Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားစစ်တပ်အတွက် တပ်သားသစ် ၁၆၀၀၀၀ ဖြည့်တင်းခေါ်ယူဖို့ ပူတင် ညွှန်ကြား

နှစ်ပေါင်း အတော်များများ ကာလအတွင်း ရုရှားရဲ့ အကြီးမားဆုံး တပ်အင်အား ချဲ့ထွင်မှုအတွက် သမ္မတ ဗလာဒီမာ ပူတင်က တပ်သားသစ်တွေ ခေါ်ယူဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

နှစ်ပေါင်း အတော်များများ ကာလအတွင်း ရုရှားရဲ့ အကြီးမားဆုံး တပ်အင်အား ချဲ့ထွင်မှုအတွက် သမ္မတ ဗလာဒီမာ ပူတင်က တပ်သားသစ်တွေ ခေါ်ယူဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

ပူတင်က ညွှန်ကြားခဲ့တဲ့ အစီအစဉ် အသစ်အရ အသက် ၁၈ နှစ်နဲ့ ၃၀ ကြား စစ်သားသစ် ၁၆၀၀၀၀ ကို ဖြည့်တင်း ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၁ နောက်ပိုင်း ရုရှား စစ်တပ်ရဲ့ အကြီးမားဆုံး လူသစ်စုဆောင်းမှု စီမံကိန်း ဖြစ်လာမှာပါ။

ပူတင်က ရုရှားဟာ ရှိရင်းစွဲ အမြဲတမ်း စစ်မှုထမ်းအင်အား ၁.၅ သန်းကို ၂.၃၉ သန်းထိ တိုးမြှင့် ဖွဲ့စည်းသင့်တယ်လို့ ပြောကြားခဲ့ပြီး လပိုင်းအကြာမှာ အခုအစီအစဉ်ကို စတင် ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ဒုတိယ သေနာပတိ ဗလာဒီမာ ဆင်မီယန်စကီးက တပ်သားသစ်တွေဟာ ယူကရိန်း ရှေ့တန်းစစ်မျက်နှာတွေဆီ စေလွှတ်ခံရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့လည်း ကျူးကျော်စစ်ပွဲ အစပိုင်းတုန်းက စစ်မှုမထမ်းမနေရ အမိန့်ကြေညာပြီး တပ်သားသစ် စုဆောင်းခံရသူတွေထဲက တချို့ဟာ ယူကရိန်း ရှေ့တန်းစစ်မြေပြင်ဆီ ပို့ဆောင်ခံရပြီး သေကြေဒဏ်ရာရတဲ့ သတင်းတွေ ရှိခဲ့ဖူးပါတယ်။

အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ ရုရှားနဲ့ ယူကရိန်းတို့ဟာ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို အပြန်အလှန် တိုက်ခိုက်တာမျိုးကနေ ရှောင်ရှားဖို့ ကတိပြုထားပေမယ့် နိုင်ငံတောင်ပိုင်း ခါဆွန်မြို့က ဓာတ်အားပေး စင်တာ တစ်ခုကို ရုရှားက ပစ်မှတ်ထားခဲ့တာကြောင့် လူပေါင်း ၄၅၀၀၀ ကျော် လျှပ်စစ်မီးမရတဲ့ အခြေအနေ ကြုံခဲ့တယ်လို့ ဧပြီ ၁ ရက်နေ့မှာ ယူကရိန်းက စွပ်စွဲ ပြောကြားထားပါတယ်။

ရုရှားဟာ နွေဦးနဲ့ ဆောင်းဦးကာလတွေမှာ စစ်မှုထမ်းအမိန့်နဲ့ လူငယ်တွေကို ဆင့်ခေါ်လေ့ ရှိပါတယ်။ လက်ရှိ နွေဦးကာလ တပ်သားသစ် စုဆောင်းမှုဟာ ၂၀၂၄ ခုနှစ်၊ တူညီတဲ့ ကာလတုန်းကထက် အရေအတွက် ၁၀၀၀၀ ပိုများပါတယ်။

အရင်တုန်းက စစ်မှုထမ်း ခေါ်ယူတဲ့ အသက်အရွယ်ကို ၁၈ နှစ်ကနေ ၂၇ နှစ်လို့ သတ်မှတ်ထားပေမယ့် ၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး ၁၈ နှစ်ကနေ ၃၀ ထိလို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ နွေဦးပေါက် စစ်မှုထမ်းသစ်တွေ ခေါ်ယူဖို့ လျာထားခံရသူတွေဆီ အကြောင်းကြားစာတွေ စတင် ပေးပို့ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သုံးနှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ ယူကရိန်း စစ်ပွဲမှာ ရုရှားတပ်တွေ အများအပြား ထိခိုက် သေကြေခဲ့ပြီး BBC သတင်းဌာနရဲ့ အတည်ပြုနိုင်တဲ့ စာရင်းတွေအရ ရုရှားစစ်သား ၁ သိန်းကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အသေအပျောက် ကိန်းဂဏန်းဟာ အဲဒီထက် နှစ်ဆလောက်ထိ မြင့်တက်နိုင်ခြေလည်း ရှိနေတယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။