Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကို တရုတ်က သိမ်းသွင်းမယ့် ရည်မှန်းချက်ကို ဘယ်သူမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ရှီကျင့်ဖျင်ပြော

ထိုင်ဝမ်ကျွန်းကို နိုင်ငံပိုင်နက်ထဲ သိမ်းသွင်းမယ့် ရည်မှန်းချက်ကို ဘယ်သူကမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က နှစ်ကုန် မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းကို နိုင်ငံပိုင်နက်ထဲ သိမ်းသွင်းမယ့် ရည်မှန်းချက်ကို ဘယ်သူကမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က နှစ်ကုန် မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

တစ်နိုင်ငံလုံးကို လိပ်မူပြီး နှစ်သစ်ကို ကြိုဆိုဖို့ ရည်ရွယ်ထားတဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ မိန့်ခွန်းထဲမှာ ရှီက အဲဒီလိုမျိုး တင်းမာပြတ်သားတဲ့ ခြိမ်းခြောက်စကားကို ထည့်သွင်း ပြောဆိုသွားခဲ့တာပါ။

ထိုင်ဝမ်ဟာ ဒီမိုကရေစီစနစ် ထွန်းကားပြီး ကိုယ်ပိုင် အချုပ်အခြာ ပိုင်ဆိုင်မှုနဲ့ ရပ်တည်လိုပေမယ့် တရုတ်ကတော့ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် အင်အားသုံး သိမ်းယူမယ်လို့ မကြာခဏ ခြိမ်းခြောက်ထားပါတယ်။

၂၀၂၄ တစ်နှစ်လုံးမှာလည်း တရုတ်ဟာ စစ်အင်အားနဲ့ စစ်ရေးနည်းပညာ မြှင့်တင်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့သလို ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည်ဝိုင်းပြီး ခြိမ်းခြောက်မှုဆန်တဲ့ ရေတပ်၊ လေတပ် စစ်ရေးလေ့ကျင့်မှုတွေကို အင်အား အလုံးအရင်းနဲ့ လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရှီရဲ့ မိန့်ခွန်းထဲမှာတော့ ထိုင်ဝမ်ရေလက်ကြား ခြားပြီး တည်ရှိနေပေမယ့် တရုတ်နိုင်ငံသား အားလုံးဟာ မိသားစု တစ်ခုတည်းက ဖြစ်ကြောင်း၊ အဲဒီ တစ်သားတည်း သွေးစည်းမှုကို ဘယ်သူကမှ မခွဲနိုင်ကြောင်း၊ မိခင် တရုတ်ပြည်မကြီးဆီ ထိုင်ဝမ်က ပြန်ပူးပေါင်းမယ့် သမိုင်းဝင် ဖြစ်စဉ်ကိုလည်း ဘာကမှ ဟန့်တားနိုင်မှာ မဟုတ်ကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် ဦးဆောင်တဲ့ အစိုးရ အာဏာရလာဖို့ ၃ ပတ်လောက် အလိုမှာ ရှီက အခုလို တင်းမာတဲ့ သဘောထားမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်-အမေရိကန် အားပြိုင်မှုမှာ ထိုင်ဝမ်ဟာ အရေးကြီးတဲ့ ဗဟိုချက်တစ်ခု ဖြစ်နေပြီး အမေရိကန်အတွက်လည်း မဟာဗျူဟာကျတဲ့ အာရှ မဟာမိတ်အဖြစ် ထိုင်ဝမ်က ရပ်တည်နေပါတယ်။

ပြီးတော့ အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် စစ်လက်နက်တွေ အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ တရုတ်ကတော့ ထိုင်ဝမ်ကို အမေရိကန်က လက်နက် ရောင်းနေတဲ့အပေါ် အစဉ်တဝိုက် ဝေဖန်နေခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား ဒေသရဲ့ တည်ငြိမ်မှုကို ပျက်ပြားစေမယ့် လုပ်ရပ်အဖြစ် စွပ်စွဲရှုတ်ချထားပါတယ်။

ကိုးကား: NDTV

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။