Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စကားတစ်ခွန်းကြောင့် ရာထူးက နုတ်ထွက်ခဲ့ရတဲ့ ဂျပန် လယ်ယာလုပ်ငန်း ဝန်ကြီး

ဘယ်တုန်းကမှ ဆန်မဝယ်ခဲ့ဖူးဘူးဆိုတဲ့ စကားအမှား တစ်ခွန်းကြောင့် ဂျပန် အစိုးရရဲ့ လယ်ယာလုပ်ငန်း ဝန်ကြီး တာကူ အီတိုဟာ သူ့ရဲ့ ရာထူးကို စွန့်ခွာခဲ့ရပါတယ်။

EPA

ဘယ်တုန်းကမှ ဆန်မဝယ်ခဲ့ဖူးဘူးဆိုတဲ့ စကားအမှား တစ်ခွန်းကြောင့် ဂျပန် အစိုးရရဲ့ လယ်ယာလုပ်ငန်း ဝန်ကြီး တာကူ အီတိုဟာ သူ့ရဲ့ ရာထူးကို စွန့်ခွာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တာကူဟာ ဘယ်တုန်းကမှ ဆန်ကို ဝယ်စားစရာ မလိုခဲ့ဘူးလို့ ပြောကြားခဲ့တာပါ။ အမှန်အတိုင်း ပြောရရင် သူ့ကို အားပေး ထောက်ခံသူတွေက ဆန်တွေ လက်ဆောင်ပေးကြတာနဲ့တင် သူ့အိမ်အတွက် ဆန်ဝယ်စရာ မလိုခဲ့ဘူးလို့ တာကူက ဆိုပါတယ်။

အဲဒီစကားဟာ လူထုကြားမှာ မကျေနပ်ချက်တွေကို မြင့်တက်လာစေပါတယ်။ ဆန်ဟာ ဂျပန်မှာ အဓိက စားသောက်ကုန် တစ်ခုဖြစ်ပြီး ဆန်စျေးတွေ မြင့်တက်နေခြင်းက အစိုးရအတွက် ကိုင်တွယ်ဖြေရှင်းရမယ့် မူဝါဒရေးရာ ပြဿနာတစ်ခု ဖြစ်နေပါတယ်။

ရာသီဥတု ပြဿနာတွေ၊ လယ်သမားတွေကို အကာအကွယ်ပေးဖို့ နှစ်ရှည်လများ ကျင့်သုံးနေတဲ့ မူဝါဒတွေကို အကြောင်းပြုပြီး ဆန်စျေးတွေ မြင့်တက်နေတာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ အဲဒီအချိန်မှာ တာကူက အမှတ်မထင် ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ အကြီးအကျယ် အငြင်းပွားစရာတွေ ဖြစ်လာစေခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဝေဖန်မှုတွေ ကြုံနေရတဲ့ ဝန်ကြီးဟာ မေလ ၂၁ ရက်နေ့မှာတော့ သူ့ရဲ့ နုတ်ထွက်စာကို ဝန်ကြီးချုပ် ရှီဂူရီ အီရှီဘာဆီ ပေးအပ်ခဲ့ပါတယ်။ ဂျပန် အစိုးရဟာ လူထုထောက်ခံနှုန်း သိသိသာသာ ကျဆင်းတဲ့ အခြေအနေတွေနဲ့ ရုန်းကန်နေရချိန်မှာ အခုလို ကိစ္စမျိုးနဲ့ ထပ်ပြီး ကြုံလာရတာပါ။

သူ့အနေနဲ့ လက်ရှိ ရယူထားတဲ့ ရာထူးတာဝန်အတွက် သင့်တော်တဲ့သူ မဟုတ်တော့ဘူးလို့ ယူဆမိတာကြောင့် ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့တာလို့ တာကူက ပြောပါတယ်။

ဂျပန်မှာ ဆန်စျေးတွေ မြင့်တက်နေတဲ့နောက် စိုက်ပျိုးရေး ဝန်ကြီးဌာနဟာ သိုလှောင်ထားတဲ့ ဆန်တွေကို စျေးကွက်ထဲ ထုတ်ရောင်းပေးတာ အပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းဖို့ ကြိုးစားနေပေမယ့် ထိရောက်တဲ့ အကျိုးကျေးဇူးမျိုးတော့ မရှိသေးပါဘူး။

နိုင်ငံအနှံ့က စူပါမားကက်ပေါင်း ၁၀၀၀ လောက်မှာ အခု သီတင်းပတ်အတွင်း ဆန်စျေးဟာ သမိုင်းတလျှောက် အမြင့်ဆုံးအဖြစ် ၅ ကီလိုဂရမ် အိတ် ၁ အိတ်ကို ၄၂၆၈ ယန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၃၀ နီးပါးလောက်ထိ မြင့်တက်နေကြောင်း သိရပါတယ်။

ကိုးကား: CNBC

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...