Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည် အမျိုးအစားသစ် စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်

အခုသီတင်းပတ်မှာ စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ တာလတ်ပစ် ဒုံးကျည်ဟာ ဟိုက်ပါဆောနစ် ထိပ်ဖူးအသစ်ကို တပ်ဆင်ထားတာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

အခုသီတင်းပတ်မှာ စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ တာလတ်ပစ် ဒုံးကျည်ဟာ ဟိုက်ပါဆောနစ် ထိပ်ဖူးအသစ်ကို တပ်ဆင်ထားတာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးကျည် စမ်းသပ်မှုတွေကို နှစ်လလောက် ရပ်နားထားရာကနေ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တောင်ကိုရီးယားကို ရောက်ရှိနေချိန် ဇန်နဝါရီ ၆ ရက်နေ့မှာ ဒုံးကျည် စမ်းသပ်မှု ပြန်လည် လုပ်ဆောင်ခဲ့တာပါ။

ဟိုက်ပါဆောနစ် စံသတ်မှတ်ချက်မှာ ရှိနေတဲ့ ဒုံးကျည်တွေဟာ အနည်းဆုံး အသံထက် ၅ ဆ ပိုမြန်အောင် ပျံသန်းနိုင်ပြီး ကြားဖြတ်ဟန့်တား ပစ်ချဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲပါတယ်။

အတည်မပြုနိုင်ပေမယ့် မြောက်ကိုရီးယား အစိုးရ မီဒီယာကတော့ နောက်ဆုံး စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ဟာ အသံထက် ၁၂ ဆပိုမြန်ခဲ့ပြီး ကီလိုမီတာ ၁၅၀၀ လောက် ခရီးပေါက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းမှာတော့ တောင်ကိုရီးယား စစ်တပ်က အဲဒီဒုံးကျည်ဟာ ကီလိုမီတာ ၁၁၀၀ လောက် ပျံသန်းပြီးမှ ပင်လယ်ထဲ ကျဆင်းသွားခဲ့ကြောင်း ကြေညာထားပါတယ်။ ပြီးတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုဟာ အတိအလင်း ရန်စမှု တစ်ခုအဖြစ် တောင်ကိုရီးယားက ရှုတ်ချခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဟိုက်ပါဆောနစ် အမျိုးအစားလို့ ကြွေးကြော်ထားတဲ့ ဒုံးကျည် စမ်းသပ်မှုမျိုးကို အရင်ကလည်း လုပ်ဆောင်ခဲ့ဖူးပါတယ်။ အစိုးရပိုင် KCNA သတင်းစာက ဖော်ပြထားတဲ့ ဓာတ်ပုံ မှတ်တမ်းတွေအရ ဇန်နဝါရီ ၆ ရက်နေ့က စမ်းသပ်တဲ့ ဒုံးကျည်ဟာ ဧပြီလတုန်းက ပစ်လွှတ်ခဲ့ဖူးတဲ့ အမျိုးအစားနဲ့ တူညီတာကို တွေ့ရပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားကတော့ အဲဒီဒုံးကျည်ဟာ ပျံသန်းမှုနဲ့ လမ်းညွှန်စနစ်တွေကို ပိုမို အဆင့်မြှင့်ထားပြီး ကာဘွန်ဖိုင်ဘာနဲ့ တည်ဆောက်ထားတဲ့ အင်ဂျင်ကို ပြောင်းလဲ အသုံးပြုထားတဲ့ ဒုံးကျည်အသစ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။

မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် ဒုံးကျည် စမ်းသပ်ခဲ့တာဟာ နိုဝင်ဘာ လတုန်းကဖြစ်ပြီး အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက်အလိုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။