Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ရဲတပ်ဖွဲ့ ရဟတ်ယာဉ် ပျက်ကျပြီး ၃ ဦးသေ

ထိုင်းမှာ ရဲတပ်ဖွဲ့သုံး ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး မီးလောင်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Fire & Rescue Thailand

ထိုင်းမှာ ရဲတပ်ဖွဲ့သုံး ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး မီးလောင်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မေလ ၂၄ ရက်နေ့တုန်းက ပရာချွပ် ခီရီခန် ပြည်နယ်ထဲက မွိုင်ခရိုင်ထဲမှာ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ခဲ့တာပါ။ နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ်ဟာ နောင်ကော့ရွာမှာ ပျက်ကျသွားပြီး မီးလောင်ကျွမ်းသွားခဲ့ကြောင်း၊ အသေအပျောက် ၃ ယောက် ရှိခဲ့ပြီး ၁ ဦးကတော့ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ရဟတ်ယာဉ်မှူး နှစ်ဦးနဲ့ စက်ပြင်အရာရှိတို့က သေဆုံးခဲ့ပြီး လေထီးနဲ့ ခုန်ထွက်ခဲ့တယ်ဆိုတဲ့ နောက်ထပ် ၁ ယောက်ရဲ့ အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ရဟတ်ယာဉ်ဟာ ကန်ချနာဘူရီ ရဲတပ်ဖွဲ့ရဲ့ လေကြောင်းချီ ယူနစ်က အသုံးပြုတဲ့ Bell 212 အမျိုးအစား ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရဟတ်ယာဉ်ဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေး တစ်ခုအပြီး ဆူရတ်ဌာနီဆီ ဦးတည်ပျံသန်းချိန်မှာ ပြဿနာ ကြုံခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ အကြီးအကဲ ခစ်သာရတ် ပန်ပတ်ချ်က သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ်ထဲမှာတော့ ပရာချွပ် ခီရီခန် ပြည်နယ်ထဲမှာ လူအသေအပျောက် ဖြစ်ပွားတဲ့ လေကြောင်း မတော်တဆမှု ကြုံတာ ဒါဟာ ဒုတိယအကြိမ် ဖြစ်လာပါတယ်။

ဧပြီလ ၂၅ ရက်နေ့တုန်းကလည်း ဟွာဟင်လေဆိပ်နားက ပင်လယ်ထဲကို လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာက လိုက်ပါသွားသူ ၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။