Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်လို့ ၁၁ ဦး သေဆုံးခဲ့မှုရဲ့ ယာဉ်မောင်းကို စွဲချက်တင်

ပွဲတော်တစ်ခုမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့ပြီး လူတစ်ဒါဇင်နီးပါးကို အသက်ဆုံးရှုံးစေခဲ့တဲ့ အမျိုးသားကို ကနေဒါမှာ စွဲချက်တင်ထားလိုက်ပါတယ်။

Reuters

ပွဲတော်တစ်ခုမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့ပြီး လူတစ်ဒါဇင်နီးပါးကို အသက်ဆုံးရှုံးစေခဲ့တဲ့ အမျိုးသားကို ကနေဒါမှာ စွဲချက်တင်ထားလိုက်ပါတယ်။

ဗန်ကူးဗားမြို့မှာ ဖိလစ်ပိုင် အနွယ်ဝင်တွေက ပွဲတော်တစ်ခု ကျင်းပနေတဲ့အချိန် ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းတုန်းက အဲဒီလူအုပ်ထဲကို မြို့ခံ အမျိုးသား ကိုင်ဂျီ အဒမ်လိုက SUVကားတစ်စီးနဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်နဲ့ ၆၅ နှစ်ကြား လူ ၁၁ ဦး သေဆုံးခဲ့ပြီး နောက်ထပ် နှစ်ဒါဇင်လောက် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

စိတ်ကျန်းမာရေး ပြဿနာ နောက်ခံ အခြေအနေတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ အဒမ်လိုဟာ အခုအခါမှာတော့ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ် အစိုးရ ရှေ့နေတွေက လူသတ်မှုနဲ့ စွဲချက်တင်ခြင်းကို ခံထားရပြီ ဖြစ်ပါတယ်။ နောက်ထပ် စွဲချက် အသစ်တွေလည်း ရှိလာနိုင်သေးတယ်လို့ ဗန်ကူးဗား ရဲတပ်ဖွဲ့က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အဒမ်လိုဟာ အခင်းဖြစ်ပွားပြီး နောက်တစ်နေ့၊ ဧပြီ ၂၇ ရက်နေ့က တရားရုံးမှာ ပထမဆုံး ရုံးထုတ်တာ ခံခဲ့ရပါတယ်။ Reuters သတင်းဌာနက ရရှိခဲ့တဲ့ တရားရုံး မှတ်တမ်းတွေအရ အဒမ်လိုဟာ လုပ်ရပ်အတွက် ဝန်ခံခဲ့တာမျိုး မရှိဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အမှုကို စုံစမ်းနေတဲ့ အရာရှိတွေက ကျူးလွန်သူမှာ စိတ်ကျန်းမာရေး ပြဿနာ နောက်ခံ အခြေအနေတွေ ထင်ထင်ရှားရှား ရှိနေခဲ့တာကို အတည်ပြုထားပြီး အကြမ်းဖက် ဝါဒနဲ့ ဆက်စပ်တဲ့ အထောက်အထားတော့ လုံးဝ မတွေ့ရကြောင်း ပြောပါတယ်။

ဗန်ကူးဗား ရဲတပ်ဖွဲ့ ယာယီ အကြီးအကဲ စတိဗ်ရိုင်းက မြို့ရဲ့ သမိုင်းမှာ အမှောင်မိုက်ဆုံး ကာလတစ်ခုကို ကြုံတွေ့ခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အခြေအနေ အရမ်းစိုးရိမ်ရသူတွေ ပါဝင်နေပြီး လာမယ့် ရက်ပိုင်း၊ ဒါမှမဟုတ် သီတင်းပတ်တွေအတွင်း သေဆုံးစာရင်းက ဆက်လက် မြင့်တက်လာနိုင်ကြောင်းလည်း မှတ်ချက် ပေးထားပါတယ်။ နောက်ပြီး ဒေသခံ လူထုအတွက် စိုးရိမ်ရမယ့် နောက်ဆက်တွဲ ခြိမ်းခြောက်မှုမျိုး မရှိနိုင်ဘူးလို့ သူယုံကြည်ကြောင်းလည်း ရိုင်က ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့နောက် စုံစမ်းစစ်ဆေးမှုတွေမှာ ရဲတွေ၊ ဖက်ဒရယ် အာဏာပိုင်တွေ အင်အား ၁၀၀ ကျော်လောက် အလုပ်လုပ်နေပြီး ထိခိုက်ခံစားခဲ့ရသူတွေနဲ့ မိသားစုဝင်တွေအတွက်လည်း လူမှု အဖွဲ့အစည်းတွေက လိုအပ်တဲ့ အကူအညီတွေ ပေးအပ်နေတယ်လို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဇူလိုင် ၄ ရက်နေ့က ကမ္ဘာ့ဖလားရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေကို ပထမဆုံးအကြိမ် စတင်ယှဉ်ပြိုင်ခဲ့ပြီး နာမည်ကြီး ပြင်သစ် အသင်းက ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့သလို ပူးတွဲအိမ်ရှင် ကနေဒါကတော့ အာဖရိကထိပ်သီး မော်ရိုကို အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကို နှုတ်ဆက်သွားရပြီ ဖြစ်ပါတယ်။

သတင်း

တော်လှန် သဘင်ပညာရှင်တွေ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာ ဆေးတစက် ရုပ်ရှင်ကို ကနေဒါနိုင်ငံမှာ ပွဲဦးထွက်ပြသသွားမယ်လို့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ အောင်သော်က ပြောပါတယ်။

နိုင်ငံတကာ

တောင်အာဖရိက အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ယူခဲ့တဲ့နောက် ၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် ကနေဒါ အသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်ထိ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။