Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ် ၁၂ စီး တည်ဆောက်သွားဖို့ ဗြိတိန် စီစဉ်

ဗြိတိန်ဟာ နည်းပညာမြင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အသစ် ၁၂ စင်းကို ချဲ့ထွင် တည်ဆောက်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

PA Media

ဗြိတိန်ဟာ နည်းပညာမြင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အသစ် ၁၂ စင်းကို ချဲ့ထွင် တည်ဆောက်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဗြိတိန်ဟာ တရိပ်ရိပ် ကြီးထွားလာနေတဲ့ ပြင်ပ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် လက်တွေ့ တိုက်ပွဲဝင်နိုင်တဲ့ အဆင့်မျိုးထိ လက်နက်ကိုင်တပ်တွေကို အင်အားချဲ့ထွင် တည်ဆောက်ဖို့ လိုအပ်နေဆဲလို့ ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန် ကြေညာမယ့် အစိုးရရဲ့ ကာကွယ်ရေး မူဝါဒ သုံးသပ်ချက်ထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

အဲဒီ သုံးသပ်ချက်တွေနဲ့အတူ ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ သမားရိုးကျ စစ်လက်နက်တွေ တပ်ဆင်ပြီး နျူကလီးယား စွမ်းအင်နဲ့ ခုတ်မောင်းတဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ် ၁၂ စီးကို ရေတပ်ရဲ့ လက်ရှိ ရေငုပ်သင်္ဘောတွေ နေရာမှာ အစားထိုး ဖြည့်ဆည်းမယ့်အကြောင်း ကြေညာသွားမှာ ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အဲဒီ စီမံကိန်းဟာ ၂၀၃၀ နှောင်းပိုင်းလောက်မှာ လက်တွေ့ အသက်ဝင်လာမယ်လို့ သိရပါတယ်။

ဒါတင် မကသေးဘဲ ဗြိတိန် အနေနဲ့ နိုင်ငံပိုင် နျူကလီးယား လက်နက်တိုက်တွေကို အဆင့်မြှင့်တင်ဖို့အတွက် စတာလင်ပေါင် ၁၅ ဘီလီယံ ကျခံ သုံးစွဲမယ့် အကြောင်းကိုလည်း စတာမာက ကြေညာသွားဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်ရဲ့ ရေငုပ်သင်္ဘော အသစ်တွေဟာ ဗြိတိန်နဲ့ NATO စစ်မဟာမိတ် အဖွဲ့ကို နောက်ထပ် ဆယ်စုနှစ်တွေ အတော်များများ ဘေးကင်းလုံခြုံအောင် ကူညီ စောင့်ရှောက်ပေးနိုင်လိမ့်မယ်လို့ စတာမာက ယုံကြည်ထားကြောင်းလည်း သိရပါတယ်။

ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်မယ့် ကာကွယ်ရေး မူဝါဒ သုံးသပ်ချက်ထဲမှာ အစိုးရအတွက် အဓိက ထောက်ခံတင်ပြချက် ၆၂ ခုကို ထည့်သွင်းထားမှာဖြစ်ပြီး အဲဒီထဲမှာ လက်နက်စက်ရုံအသစ် ၆ ခု တည်ဆောက်ရေး၊ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အပါအဝင် တာဝေးပစ် စစ်လက်နက် အမျိုးမျိုး အရေအတွက် ၇၀၀၀ လောက် ချဲ့ထွင်ရေး၊ စစ်ရေး အဆောက်အအုံတွေကို ပြန်လည် မွမ်းမံ ပြင်ဆင်ရေး၊ စစ်သုံး ဆက်သွယ်ရေး နည်းပညာတွေ မြှင့်တင်ရေး ဆိုတာတွေ ပါဝင်ပါတယ်။

ကာကွယ်ရေး ဝန်ကြီး ဂျွန်ဟေလီက သူဟာ လာမယ့် လွှတ်တော် အစည်းအဝေးကျရင် ဗြိတိန်ရဲ့ အမြဲတမ်း တပ်အင်အားကို ၇၃၀၀၀ ထိ ပြန်လည် မြှင့်တင်နိုင်ရေးအတွက် အဆိုပြု တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဗြိတိန်ဟာ နိုင်ငံရဲ့ နျူကလီးယား လုံခြုံရေး အစီအမံအတွက် ဖြန့်ကျက်ထားတဲ့ နျူကလီးယား ထိပ်ဖူးလက်နက် တချို့ကို ခေတ်နဲ့အညီ နည်းပညာပိုင်း မွမ်းမံ အဆင့်မြှင့်တင်မှုတွေကိုလည်း စတင်နေပြီလို့ သိရပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှု၊ အစဉ်အလာ မဟာမိတ် အမေရိကန်က ဥရောပအပေါ် စိမ်းကားတဲ့ သဘောထားတွေ ပြသလာမှုတွေကြောင့် ဗြိတိန်အပါအဝင် အနောက်ဥရောပ နိုင်ငံတွေဟာ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ အပူတပြင်း ကြိုးစားလာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟိုသီတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ဆော်ဒီကို ကာကွယ်ပေးဖို့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ ဗြိတိန် အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိိတိန်ရဲ့ ခားစ်ဘုရင်ဆီကပေးပို့လာတဲ့စာအုပ်နှစ်အုပ်ကိုလက်ဝယ်သွားရောက်ပေးအပ်ခဲ့တယ်လို့ အာဏာသိမ်းစစ်အုပ်စုကသတင်းထုတ်ပြန်လာပါတယ်။

နိုင်ငံတကာ

ဗြိတိန်က တိရစ္ဆာန်ရုံ တစ်ခုထဲမှာ လူကို ကိုက်သတ်ခဲ့တဲ့ ကျားတစ်ကောင်ကို ဖျက်ဆီးပစ်မှာ မဟုတ်ကြောင်း တိရစ္ဆာန်ရုံဖက်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဥရောပ သမဂ္ဂ (EU)ကနေ ဗြိတိန် ခွဲထွက်ခဲ့တဲ့ ၂၀၁၆ ခုနှစ် Brexit မဲခွဲဆုံးဖြတ်မှုတွေမှာ ရုရှားက ကျိန်းသေပေါက် ဝင်စွက်ဖက်ခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်းက ပြောကြားခဲ့ပါတယ်။