Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံ ရေပိုင်နက် အလွန်မှာ တရုတ် စစ်ရေး လှုပ်ရှားမှုတွေ ထူထပ်နေတယ်လို့ ထိုင်ဝမ်ပြော

နိုင်ငံရဲ့ ကမ်းလွန်ရေပြင်မှာ တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ ဆက်တိုက် ထူထပ်လာနေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့ ကမ်းလွန်ရေပြင်မှာ တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ ဆက်တိုက် ထူထပ်လာနေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်ဝမ် အနောက်တောင်ဖက် ကမ်းလွန် ပင်လယ်ပြင်ထဲမှာ တရုတ်စစ်တပ်ရဲ့ လေယာဉ်တွေနဲ့ ရေယာဉ်တွေ လှုပ်ရှားမှုက ပိုမို မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

တရုတ် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုအတွက် အင်အားစုစည်းနေတယ်လို့ ယူဆရပေမယ့် ခဲယမ်းမီးကျောက် အစစ်တွေ အသုံးပြု ပစ်ခတ်တာတော့ မရှိသေးဘူးလို့ ထိုင်ဝမ်က ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့တုန်းကတော့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ် ရေယာဉ်တွေနဲ့ လေယာဉ်တွေဟာ ကျည်အစစ်တွေ အသုံးပြု ပစ်ခတ်လာနိုင်တဲ့ စစ်ရေးလေ့ကျင့်မှု ဇုန်တစ်ခုကို ထိုင်ဝမ် အနောက်တောင်ဖက် ကမ်းလွန်ရေပြင်မှာ သတ်မှတ်နေဟန်ရှိကြောင်း စွပ်စွဲ ပြောကြားထားခဲ့ပါတယ်။

ထိုင်ဝမ် အစိုးရက တရုတ်ရေတပ်ရဲ့ လှုပ်ရှားမှုဟာ ရန်လို ခြိမ်းခြောက်တဲ့ လုပ်ရပ်တစ်ခုလို့ ရှုတ်ချခဲ့သလို ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေး ကဏ္ဍတွေကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်း တဝိုက် ရေပြင်မှာ လှုပ်ရှားနေတဲ့ တရုတ် စစ်သင်္ဘော ၁၄ စီးနဲ့ စစ်လေယာဉ် ၄၅ စီးကို ထောက်လှမ်း တွေ့ရှိခဲ့သလို ထိုင်ဝမ်ကမ်းလွန် ၇၄ ကီလိုမီတာလောက် အကွာမှာ စစ်ရေးလေ့ကျင့်မှု ဇုန်တစ်ခုကို တရုတ်က ပုံဖော် သတ်မှတ်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။

ပြီးတော့ တရုတ်က သတ်မှတ်ထားဟန်ရှိတဲ့ စစ်ရေးလေ့ကျင့်မှု ဇုန်ဟာ ၃၇ ကီလိုမီတာကျယ်ပြီး ၁၃၀ ကီလိုမီတာ ရှည်လျားတယ်လို့ ဆိုပါတယ်။

အခုထိတော့ ထိုင်ဝမ်ရေပိုင်နက်ရဲ့ အလွန်မှာ တရုတ်က လက်နက်ခဲယမ်း ကျည်အစစ်တွေ အသုံးပြုပြီး စစ်ရေး လေ့ကျင့်တာ မတွေ့သေးကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ် နှစ်ဦးက Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ အဲဒီလို စစ်ရေးလေ့ကျင့် ဖြန့်ကျက်မှုတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တောင်တရုတ်ပင်လယ်ရေပြင်၊ ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကို ပိုင်းခြားထားရာ တက်စ်မန် ပင်လယ် ရေပြင်တွေမှာ အကောင်အထည် ဖော်ခဲ့ပါတယ်။

တရုတ် အစိုးရကတော့ ထိုင်ဝမ် ရေပိုင်နက်အလွန်မှာ စစ်ရေးလေ့ကျင့်ဖို့ စီစဉ်နေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ဘာမှတ်ချက်ပေး တုံ့ပြန်မှုမှ မရှိသေးပါဘူး။

ဒီမိုကရေစီ ထွန်းကားပြီး ကိုယ်ပိုင် အုပ်ချုပ်မှုနဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ဟာ သီးခြားလွတ်လပ်ခွင့်ကို လိုလားပေမယ့် တရုတ်ကတော့ ထိုင်ဝမ်ကျွန်းကို နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက်သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်ပြီးတာနဲ့ ခပ်မြန်မြန် နေရာပြောင်းရွှေ့ပြီး ခြေရာဖျောက်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ထိုင်ဝမ်က လေ့ကျင့်ရေးအတွက် ပစ်ခတ်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ကျွန်းငယ်တွေမှာ ကင်းလှည့်တာဝန်ယူဖို့ ရည်ရွယ်တည်ဆောက်ထားတဲ့ စက်ရုပ်ခွေးတွေကို ထိုင်ဝမ်စစ်တပ်က မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ရေး မစ်ရှင်အတွင်း ထိုင်ဝမ်စစ်တပ်ရဲ့ အမောင်းသင် လေယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် ၂ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် အရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သဘောထား ကွဲလွဲမှုတွေဟာ အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယား တင်းမာမှု အဆင့်ထိ ရောက်ရှိသွားစေနိုင်ကြောင်း ထိပ်တန်း ကာကွယ်ရေး သုတေသန အဖွဲ့တစ်ခုက သတိပေးခဲ့ပါတယ်။