Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန်စွပ်စွဲ

အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ပဋိပက္ခ ဒုတိယမြောက်နေ့အဖြစ် မေလ ၈ ရက်နေ့မှာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရပါတယ်။

Reuters

အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ပဋိပက္ခ ဒုတိယမြောက်နေ့အဖြစ် မေလ ၈ ရက်နေ့မှာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရပါတယ်။

မေလ ၇ ရက်နေ့က အိန္ဒိယရဲ့ ဆင်ဒူး စစ်ဆင်ရေးအရ ပါကစ္စတန်ရဲ့ မြို့တချို့နဲ့ ပါကစ္စတန် ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသထဲကို အိန္ဒိယက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာက နှစ်ဖက် လေတပ်တွေကြား လေကြောင်းတိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မေလ ၈ ရက်နေ့မှာတော့ ပါကစ္စတန်က အိန္ဒိယရဲ့ ဒရုန်းပေါင်း ၂၅ စီးလောက်ကို ကြားဖြတ် ပစ်ချခဲ့ရကြောင်း ပြောကြားသွားပြီး အိန္ဒိယကလည်း နိုင်ငံရဲ့ စစ်ရေးပစ်မှတ်တွေကို ဦးတည် ပစ်ခတ်လာတဲ့ ပါကစ္စတန် ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ဟန့်တားခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ အဆိုအရ အိန္ဒိယဟာ အစ္စရေးလုပ် ဒရုန်းတွေကို အသုံးပြုပြီး ပါကစ္စတန် ပိုင်နက်ထဲက မြို့တချို့ကို ပစ်မှတ်တွေ ဖြန့်ဝေပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အိန္ဒိယက ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ခံခဲ့ရတဲ့ မြို့တွေထဲမှာ ကရာချိနဲ့ လာဟိုးတို့လို မြို့ကြီးတွေ ပါဝင်ပြီး ဒရုန်းတစ်စီးကိုလည်း ပါကစ္စတန်စစ်တပ် အလုံးအရင်း တပ်စွဲထားရာ ခံတပ်မြို့ဖြစ်တဲ့ ရာဝယ်လ်ပင်ဒီ လေပိုင်နက်ထဲမှာ ပစ်ချခဲ့ရတာလို့ ပါကစ္စတန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန်ရာမှာတော့ ပါကစ္စတန်ဟာ အိန္ဒိယ မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာရှိတဲ့ စစ်ရေး ပစ်မှတ်တချို့ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် အိန္ဒိယ လေကြောင်းကာကွယ်ရေး စနစ်တွေက ဟန့်တားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ အခြေအနေအရ အာရှတောင်ပိုင်းက နျူကလီးယား လက်နက်ပိုင် နိုင်ငံနှစ်ခုရဲ့ တင်းမာမှုတွေဟာ လျော့ကျသွားမယ့် အလားအလာ မမြင်ရသေးပါဘူး။ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့က လက်ရှိ တင်းမာမှုတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းထားပြီး အမေရိကန်ဟာ ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့မှာရှိတဲ့ ကောင်စစ်ဝန်ရုံး အမှုထမ်းတွေကို ဘေးကင်းတဲ့နေရာ ရွေးချယ် ခိုလှုံနေကြဖို့ ညွှန်ကြားထားပါတယ်။

မေလ ၇ ရက်နေ့မှာ အိန္ဒိယက ပါကစ္စတန်ဖက်က နေရာ ၉ ခုကို အကြမ်းဖက် အဖွဲ့အစည်းတွေ ခိုလှုံရာ စစ်ရေးပစ်မှတ်တွေအဖြစ် စွပ်စွဲပြီး လေကြောင်းကနေ စတင် တိုက်ခိုက်ခဲ့တဲ့နောက် ပါကစ္စတန်ကလည်း ကျိန်းသေပေါက် လက်တုံ့ပြန်မှာ ဖြစ်တယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟာမက် အဆစ်ဖ်က ပြောကြားထားပါတယ်။

စစ်ပွဲကြီး ၄ ကြိမ် ဖြစ်ပွားဖူးတဲ့ နှစ်နိုင်ငံကြားမှာ လက်ရှိ စစ်ရေး ပဋိပက္ခတွေဟာ ဆယ်စုနှစ် တော်တော်များများအတွင်း အတင်းမာဆုံး အခြေအနေမျိုး ရောက်ရှိလာကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...