Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတဟောင်း ကနေဒီ လုပ်ကြံခံရမှု စုံစမ်းစစ်ဆေးရေး မှတ်တမ်းတွေကို ထရမ့် အမိန့်နဲ့ ထုတ်ပြန်

အမေရိကန် သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ လုပ်ကြံခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု မှတ်တမ်းတွေကို လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ လုပ်ကြံခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု မှတ်တမ်းတွေကို လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

တက္ကဆက်စ် ပြည်နယ် သမိုင်းကြောင်းမှာ ချောက်ချားစရာ အကောင်းဆုံး နိုင်ငံရေး လုပ်ကြံမှုကြီးရဲ့ ၁၉၆၃ ခုနှစ်တုန်း ဖြစ်စဉ်မှာ ဘာတွေ ကြုံတွေ့ခဲ့သလဲ ဆိုတာကို အဲဒီ မှတ်တမ်းတွေက ပိုပြီး ပွင့်လင်းမြင်သာမှုရှိစွာ လူထုကို အသိပေး တင်ပြနိုင်မယ်လို့ ထရမ့်က ဆိုပါတယ်။

ထရမ့်က ကနေဒီ လုပ်ကြံခံရမှုကို ပြည်သူတွေဆီ ပိုပြီး ပွင့်ပွင့်လင်းလင်း အသိပေးနိုင်အောင် လုပ်ဆောင်သွားမယ် ဆိုတာကို ရွေးကောက်ပွဲကြို ကတိတစ်ခုအဖြစ် ပေးခဲ့ဖူးပြီး အခုတော့ အဲဒီကတိကို တည်စေခဲ့တာပါ။

မတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၈၀၀၀၀ ပါ မှတ်တမ်း အစီရင်ခံစာထဲမှာ ကိစ္စပေါင်းစုံ ပါဝင်နေကြောင်း၊ ဖတ်ရှုကြည့်ပြီး ကိုယ်တိုင် ပိုင်းခြား ဆုံးဖြတ်မှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၁၉၆၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့က တက္ကဆက်စ်မှာရှိတဲ့ ဒီရယ်လီ ပလာဇာမှာ ကနေဒီကို လုပ်ကြံခဲ့မှုကို သေနတ်သမား တစ်ဦးတည်းက ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ လီဟာဗေး အော့စ်ဝဲလ်ဆိုတဲ့ သေနတ်သမားဟာ အမိုးဖွင့် ကားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ကနေဒီကို ပစ်ခတ် လုပ်ကြံခဲ့တာ ဖြစ်ပြီး ကနေဒီရဲ့ ဦးခွံနဲ့ လည်ပင်းတို့မှာ ကျည်ဆန် နှစ်ချက် ထိမှန်ပြီး ကွယ်လွန်ခဲ့ပါတယ်။

အော့စ်ဝဲလ်ဟာလည်း လုပ်ကြံမှုအပြီး ၂ ရက်အကြာ ရဲအစောင့်အရှောက်မှာ ရှိနေစဉ် အတောအတွင်း အကျဉ်းထောင် အကူးအပြောင်းမှာ နောက်ထပ် သေနတ်သမား တစ်ဦးရဲ့ အနီးကပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။ အဲဒီ ဖြစ်ရပ်တွေက လုပ်ကြံမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရှုပ်ထွေးမှုတွေ ကြုံတွေ့စေခဲ့သလို ချဲ့ကားထားတဲ့ ထင်ကြေး သီအိုရီ အများအပြားကို ထွက်ပေါ်စေခဲ့ပါတယ်။

ထရမ့်က ကနေဒီရဲ့ ညီဖြစ်သူ အထက်လွှတ်တော် အမတ်ဟောင်း ရောဘတ် ကနေဒီနဲ့ လူမှု အခွင့်အရေး တက်ကြွလှုပ်ရှားမှု ခေါင်းဆောင် မာတင်လူသာကင်းတို့ လုပ်ကြံခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု မှတ်တမ်းတွေကိုပါ ထုတ်ပြန်သွားမယ်လို့ ကတိပေးထားပါတယ်။ အဲဒီပုဂ္ဂိုလ် နှစ်ယောက်စလုံးဟာ ၁၉၆၈ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိပ်တန်း စစ်ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ရုရှား လုံခြုံရေး အရာရှိတွေက သံသယရှိသူ တစ်ဦးကို ဖမ်းဆီးထားလိုက်ကြောင်း သိရပါတယ်။