Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုယ်ပျောက် တိုက်လေယာဉ် စီမံကိန်းကို စတင် အကောင်အထည်ဖော်ဖို့ အိန္ဒိယ အစိုးရ မီးစိမ်းပြ

ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် တိုက်လေယာဉ်တွေ ပြည်တွင်းဖြစ် ထုတ်လုပ်မယ့် စီမံကိန်းကို အိန္ဒိယ အစိုးရက မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။

Reuters

ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် တိုက်လေယာဉ်တွေ ပြည်တွင်းဖြစ် ထုတ်လုပ်မယ့် စီမံကိန်းကို အိန္ဒိယ အစိုးရက မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။

မေလ ၂၇ ရက်နေ့မှာ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံရဲ့ ခေတ်အမီဆုံး ကိုယ်ပျောက် တိုက်လေယာဉ်တွေ တီထွင် ထုတ်လုပ်သွားမယ့် အစီအမံ တစ်ရပ်ကို လက်ခံ ခွင့်ပြုလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ပါကစ္စတန်နဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ အိန္ဒိယက ကိုယ်ပျောက် တိုက်လေယာဉ်တွေ ပြည်တွင်းဖြစ် ထုတ်လုပ်ရေး စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

အိန္ဒိယ အစိုးရပိုင် Aeronautical Development Agency လေကြောင်း နည်းပညာ လုပ်ငန်းစုကြီးဟာ အဲဒီ တိုက်လေယာဉ် အသစ်ရဲ့ ရှေ့ပြေးနမူနာ prototypeအဆင့်ကို မကြာခင် တည်ဆောက်မှာဖြစ်ပြီး လိုအပ်တဲ့ အစိတ်အပိုင်းနဲ့ နည်းပညာ ဖြည့်တင်းမှုတွေအတွက် တခြား ကုမ္ပဏီတွေကို ဖိတ်ခေါ်သွားမယ်လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော လျာထားတဲ့ အစီအမံကတော့ အင်ဂျင်နှစ်လုံးတပ် ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် တစ်မျိုးကို အိန္ဒိယက တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ဆိုတာဟာ အဆင့်အမြင့်ဆုံး နည်းပညာသစ်တွေနဲ့အတူ ရေဒါမှာ ရှာမတွေ့နိုင်တဲ့ ကိုယ်ပျောက်နည်းပညာပါ ပေါင်းစပ်ထားတဲ့ အမျိုးအစားတွေကို ဆိုလိုပါတယ်။ လက်ရှိ အချိန်ထိ ကမ္ဘာပေါ်မှာ ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေ လက်တွေ့ တိုက်ပွဲဝင်နိုင်တဲ့ အဆင့်မျိုးထိ ထုတ်လုပ်နိုင်တာဆိုလို့ အမေရိကန်၊ ရုရှားနဲ့ တရုတ် ၃ နိုင်ငံသာ ရှိပါသေးတယ်။

အိန္ဒိယအတွက်တော့ ကိုယ်ပျောက် တိုက်လေယာဉ်တွေ ပိုင်ဆိုင်ရေး ဆိုတာဟာ လေတပ်ကို မွမ်းမံ အဆင့်မြှင့်ရေးအတွက် အရမ်းအရေးကြီးပါတယ်။ အိန္ဒိယ လေတပ်ဟာ ဆိုဗီယက်ခေတ် တိုက်လေယာဉ် အဟောင်းတွေနဲ့ ရုရှားဆီက မှာယူထားတဲ့ တိုက်လေယာဉ်တွေကို အဓိက မှီခိုနေရပါတယ်။ နောက်ပြီး စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေထဲမှာ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်အဖြစ် သတ်မှတ်ခံရတဲ့ ပြင်သစ်လုပ် Rafale တိုက်လေယာဉ်တွေကိုလည်း ဝယ်ယူထားခဲ့ပေမယ့် မကြာသေးခင်က ပါကစ္စတန်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခမှာတော့ ပါကစ္စတန်ဖက်က တရုတ်လုပ် J-10 တိုက်လေယာဉ်တွေ ပစ်ချလို့ အိန္ဒိယ လေတပ်ဟာ Rafale တချို့ကို ဆုံးရှုံးခဲ့ရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။