတင်း

မြန်မာ စစ်ကောင်စီရဲ့ လေတပ်ဟာ ရုရှားနိုင်ငံလုပ် SU-30 SME တိုက်လေယာဉ် အသစ် ၆ စီးကိုဝယ်ယူထားတာမှ ပြီးခဲ့တဲ့ဒီဇင်ဘာ လမှာ ​နောက်ဆုံး ၂ စီးကိုထပ်မံလက်ခံ ရရှိထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ် ၄၀ လောက် ကြာမြင့်ခဲ့တဲ့နောက် ယူကရိန်း ပိုင်နက်ကို ဖြတ်သန်းပြီး ရုရှားရဲ့ ဓာတ်ငွေ့တွေ ဥရောပကို တင်ပို့နေခဲ့မှုဟာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

Facebook