Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဘေးကပ်လျက် ကုန်တင်သင်္ဘောကြီး ရောက်နေတာကို အိမ်နီးချင်းတွေ လာပြောမှသိတဲ့ အိမ်ရှင်မိသားစု

ညအိပ်ရာ ဝင်တဲ့အချိန် အားလုံး ပုံမှန် ရှိနေရာက မနက်မိုးလင်းတော့ ဧရာမ ကုန်တင်သင်္ဘောကြီးက ကိုယ့်အိမ်ဘေး ရောက်နေလိမ့်မယ်လို့ ကြိုပြောခဲ့မယ်ဆိုရင် ဘယ်သူမှ ယုံကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နော်ဝေးနိုင်ငံက မိသားစု တစ်ခုကတော့ အဲဒီလို မဖြစ်နိုင်တဲ့ ကိစ္စမျိုးကို တကယ်ပဲ ကြုံတွေ့ခဲ့ပါတယ်။

AFP

ညအိပ်ရာ ဝင်တဲ့အချိန် အားလုံး ပုံမှန် ရှိနေရာက မနက်မိုးလင်းတော့ ဧရာမ ကုန်တင်သင်္ဘောကြီးက ကိုယ့်အိမ်ဘေး ရောက်နေလိမ့်မယ်လို့ ကြိုပြောခဲ့မယ်ဆိုရင် ဘယ်သူမှ ယုံကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နော်ဝေးနိုင်ငံက မိသားစု တစ်ခုကတော့ အဲဒီလို မဖြစ်နိုင်တဲ့ ကိစ္စမျိုးကို တကယ်ပဲ ကြုံတွေ့ခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ နေဝေးနိုင်ငံ၊ ဘင်နက်ဆက် မြို့နားက ပင်လယ် ကမ်းရိုးတန်း တစ်နေရာမှာ ၁၃၅ မီတာ ရှည်လျားတဲ့ ကုန်တင် သင်္ဘောကြီးက မတော်တဆ သောင်တင်မိခဲ့တာ ဖြစ်ပါတယ်။ ကွန်တိန်နာတွေ တင်ဆောင်လာတဲ့ NCL Salten သင်္ဘောကြီးဟာ မေလ ၂၁ ရက်နေ့တုန်းက အဲဒီ ကမ်းရိုးတန်း နေရာကို ဦးပိုင်းနဲ့ ဝင်တိုက်ပြီး သောင်တင်သွားခဲ့တာ ဖြစ်ပါတယ်။

AFP

သင်္ဘော ဝင်တိုက်မိပြီး သောင်တင်နေတဲ့ နေရာဟာ တစ်ထပ်အိမ်လေး တစ်ခုနဲ့ မီတာနည်းနည်းလေးပဲ ကွာပါတယ်။ တစ်နည်းအားဖြင့် သင်္ဘောဟာ အိမ်တည့်တည့်ကိုတောင် ဝင်တိုက်မိနိုင်ခြေ ရှိခဲ့ရာကနေ ပွတ်ကာသီကာ လွဲချော်သွားခဲ့တာပါ။ ဒါပေမဲ့ အိမ်ပိုင်ရှင် မိသားစုကတော့ အဲဒီအကြောင်းကို မသိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ပါတယ်။

မနေသာတဲ့ အိမ်နီးချင်းတွေက ဘဲလ်သွားတီးပြီး အိမ်ရှင်တွေကိုနှိုး၊ အကျိုးအကြောင်း ပြောပြတော့မှ သူတို့က ပြတင်းပေါက် ဖွင့်ကြည့်ခဲ့ကြပြီး မျှော်လင့်မထားတဲ့ အိမ်နီးချင်း အသစ်ကြောင့် မျက်လုံးပြူးကုန်ကြတာပါ။

Public Service Announcement

Public Service Announcement

AP

သူအိပ်နေတဲ့ နေရာဟာ သင်္ဘောရဲ့ ကိုယ်ထည်နဲ့ ၇ မီတာလောက်ပဲ ကွာကြောင်း၊ ဒါပေမဲ့ သူက ဘာသံမှ မကြားမိခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှာ ကျောက်စကျောက်နတွေနဲ့ ပင်လယ်ရေမှော်တွေ ဖရိုဖရဲ ပြန့်ကြဲနေတာကို တွေ့ခဲ့ပြီး သင်္ဘောဟာ ညင်ညင်သာသာပဲ သောင်တင်သွားခဲ့တယ်လို့ ယူဆမိကြောင်း၊ ဦးတည်ချက် နည်းနည်းလေးသာ လွဲသွားရင် သင်္ဘောက အိမ်ကို ဝင်တိုက်မိခဲ့မယ်ထင်ကြောင်း အိမ်ရှင်ဖြစ်တဲ့ ဂျိုဟန်ဟဲလ်ဘက်ဂ်က ပြောပါတယ်။

AFP

သင်္ဘောဟာ တစ်နာရီ ရေမိုင် ၁၆ မိုင်နှုန်းနဲ့ ခုတ်မောင်းနေရင်း သောင်တင်သွားခဲ့တာ ဖြစ်ပါတယ်။ ဆိုက်ပရပ်စ်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်ပေါ်မှာ အမှုထမ်း ၁၆ ဦး လိုက်ပါလာခဲ့ပါတယ်။ သင်္ဘော သောင်တင်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း နော်ဝေး အာဏာပိုင်တွေက ပြောပါတယ်။

AP

နော်ဝေး ရဲတပ်ဖွဲ့ကတော့ စစ်ဆေးမှုတွေရဲ့ အဓိက ရည်ရွယ်ချက်ဟာ စက်ပိုင်းဆိုင်ရာ ပြဿနာလား၊ လူ့အမှားလား ဆိုတာကို ဖော်ထုတ်ဖို့ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ သောင်တင်အောင် လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရကြောင်း မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: GCaptain

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျုံတွေ တင်လာတဲ့ ကုန်တင်သင်္ဘောကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးကြောင်း ယူကရိန်း ရေတပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကနေ ရှုံးနိမ့် ထွက်ခွာလာခဲ့ပေမယ့်လည်း နော်ဝေး လက်ရွေးစင် ဘောလုံးအသင်းရဲ့ အိမ်အပြန် ခရီးမှာ ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ

နော်ဝေးအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားပြီးတဲ့နောက် နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ဒီထက်ပိုခမ်းနားတဲ့ ခြေလှမ်းသစ် တစ်ခုကို မျှော်လင့်ခဲ့တဲ့ ဖျက်မြင်း အသင်းကောင်း နော်ဝေးကတော့ ရည်မှန်းချက်...

နိုင်ငံတကာ

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ထိပ်တိုက် ရင်ဆိုင်ကြမယ့် အင်္ဂလန်နဲ့ နော်ဝေးတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်း ဂျာစီတွေကို ဝတ်ဆင်ပြီး တွေ့ဆုံခဲ့ကြသလို အပြန်အလှန် ကျီစယ် စကားနိုင် လုခဲ့ကြပါတယ်။