Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

အချုပ်အခြာကို ထိပါးခံရရင် စစ်တိုက်ဖို့ အသင့်ရှိတယ်လို့ ထိုင်းစစ်တပ်ပြော

နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးခံလာရရင် အတိုင်းအတာ ပမာဏ ကြီးမားတဲ့ စစ်ဆင်ရေးတစ်ခု ဆင်နွှဲဖို့ အသင့်ရှိနေမယ်လို့ ထိုင်းစစ်တပ်က ပြောကြားလိုက်ပါတယ်။

Reuters

နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးခံလာရရင် အတိုင်းအတာ ပမာဏ ကြီးမားတဲ့ စစ်ဆင်ရေးတစ်ခု ဆင်နွှဲဖို့ အသင့်ရှိနေမယ်လို့ ထိုင်းစစ်တပ်က ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံနဲ့ နယ်စပ်ရေးရာ တင်းမာမှုတွေ မြင့်တက်နေတဲ့ အခြေအနေမှာ ထိုင်းဖက်က အတင်းမာဆုံး သတိပေးမှုဆန်ဆန် စကားလုံးတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံဟာ လတ်တလောမှာတော့ ပြဿနာကို ဖြေရှင်းဖို့ သံတမန်ရေး နည်းလမ်းတွေနဲ့လည်း ထိတွေ့ ဆွေးနွေးနေပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ အရင်ကတည်းကလည်း နယ်စပ်ပြဿနာတွေ ရှိခဲ့ဖူးပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ နှစ်ဖက်စစ်တပ်တွေ ပစ်ခတ်ကြရာက ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ ထိုင်းအစိုးရဟာ နောက်ဆက်တွဲ ပြဿနာတွေကို နှစ်နိုင်ငံ စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းနဲ့ အဖြေရှာလိုပေမယ့် ကမ္ဘောဒီးယားကတော့ အပြည်ပြည်ဆိုင်ရာရုံး (ICJ)မှာ အဆုံးအဖြတ် ခံယူဖို့ လိုလားကြောင်း ပြောဆိုထားပါတယ်။

ဇွန်လ ၆ ရက်နေ့မှာတော့ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုင်းစစ်တပ်ကလည်း အခြေအနေတွေ ပိုမို ဆူပွက်လာနိုင်ခြေကို နားလည်ထားပြီး အဲဒီလို အနေအထား ဖြစ်လာရင်လည်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ အသင့်ရှိကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းစစ်တပ်ဟာ ဖြစ်နိုင်ခြေ ရှိသမျှ အရာတိုင်းအတွက် အသင့်ပြင်ထားတယ်လို့ သူ့ကို သတင်းပို့ထားကြောင်း ဖေထောင်ထန်က ဆိုပါတယ်။ ဒါပေမဲ့ ပဋိပက္ခတိုင်းဟာ ထိခိုက်နာကျင်စရာတွေ ဖြစ်လာနိုင်တာကြောင့် ထိုင်းအနေနဲ့ကတော့ ငြိမ်းချမ်းတဲ့ နည်းလမ်းမျိုးနဲ့သာ အဖြေရှာလိုကြောင်း၊ ထိုင်းအစိုးရနဲ့ စစ်တပ်ဟာ အပြန်အလှန် ရိုင်းပင်းရင်း နီးနီးကပ်ကပ် အလုပ်လုပ်နေကြောင်း သူက ပြောကြားသွားပါတယ်။

ထိုင်းစစ်တပ်ဖက်က တင်းတင်းမာမာ သဘောထားမျိုး ကြေညာလာတာနဲ့ ပတ်သက်လို့တော့ ဇွန်လ ၆ ရက် ညပိုင်းထိ ကမ္ဘောဒီးယား အစိုးရဖက်က ဘာတုံ့ပြန် မှတ်ချက်မှ မပေးသေးပါဘူး။ မေ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နယ်စပ် ပစ်ခတ်မှုနောက်ပိုင်း အဲဒီကိစ္စနဲ့ ပတ်သက်ရင် ကြေညာချက်တွေ ထုတ်ပြန်ရာမှာ နှစ်ဖက် အစိုးရတွေဟာ စကားလုံး ရွေးချယ်မှု အပိုင်းမှာ အတော်လေး ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့ကြပါတယ်။

၂၀၁၁ တုန်းကလည်း ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ သက်တမ်း နှစ်ပေါင်း ၉၀၀ လောက်ရှိတဲ့ ဖရာဗီဟီရာ ရှေးဟောင်း ဘုရားကျောင်း ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး နယ်စပ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ခဲ့သလို အသေအပျောက်တွေ ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ICJရဲ့ စီရင်ချက်မှာ အဲဒီဘုရားကျောင်း ထိန်းချုပ်ခွင့်နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားကို အသာပေးပြီး ဆုံးဖြတ်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။