Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည် အမျိုးအစားသစ် စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်

အခုသီတင်းပတ်မှာ စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ တာလတ်ပစ် ဒုံးကျည်ဟာ ဟိုက်ပါဆောနစ် ထိပ်ဖူးအသစ်ကို တပ်ဆင်ထားတာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

အခုသီတင်းပတ်မှာ စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ တာလတ်ပစ် ဒုံးကျည်ဟာ ဟိုက်ပါဆောနစ် ထိပ်ဖူးအသစ်ကို တပ်ဆင်ထားတာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးကျည် စမ်းသပ်မှုတွေကို နှစ်လလောက် ရပ်နားထားရာကနေ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တောင်ကိုရီးယားကို ရောက်ရှိနေချိန် ဇန်နဝါရီ ၆ ရက်နေ့မှာ ဒုံးကျည် စမ်းသပ်မှု ပြန်လည် လုပ်ဆောင်ခဲ့တာပါ။

ဟိုက်ပါဆောနစ် စံသတ်မှတ်ချက်မှာ ရှိနေတဲ့ ဒုံးကျည်တွေဟာ အနည်းဆုံး အသံထက် ၅ ဆ ပိုမြန်အောင် ပျံသန်းနိုင်ပြီး ကြားဖြတ်ဟန့်တား ပစ်ချဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲပါတယ်။

အတည်မပြုနိုင်ပေမယ့် မြောက်ကိုရီးယား အစိုးရ မီဒီယာကတော့ နောက်ဆုံး စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ဟာ အသံထက် ၁၂ ဆပိုမြန်ခဲ့ပြီး ကီလိုမီတာ ၁၅၀၀ လောက် ခရီးပေါက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းမှာတော့ တောင်ကိုရီးယား စစ်တပ်က အဲဒီဒုံးကျည်ဟာ ကီလိုမီတာ ၁၁၀၀ လောက် ပျံသန်းပြီးမှ ပင်လယ်ထဲ ကျဆင်းသွားခဲ့ကြောင်း ကြေညာထားပါတယ်။ ပြီးတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုဟာ အတိအလင်း ရန်စမှု တစ်ခုအဖြစ် တောင်ကိုရီးယားက ရှုတ်ချခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဟိုက်ပါဆောနစ် အမျိုးအစားလို့ ကြွေးကြော်ထားတဲ့ ဒုံးကျည် စမ်းသပ်မှုမျိုးကို အရင်ကလည်း လုပ်ဆောင်ခဲ့ဖူးပါတယ်။ အစိုးရပိုင် KCNA သတင်းစာက ဖော်ပြထားတဲ့ ဓာတ်ပုံ မှတ်တမ်းတွေအရ ဇန်နဝါရီ ၆ ရက်နေ့က စမ်းသပ်တဲ့ ဒုံးကျည်ဟာ ဧပြီလတုန်းက ပစ်လွှတ်ခဲ့ဖူးတဲ့ အမျိုးအစားနဲ့ တူညီတာကို တွေ့ရပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားကတော့ အဲဒီဒုံးကျည်ဟာ ပျံသန်းမှုနဲ့ လမ်းညွှန်စနစ်တွေကို ပိုမို အဆင့်မြှင့်ထားပြီး ကာဘွန်ဖိုင်ဘာနဲ့ တည်ဆောက်ထားတဲ့ အင်ဂျင်ကို ပြောင်းလဲ အသုံးပြုထားတဲ့ ဒုံးကျည်အသစ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။

မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် ဒုံးကျည် စမ်းသပ်ခဲ့တာဟာ နိုဝင်ဘာ လတုန်းကဖြစ်ပြီး အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက်အလိုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၅ ခုနှစ်မှာ ပထမဆုံး တိုက်ချင်းပစ် ဒုံးကျည် ပစ်ခတ်မှုကို မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားမှာ သမ္မတကို ဖမ်းဆီးဖို့ အားထုတ်ပြီး အရှုပ်အထွေး ဖြစ်နေတဲ့အပေါ် မြောက်ကိုရီးယားက လှောင်ပြောင်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားကို ကူညီပြီး ယူကရိန်းကို တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သည် အနည်းဆုံး ၁၀၀ လောက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ တောင်ကိုရီးယား လွှတ်တော် အမတ် တစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို သူပုန်ဂိုဏ်းခေါင်းဆောင်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက သုံးနှုန်းသွားခဲ့ပါတယ်။