Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်နယ် အုပ်ချုပ်ရေးမှူး နေအိမ်ကို မီးရှို့ခဲ့သူကို ပင်ဆယ်လ်ဗေးနီးယား ရဲတပ်ဖွဲ့ ဖမ်းဆီး

အမေရိကန်မှာ ပြည်နယ် အုပ်ချုပ်ရေးမှူး တစ်ဦးရဲ့ နေအိမ်ကို မီးရှို့ခဲ့တဲ့ အမျိုးသားကို ရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်မှာ ပြည်နယ် အုပ်ချုပ်ရေးမှူး တစ်ဦးရဲ့ နေအိမ်ကို မီးရှို့ခဲ့တဲ့ အမျိုးသားကို ရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ပင်ဆယ်လ်ဗေးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျော့ရှ် ရှာပီရိုရဲ့ နေအိမ်ကို အသက် ၃၈ နှစ်အရွယ် ကိုဒီဘယ်လ်မာက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ သူ့ရဲ့ လုပ်ရပ်ကြောင့် အိမ်အတွင်းပိုင်း အခန်းတချို့ ဆိုးဆိုးရွားရွား မီးလောင်ကျွမ်း ပျက်စီးသွားကြောင်း ရဲတွေက ပြောပါတယ်။

အခုတော့ ဘယ်လ်မာဟာ ဖမ်းဆီးခံထားရပြီး သူ့ကို မီးရှို့မှု၊ လူသတ်ရန် ကြံစည်မှု၊ အကြမ်းဖက်မှု၊ ရန်လိုတိုက်ခိုက်မှုတွေနဲ့ စွဲချက်တင်ဖို့ စီစဉ်နေပါတယ်။ ရှာပီရိုဟာ နောင်တစ်ချိန်မှာ အမေရိကန် သမ္မတ နေရာကို ရည်မှန်းနိုင်သူ တစ်ဦးလို့တောင် ထင်ကြေးပေးခံနေရသူ ဖြစ်ပါတယ်။ သူဟာ ဧပြီ ၁၂ ရက်နေ့ ညကြီးသန်းခေါင်မှာ လုံခြုံရေး ဝန်ထမ်းတွေက အရေးတကြီး တံခါးလာခေါက်လို့ လန့်နိုးသွားခဲ့ပြီး ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု နိုင်ငံရေးသမားက နောက်တစ်နေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သူကြုံခဲ့တဲ့ အထိတ်တလန့် အချိန်ပိုင်းအတွက် တုန်လှုပ်မိနေဆဲလို့ ပြောကြားခဲ့ပါတယ်။ သူနဲ့ မိသားစုက အန္တရာယ်ကင်းကင်း အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့ပေမယ့် အိမ်ကတော့ တော်တော်ပျက်စီးသွားတယ်လို့လည်း ရှာပီရိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြည်နယ်မြို့တော် ဟာရစ်စ်ဘက်ဂ်မှာပဲ သံသယ တရားခံ ဘယ်လ်မာကို ဖမ်းမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ကော်မရှင်နာ ဂျော့ဂျ် ဘီဗန်စ်က ပြောပါတယ်။ အဖမ်းခံရချိန် ဘယ်လ်မာဆီမှာ လက်လုပ် လောင်စာဗုံး တစ်ခုကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ သူက အတည်ပြုခဲ့ပါတယ်။

ရဲတွေက ဘယ်လ်မာဟာ အိမ်တော် စည်းရိုး တစ်နေရာကနေ ကျော်ဝင်နိုင်ခဲ့ပြီး အိမ်နားထိ ချဉ်းကပ်ပြီးတဲ့နောက် မီးရှို့မှုကို ကျူးလွန်ခဲ့တယ်လို့ ယူဆထားပြီး အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေဆဲပါ။

အစောပိုင်းတုန်းက ရဲတွေဟာ သံသယ တရားခံကို ဖမ်းမိရင် ဒေါ်လာ ၁၀၀၀၀ ဆုကြေးငွေ ပေးမယ်လို့ ကြေညာခဲ့ပြီး ဘယ်လ်မာ အဖမ်းခံရမှုဟာ အဲဒီဆုကြေးငွေနဲ့ ဆက်စပ်တဲ့ သတင်းပေးမှု တစ်ခုခုကြောင့်လား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဘယ်လ်မာက ဘာကြောင့် အခုလို မီးရှို့မှုကို ကျူးလွန်သလဲ ဆိုတဲ့ အကြောင်းရင်းကိုလည်း စစ်ဆေး မေးမြန်းနေဆဲပါ။

အိမ်တော်မှာတော့ ပြည်နယ် အုပ်ချုပ်ရေးမှူးဟာ ဇနီးဖြစ်သူ လော်ရီ၊ သားသမီး ၄ ဦးတို့နဲ့အတူ နေထိုင်နေခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။