Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရွတ်ကလင်း တံတားကြီးနဲ့ ငြိမိခဲ့တဲ့ မက္ကဆီကို ရေတပ် ရွက်သင်္ဘော

မက္ကဆီကို ရေတပ်ရဲ့ ရွက်သင်္ဘောကြီး တစ်စီးဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ဘရွတ်ကလင်း တံတားကြီးနဲ့ ငြိမိခဲ့ပြီး ထိခိုက်ပျက်စီးမှုတချို့ ကြုံတွေ့ခဲ့ပါတယ်။

AP

မက္ကဆီကို ရေတပ်ရဲ့ ရွက်သင်္ဘောကြီး တစ်စီးဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ဘရွတ်ကလင်း တံတားကြီးနဲ့ ငြိမိခဲ့ပြီး ထိခိုက်ပျက်စီးမှုတချို့ ကြုံတွေ့ခဲ့ပါတယ်။

မက္ကဆီကို ရေတပ်ရဲ့ လေ့ကျင့်ရေး သင်္ဘောကြီးဟာ အမေရိကန်ကို ပွဲလမ်းသဘင် အခမ်းအနား အစီအစဉ် တစ်ခုအတွက် ရောက်ရှိနေပြီး မေလ ၁၇ ရက်နေ့က တံတားအောက်က ဖြတ်ချိန်မှာ သင်္ဘောရဲ့ မြင့်မားတဲ့ ရွက်တိုင်ထိပ်ပိုင်းတွေနဲ့ တံတားအောက်ခြေ မလွတ်ဘဲ တိုက်မိခဲ့တာပါ။

ရေတပ်က ရွက်လွှင့်သွားလာမှုအတွက် လေ့ကျင့်ရေး သင်္ဘောအဖြစ် အသုံးပြုနေတဲ့ Cuauhtémocရဲ့ ကုန်းပတ်ပေါ်ကို ရွက်တိုင်ထိပ်ပိုင်း အပျက်အစီးတွေ တော်တော်များများ ပြုတ်ကျခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

နယူးယောက်မြို့ရဲ့ နာမည်ကျော် အဆောက်အအုံ တစ်ခုဖြစ်တဲ့ တံတားကြီးမှာတော့ ကြီးကြီးမားမား ထိခိုက်ပျက်စီးတဲ့ အခြေအနေ မတွေ့ခဲ့ရပါဘူး။

Public Service Announcement

Public Service Announcement

မက္ကဆီကို ရေတပ်က ရေယာဉ်မှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

နယူးယောက် မြို့တော် အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဌာနက ဘရွတ်ကလင်း တံတားမှာ မူမှန်မဟုတ်တဲ့ ကိစ္စတစ်ခု ဖြစ်ပွားခဲ့တယ် ဆိုတာကို အတည်ပြုထားပေမယ့် အသေးစိတ် မှတ်ချက်ပေးဖို့ကိုတော့ ငြင်းဆိုခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့သူတွေ ရှိခဲ့ပြီး လိုအပ်တဲ့ တုံ့ပြန် ကူညီမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နယူးယောက် မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ ဒဏ်ရာရသူ ဘယ်နှယောက် ရှိခဲ့သလဲ၊ ရေယာဉ်ပေါ်က လူတွေအပြင် တံတားပေါ်က လူတွေရော အထိအခိုက် ရှိခဲ့သလား ဆိုတာတွေကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

သတင်းဌာနတွေရဲ့ အဆိုအရ ချစ်ကြည်ရေး ခရီးစဉ် တစ်ခုအနေနဲ့ နယူးယောက်ကို ရောက်ရှိနေခဲ့တဲ့ Cuauhtémocပေါ်မှာ အမှုထမ်း ၂၀၀ ဝန်းကျင် လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မက္ကဆီကို ရေတပ်ရဲ့ ရွက်သင်္ဘော တစ်စီးဟာ နယူးယောက်မြို့မှာ ဘရွတ်ကလင်း တံတားနဲ့ ငြိမိပြီး လူအသေအပျောက် ဖြစ်ခဲ့တဲ့ ကိစ္စကို အမေရိကန် အာဏာပိုင်တွေက ကိုင်တွယ် စုံစမ်းနေပါတယ်။