Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယားမှာ အာဆတ် သစ္စာတော်ခံတွေနဲ့ တော်လှန်ရေး အစိုးရတပ်တွေ တိုက်ပွဲဖြစ်၊ ၇၀ ထက်မနည်းသေ

ဆီးရီးမှာ သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ကို သစ္စာခံသူတွေနဲ့ လက်ရှိ တော်လှန်ရေး ညွန့်ပေါင်းအစိုးရ တပ်တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး အနည်းဆုံး လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆီးရီးမှာ သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ကို သစ္စာခံသူတွေနဲ့ လက်ရှိ တော်လှန်ရေး ညွန့်ပေါင်းအစိုးရ တပ်တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး အနည်းဆုံး လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က လက်တာကီရာနဲ့ တာတူစ် ဆိပ်ကမ်းမြို့တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အာဆတ်အစိုးရ ပြုတ်ကျအပြီး ဆီးရီးယားမှာ ကြုံတွေ့ရတဲ့ အဆိုးရွားဆုံး သွေးချောင်းစီး စစ်ရေး ပဋိပက္ခတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။

ဆီးရီးယားကို နှစ်ရှည်လများ အုပ်ချုပ်ခဲ့တဲ့ အာဆတ်ဟာ ဒီဇင်ဘာလတုန်းက တော်လှန်ရေး အင်အားစုတွေ မြို့တော် ဒမတ်စကက်ကို သိမ်းယူလိုက်တဲ့နောက် ရုရှားနိုင်ငံကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဆီးရီးယားမှာတော့ သူ့ကို သစ္စာခံတဲ့ အင်အားစုတွေ ကြွင်းကျန်နေဆဲပါ။

အခုသီတင်းပတ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့နောက် တော်လှန်ရေး ညွန့်ပေါင်း အစိုးရဟာ လက်တာကီရာနဲ့ တာတူစ် မြို့တွေမှာ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်ထားလိုက်ပါတယ်။ လက်တာကီရာမှာ စစ်ဆင်ရေး ကိစ္စတစ်ခုအတွက် ရောက်ရှိနေတဲ့ တော်လှန်ရေး အစိုးရ တပ်တွေ ချုံခိုတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီး မြို့နှစ်မြို့မှာ တိုက်ပွဲတွေ စတင်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီမြို့တွေ တည်ရှိရာ ကမ်းရိုးတန်း ဒေသမှာ အလာဝစ်ထ် မျိုးနွယ်စုတွေ အများစု နေထိုင်ကြပြီး အာဆတ် မိသားစုကို ထောက်ခံသူတွေ ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း အသေအပျောက် ပမာဏ ဘယ်လောက် များပြားသလဲ ဆိုတာနဲ့ ပတ်သက်လို့ သတင်းတွေ အမျိုးမျိုး ကွဲပြားနေပေမယ့်လည်း အာဆတ် ဘက်တော်သားတွေ ၇၀ လောက်သေပြီး ၂၅ ယောက်လောက် အဖမ်းခံရတယ်လို့ ဆီးရီးယား အခြေစိုက် Step သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တော်လှန်ရေး အစိုးရဖက်က အသေအပျောက်ကိုတော့ လောလောဆယ် မသိရသေးပါဘူး။

တိုက်ပွဲတွေဟာ ဆီးရီးယားရဲ့ တခြားမြို့ကြီးတွေဖြစ်တဲ့ ဟုမ်စ်နဲ့ အေလက်ပိုတို့မှာလည်း ဖြစ်ပွားနေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆီးရီးယား ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ဟာဆန် အက်ဘ်ဒူ ဂါနီက အာဆတ်ကို သစ္စာခံတဲ့ လက်နက်ကိုင် တပ်တွေ အနေနဲ့ ခေါင်းမမာသင့်ဘဲ လက်နက်ချ အညံ့ခံသင့်ပြီလို့ သတိပေးခဲ့ပါတယ်။ လူသတ်သမားတွေ၊ ရာဇဝတ်ကောင်တွေကို သစ္စာစောင့်သိပြီး အကာအကွယ် ပေးနေမယ့်အစား လက်နက်ချတာ အကောင်းဆုံး ဖြစ်နိုင်ကြောင်း၊ ခေါင်းမာနေရင်တော့ ကြမ္မာငင်မယ့် လမ်းကြောင်းဆီ မလွဲမသွေ ဦးတည်မှာဖြစ်ကြောင်း သူက ပြောပါတယ်။

လတ်တလောမှာ တိုက်ပွဲတွေ ပြင်းထန်နေရာ ကမ်းရိုးတန်း ဧရိယာတွေဟာ ယာယီ သမ္မတ အာမက်ဒ် အယ်လ်ရှာရာ ဦးဆောင်တဲ့ ကြားကာလ တော်လှန်ရေး အစိုးရ အတွက်တော့ ခေါင်းခဲစရာ နယ်မြေတစ်ခုလည်း ဖြစ်လာနေခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ထားမှုကနေ ပြန်လည် ရုပ်သိမ်းပေးမယ်လို့ အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကက် မြို့တော်မှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန် တည်းခိုနေတဲ့ ဟိုတယ်နားမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံမှာ ဝတ်ပြုသူတွေ စည်ကားနေချိန် ဗလီတစ်ခုကို ပစ်မှတ်ထား ဗုံးခွဲမှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

ဆီးရီးယား သမ္မတရဲ့ သမိုင်းဝင် အိမ်ဖြူတော် အလည်အပတ် ခရီးစဉ်အပြီး အမေရိကန်ဟာ ဆီးရီးယားအပေါ် အရေးယူ ပိတ်ဆို့ထားမှု တချို့ကို စတင် ဆိုင်းငံ့ ဖြေလျှော့ပေးကြောင်း ကြေညာခဲ့ပါတယ်။