Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆတ်ကို ဇနီးက ကွာရှင်းခွင့် တောင်းထားကြောင်း သတင်းတွေကို ရုရှား ငြင်းဆို

ဆီးရီးယား အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ် အာဆတ်ကို ဇနီးဖြစ်သူက ကွာရှင်းခွင့် တောင်းထားကြောင်း သတင်းတွေကို ရုရှားအစိုးရက ငြင်းဆိုသွားပါတယ်။

ဆီးရီးယား အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ် အာဆတ်ကို ဇနီးဖြစ်သူက ကွာရှင်းခွင့် တောင်းထားကြောင်း သတင်းတွေကို ရုရှားအစိုးရက ငြင်းဆိုသွားပါတယ်။

တော်လှန်ရေး အင်အားစုတွေက မြို့တော် ဒမတ်စကက်ကို ဒီဇင်ဘာ ၈ ရက်နေ့မှာ သိမ်းယူခဲ့ချိန် ကတည်းက အာဆတ်တို့ မိသားစုဟာ ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာ ရောက်ရှိ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဗြိတိန်နွယ်ဖွား အက်စ်မာ အယ်လ်အာဆတ်ဟာ ခင်ပွန်းဖြစ်သူ သမ္မတ အာဆတ်နဲ့ ကွာရှင်းပြီး ရုရှားနိုင်ငံထဲကနေ ထွက်ခွာဖို့ စီစဉ်နေကြောင်း တူရကီ သတင်းဌာနတချို့က စတင် ဖော်ပြလာတဲ့နောက် အဲဒီကိစ္စကို ရုရှားအစိုးရရဲ့ ကရင်မလင် နန်းတော်ဖက်က ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သတင်းထောက်တွေက အာဆတ်ရဲ့ အိမ်ထောင်ရေး အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ထွက်ပေါ်နေတဲ့ သတင်းတွေဟာ တကယ့် အခြေအနေမှန်နဲ့ ဘယ်လိုမှ အဆက်အစပ် မရှိဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ရုရှား အစိုးရက အာဆတ် မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားပြီး အာဆတ်ကိုလည်း အကျယ်ချုပ် သဘောမျိုး ထားရှိတယ်ဆိုတဲ့ သတင်းတွေကိုပါ ပက်စ်ကော့ဗ်က ငြင်းဆိုသွားခဲ့ပါတယ်။

ရုရှားဟာ ၁၃ နှစ်ကျော် ကြာမြင့်ခဲ့တဲ့ ဆီးရီးယား စစ်ပွဲတလျှောက် အာဆတ်ရဲ့ အဓိက မဟာမိတ်အဖြစ် ရပ်တည်ခဲ့ပါတယ်။ သူဟာ စစ်ရှုံးချိန်မှာလည်း မဟာမိတ် ရုရှားဆီကိုပဲ ထွက်ပြေးပြီး ခိုလှုံနေခဲ့ရတာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ တူရကီ သတင်းဌာန တချို့က အာဆတ်ဟာ မော်စကိုမှာ ခြေချုပ်သဘောမျိုးနဲ့ နေထိုင်နေရသလို ဆီးရီးယား သမ္မတ ကတော်ကလည်း လန်ဒန်ကို ပြန်သွားဖို့အတွက် ကွာရှင်းခွင့် တောင်းခံနေတယ်ဆိုပြီး ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆီးရီးယား သမ္မတကတော်ကို ပြန်လာခွင့် ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် လမ်မီက လွှတ်တော်မှာ ပြုလုပ်တဲ့ တင်ပြဆွေးနွေးမှု တစ်ခုမှာ အက်စ်မာဟာ အရေးယူ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်နေသူ တစ်ဦးဖြစ်ပြီး ဗြိတိန်က မကြိုဆိုကြောင်း၊ အာဆတ် မိသားစုဝင် တစ်ယောက်မှ ဗြိတိန်မှာ ခိုလှုံခွင့် မရအောင် သူက အစွမ်းရှိသမျှ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။