Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အန်ကောဝပ် ဘုရားကျောင်းဝင်းထဲမှာ မိုးကြိုးပစ်ပြီး ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်

ကမ္ဘောဒီးယား နိုင်ငံမှာ တည်ရှိပြီး ကမ္ဘာ့အံ့ဖွယ် အထင်ကရ အဆောက်အအုံ တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ အန်ကောဝတ် ဘုရားကျောင်းဝင်းထဲမှာ မိုးကြိုးပစ်ခဲ့ရာက ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

Khmer Times

ကမ္ဘောဒီးယား နိုင်ငံမှာ တည်ရှိပြီး ကမ္ဘာ့အံ့ဖွယ် အထင်ကရ အဆောက်အအုံ တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ အန်ကောဝတ် ဘုရားကျောင်းဝင်းထဲမှာ မိုးကြိုးပစ်ခဲ့ရာက ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

မေလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ရင်ပြင်ပေါ်မှာ ကမ္ဘောဒီးယား နိုင်ငံသားတွေက ရိုးရာ ဘာသာရေး ပွဲတစ်ခု ပြုလုပ်နေချိန် မိုးကြိုးပစ်ချခဲ့တာလို့ ဆိုပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ ပါဝင်တဲ့ ရှေးဘုရားကျောင်းကြီးဟာ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေနဲ့လည်း စည်ကားနေလေ့ရှိတဲ့ နေရာတစ်ခုပါ။

ကနဦး စစ်ဆေး တွေ့ရှိချက်တွေအရ ထိခိုက် သေဆုံးသူတွေဟာ ဖနွမ်ပင်နဲ့ ကမ်ပေါ့ ဒေသတွေကနေ လာရောက်တဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေဖြစ်ကြောင်း စုံစမ်း သိရှိထားပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် Khaosod သတင်းဌာနက စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။

မိုးကြိုးပစ်ချတဲ့ သတင်းကို ကြားကြားချင်း အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဘုရားကျောင်းဝင်းထဲ အဆောတလျင် သွားရောက်ခဲ့ပြီး ဒဏ်ရာရထားသူတွေကို ဆေးရုံပို့ဆောင်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယား လူမှုကွန်ရက် သုံးစွဲသူတွေထဲက တချို့က ဒီသတင်းကြောင့် အန်ကောဝပ်ကို လာရောက်တဲ့ ခရီးသွားဧည့်သည်တွေ လျော့နည်းသွားနိုင်တဲ့အတွက် ထိမ်ချန်ထားသင့်တယ်လို့ ရေးသားနေကြောင်းလည်း Khaosodက ဖော်ပြခဲ့ပါတယ်။

အန်ကောဝပ်ဟာ ဟိန္ဒူနဲ့ ဗုဒ္ဓ ဘာသာရေး သမိုင်းကြောင်းတွေ ရောယှက်နေတဲ့ ဘုရားကျောင်းကြီးပါ။ စတင်တည်ဆောက်ချိန် ခရစ်သက္ကရာဇ် ၁၁၅၀ တုန်းက ဟိန္ဒူဘာသာရေးရဲ့ လောကကို ထိန်းသိမ်းရာ နတ်ဘုရား ဗိဿနိုးကို ဝတ်ပြုဖို့ ရည်ရွယ်တဲ့ ဘုရားကျောင်း ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ဘုရားကျောင်း တစ်ခုအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့ပါတယ်။ ၄၀၂ ဧကနီးပါး ကျယ်ဝန်းတဲ့ ပရဝုဏ်မှာ တည်ရှိတဲ့ အန်ကောဝပ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဘာသာရေး အဆောက်အအုံ တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ အန်ကောဝပ်ဟာ ခမာယဉ်ကျေးမှုရဲ့ ဗိသုကာ အတတ်နဲ့ ယဉ်ကျေးမှုတွေကို ထင်ဟပ်စေပြီး ကမ္ဘောဒီးယား နိုင်ငံရဲ့ အလံမှာပါ ထည့်သွင်း ဖော်ပြခံရတဲ့ အထိမ်းအမှတ် သင်္ကေတလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယားရဲ့ စစ်မှု မထမ်းမနေရ ဥပဒေဟာ လက်တွေ့စတင် အသက်ဝင်လာပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။