Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်က ပြိုကျ အဆောက်အအုံမှာ အရည်အသွေး စံချိန်မမီတဲ့ သံမဏိ နမူနာ ရှာတွေ့

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဆောက်လက်စ တိုက်ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို စစ်ဆေးခဲ့တဲ့နောက် အရည်အသွေး မပြည့်မီတဲ့ သံမဏိတိုင်တွေ ပါဝင်နေတယ်ဆိုတဲ့ အထောက်အထား တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဆောက်လက်စ တိုက်ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို စစ်ဆေးခဲ့တဲ့နောက် အရည်အသွေး မပြည့်မီတဲ့ သံမဏိတိုင်တွေ ပါဝင်နေတယ်ဆိုတဲ့ အထောက်အထား တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၈ ရက်နေ့က အိမ်နီးချင်း မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြီးကြောင့် ဘန်ကောက်မှာရှိတဲ့ ဆောက်လက်စ အထပ် ၃၀ တိုက်တစ်လုံး ပြိုကျခဲ့ပါတယ်။ နောက်ထပ် ၂ ရက်အကြာမှာတော့ အဆောက်အအုံ အပျက်အစီးပုံ နေရာက နမူနာ တချို့ကို တာဝန်ရှိသူတွေက ယူဆောင်ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဧပြီ ၂ ရက်နေ့ ကြေညာချက်မှာတော့ ကနဦး စုဆောင်းရယူလာခဲ့တဲ့ နမူနာတွေထဲမှာ သတ်မှတ် စံချိန်စံညွှန်း အရည်အသွေး မပြည့်မီတဲ့ သံမဏိမျိုး ပါနေတဲ့ အထောက်အထားကို တွေ့ရှိထားတယ်လို့ ပါရှိခဲ့ပါတယ်။

စက်မှုဝန်ကြီးဌာန အရာရှိတွေဟာ အပျက်အစီးပုံအောက်က နမူနာတွေကို ရယူပြီး ထိုင်းသံနှင့် သံမဏိဌာနမှာ ဓာတ်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဆောက်အအုံအတွက် သံနဲ့ သံမဏိတွေ တင်သွင်းတဲ့ ကုမ္ပဏီ သုံးခုထဲက တစ်ခုရဲ့ နမူနာတွေဟာ သတ်မှတ် စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာ ဝန်ကြီးဌာန အရာရှိ တစ်ဦးဖြစ်တဲ့ သီတီပက်စ် ချိုတီဒက်ချာချိုင်နန်က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသားပိုင် အဲဒီကုမ္ပဏီဟာ စုံစမ်းစစ်ဆေးမှုတွေ ခံရပြီးတဲ့နောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက အပိတ်ခံထားရတယ်လို့ သီတီပက်စ်က ဆိုပါတယ်။ ပြိုကျ အဆောက်အအုံမှာ အသုံးပြုထားတဲ့ အဲဒီ သံမဏိတွေကတော့ ကုမ္ပဏီ မပိတ်ခင် စျေးကွက်ထဲ ရောက်နေတာတွေ ဖြစ်နိုင်ကြောင်း သီတီပက်စ်က မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီ အဆောက်အအုံကို လွန်ခဲ့တဲ့ ၅ နှစ်လောက်က စတင် ဆောက်လုပ်ခဲ့တာလို့ သိရပါတယ်။

နောက်ထပ် ကုမ္ပဏီ နှစ်ခုက တင်သွင်းထားတဲ့ သံမဏိ နမူနာတွေမှာတော့ ဘာပြဿနာမှ မတွေ့ခဲ့ဘူးလို့ သူက ဆိုပါတယ်။ ဒါပေမဲ့ နောက်ထပ် စစ်ဆေးမှုတွေ ထပ်လုပ်လို့ အပြစ်အနာအဆာ တစ်ခုခု ရှာတွေ့တာနဲ့ စက်ရုံတွေကို ဝင်စစ်မယ်လို့လည်း သီတီပက်စ်က သတိပေးသွားပါတယ်။

စုံစမ်းရေး အဖွဲ့ဟာ ပြိုကျ အဆောက်အအုံမှာ သုံးပြုခဲ့တဲ့ သံမဏိချောင်းတွေ၊ ဓာတ်ကြိုးတွေ၊ ရာဘာတွေကို အဓိက နမူနာတွေ စုဆောင်းယူပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

ငလျင်ကြောင့် ဘန်ကောက်မှာ ဖြစ်ပွားတဲ့ အဆောက်အအုံ ပြိုကျမှုကြောင့် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၇ ဦး အသေအပျောက် စာရင်းရထားပြီး ပျောက်ဆုံးနေသူ ၇၂ ဦးကိုလည်း ကယ်ဆယ်ရေးတွေက ဖြန့်ကျက် ရှာဖွေနေပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။