Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယား တော်လှန်ရေး အစိုးရ သမ္မတနဲ့ ထရမ့်တွေ့ဆုံ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆီးရီးယားရဲ့ ကြားကာလ တော်လှန်ရေး အစိုးရ ခေါင်းဆောင်နဲ့ ဆော်ဒီအာရေးဘီးယားမှာ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆီးရီးယားရဲ့ ကြားကာလ တော်လှန်ရေး အစိုးရ ခေါင်းဆောင်နဲ့ ဆော်ဒီအာရေးဘီးယားမှာ တွေ့ဆုံခဲ့ပါတယ်။

ထရမ့်ရဲ့ ဆော်ဒီ ခရီးစဉ်အတွင်း သီးခြား အစီအစဉ် အနေနဲ့ သမ္မတ အာမက် အယ်လ်ရှာရားနဲ့ မေလ ၁၄ ရက်မှာ တွေ့ဆုံပြီး နာရီဝက်လောက် စကားပြောခဲ့တယ်လို့ ဆိုပါတယ်။ အယ်လ်ရှာရားဟာ အာဏာရှင် ဘာရှာ အယ်လ်အာဆတ် ဦးဆောင်တဲ့ ဆီးရီးယား အစိုးရကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေး တပ်ပေါင်းစုကို အဓိက ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ထရမ့်က သူဟာ ဆီးရီးယား နိုင်ငံအပေါ် အမေရိကန် အရေးယူ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးတော့မယ်လို့ ကြေညာပြီးတဲ့နောက် အယ်လ်ရှာရားနဲ့ လူချင်းတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း ထောင်းထောင်းကြေခဲ့တဲ့ နိုင်ငံကို ပြန်လည် တည်ဆောက်ရေးအတွက် အရေးပါတဲ့ အလှည့်အပြောင်း တစ်ခုအဖြစ် ညွှန်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က ဆီးရီးယားနဲ့ အစ္စရေး နိုင်ငံတွေကြား ပုံမှန် သံတမန် ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့လည်း အယ်လ်ရှာရားကို တိုက်တွန်းခဲ့ပါတယ်။ နောက်ပြီး ဆီးရီးယား အစိုးရ အနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကဏ္ဍတွေမှာ အင်တိုက်အားတိုက် ကူညီပါဝင်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံချိန်တုန်းက ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်လည်း အတူရှိနေခဲ့ပြီး တူရကီ သမ္မတ ရာဂျစ်တာယစ် အာဒိုဝမ်ကတော့ ဖုန်းခေါ်ဆိုပြီး ပါဝင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဆော်ဒီနဲ့ တူရကီ အစိုးရတွေဟာ ထရမ့်ကို အယ်လ်ရှာရားနဲ့ တွေ့ဆုံ စကားပြောဖို့ တိုက်တွန်းခဲ့ကြတာပါ။

အိမ်ဖြူတော်ဟာ ထရမ့်၊ အယ်လ်ရှာရားနဲ့ ဘင်ဆယ်လ်မန်တို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပေမယ့် ဆွေးနွေးပွဲ အခန်းထဲကိုတော့ ထရမ့်နဲ့အတူ လိုက်ပါသွားခဲ့တဲ့ သတင်းထောက်တွေကို ဝင်ခွင့် မပြုခဲ့ပါဘူး။

အမေရိကန်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်အတွင်း အာဏာရှင် သမ္မတ အာဆတ် ကြီးစိုးတဲ့ အစိုးရကို ပစ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ အများအပြားကို သတ်မှတ် ကျင့်သုံးခဲ့ပါတယ်။ အာဆတ်ရော၊ သူ့ရဲဖခင် ဟာဖက်ဇ် အယ်လ် အာဆတ်တို့ပါ ဆီးရီးယား နိုင်ငံကို ဖိနှိပ်တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ အသီးသီး အုပ်စိုးခဲ့ကြပါတယ်။

ကိုးကား: NPR

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

နိုင်ငံတကာ

ခေတ်နောက်ကျပြီး အိုမင်းဟောင်းနွမ်းနေတဲ့ စစ်လေယာဉ်တွေကို ဆီးရီးယားက မွမ်းမံပြင်ဆင်ပြီး ပြန်လည် အသုံးပြုဖို့ ကြိုးစားနေတဲ့အပေါ် အစ္စရေးက စောင့်ကြည့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တော်လှန်ရေးတပ်တွေ ဖြုတ်ချတာ ခံခဲ့ရပြီး ရုရှားမှာ ထွက်ပြေး တိမ်းရှောင်နေရသူ ဆီးရီးယား သမ္မတဟောင်း ဘာရှာ အယ်လ် အာဆတ်ကို ဆီးရီးယား တရားရုံးတစ်ခုက မျက်ကွယ် သေဒဏ် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဆယ်စုနှစ် တစ်ခုလောက်ကြာအောင် ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ထားမှုကနေ ပြန်လည် ရုပ်သိမ်းပေးမယ်လို့ အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။

Facebook