Connect with us

Hi, what are you looking for?

နိုင်ငံတကာ

AIနဲ့ ဖန်တီးထားတဲ့ မဖွယ်မရာ ဓာတ်ပုံတွေ ရောင်းချမှုကို ဂျပန်မှာ ပထမဆုံးအကြိမ် အရေးယူ

ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြု ဖန်တီးထားတဲ့ မဖွယ်မရာ ပုံရိပ်တွေ ရောင်းစားနေသူ ၄ ဦးကို ဂျပန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒါဟာ ဂျပန်မှာတော့ အဲဒီလို ကိစ္စမျိုးကို ပထမဆုံးအကြိမ် ဖြိုခွင်းလာမှု ဖြစ်ပါတယ်။

ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြု ဖန်တီးထားတဲ့ မဖွယ်မရာ ပုံရိပ်တွေ ရောင်းစားနေသူ ၄ ဦးကို ဂျပန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒါဟာ ဂျပန်မှာတော့ အဲဒီလို ကိစ္စမျိုးကို ပထမဆုံးအကြိမ် ဖြိုခွင်းလာမှု ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းတုန်းက အွန်လိုင်းပေါ်မှာ AI အသုံးပြု ပိုစတာတွေ ဖန်တီးပြီး ကြော်ငြာ ရောင်းချနေသူ ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ တိုကျို ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက AFPဆီ ပြောခဲ့ပါတယ်။

အဖမ်းခံရသူတွေဟာ အောက်တိုဘာလတုန်းက အဲဒီ ပုံတွေကို လေလံ ဝက်ဘ်ဆိုက် တချို့မှာ ရောင်းချခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလုပ်ရပ်ဟာ ရာဇဝတ်မှုမြောက်ပြီး ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ယန်းငွေ ၂.၅ သန်း (ဒေါ်လာ ၁၇၅၀၀ ဝန်းကျင်) ဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်တယ်လို့လည်း အဲဒီ ရဲအရာရှိက မှတ်ချက်ပေးသွားပါတယ်။

ရဲတွေက အကြောင်းအရာ အသေးစိတ်ကို ထုတ်မပြောပေမယ့် NHK သတင်းဌာနကတော့ အဲဒီ ၄ ဦးဟာ ပြင်ပလောကမှာ တကယ်မရှိတဲ့ အရွယ်ရောက်ပြီး အမျိုးသမီးတွေရဲ့ ဝတ်လစ်စားလစ် ပုံရိပ်တွေကို အခမဲ့ အသုံးပြုလို့ရတဲ့ AI softwareတွေနဲ့ ဖန်တီးပြီး ရောင်းချခဲ့ကြတာ ဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ AIနဲ့ ဖန်တီးထားတဲ့ ပုံတွေကို အသက် ၂၀ နဲ့ ၅၀ ကြားအရွယ် အမျိုးသားတွေက တစ်ပုံစီအတွက် ယန်းငွေ ထောင်ဂဏန်း (ဒေါ်လာ ၂၀ နဲ့ ၅၀ ကြားလောက်)နဲ့ ရောင်းချခဲ့တာလို့ သိရပါတယ်။

သတင်းတွေက ဒါဟာ ဂျပန်မှာ AIအသုံးပြု ဖန်တီးထားတဲ့ မဖွယ်မရာ ဓာတ်ပုံတွေနဲ့ ပတ်သက်တဲ့ ပထမဆုံး ဖမ်းဆီးမှုတွေလို့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေပေမယ့် ရဲတွေကတော့ သီးခြား အတည်မပြုခဲ့ပါဘူး။

Deepfakeလို့ခေါ်ပြီး လူတစ်ဦးရဲ့ မျက်နှာ၊ အသံတို့ကို ပုံတူအသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အသံဖိုင်တွေ အရမ်း အရည်အသွေး တိုးတက်လာတာဟာ AIခေတ်ရဲ့ စိုးရိမ်စရာ ပြဿနာ တစ်ခု ဖြစ်နေပါတယ်။ အဲဒီထဲကမှ အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ Deepfake ဗီဒီယို ၉၆ ရာခိုင်နှုန်းလောက်ဟာ ကာယကံရှင်ရဲ့ သဘောဆန္ဒ မပါဘဲ ပြုလုပ်ထားတဲ့ ညစ်ညမ်းပုံရိပ်မျိုးတွေ ဖြစ်နေတယ်လို့ ၂၀၁၉ ခုနှစ်တုန်းက နယ်သာလန် AI ကုမ္ပဏီ Sensityက သတိပေး ထုတ်ပြန်ခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။