Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆာဘွဲ့ ချီးမြှင့်ခံရတော့မယ့် ဘက်ဟမ်း

ကမ္ဘာကျော် ဘောလုံးကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ဟမ်းဟာ ဗြိတိန်ဘုရင်ဆီက ဆာဘွဲ့ အပ်နှင်းချီးမြှင့်ခြင်း ခံရတော့မှာ ဖြစ်ပါတယ်။

@davidbeckham

ကမ္ဘာကျော် ဘောလုံးကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ဟမ်းဟာ ဗြိတိန်ဘုရင်ဆီက ဆာဘွဲ့ အပ်နှင်းချီးမြှင့်ခြင်း ခံရတော့မှာ ဖြစ်ပါတယ်။

ချားလ်စ်ဘုရင်ရဲ့ မွေးနေ့မှာ သူကောင်းပြု ချီးမြှင့်မယ့် စာရင်းထဲ အသက် ၅၀ အရွယ် ဘက်ဟမ်းလည်း ပါဝင်လာခဲ့ပါတယ်။ အဲဒီ စာရင်းကို ဇွန်လ ၁၃ ရက်နေ့ ညနေခင်းမှာ ဗြိတိန် အစိုးရအဖွဲ့ရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့လို ကမ္ဘာကျော် ဘောလုံးကလပ်တွေမှာ ဘက်ဟမ်းဟာ ဘောလုံးသမားဘဝ အတောက်ပဆုံး ကာလတွေကို ဖြတ်သန်းခဲ့ဖူးပါတယ်။

သူဟာ ၂၀၁၂ ခုနှစ်တုန်းက လန်ဒန်မြို့မှာ အိုလံပစ်ပွဲတော် ကျင်းပခွင့်ရအောင် ဦးဆောင်ဦးရွက် ကြိုးစားပေးခဲ့ချိန် ကတည်းက ဆာဘွဲ့ရမယ်လို့ ရေပန်းစားနေခဲ့ပေမယ့် လက်တွေ့မှာတော့ ဆယ်စုနှစ် တစ်ခုကျော် စောင့်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဘက်ဟမ်းဟာ ၂၀၁၃ ခုနှစ်မှာ ဘောလုံးသမား ဘဝကနေ အပြီးတိုင် အနားယူခဲ့တဲ့နောက် လောလောဆယ်မှာတော့ အမေရိကန် မေဂျာလိဂ် ဘောလုံးကလပ် အင်တာမိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင်အဖြစ် တာဝန်ယူထားပါတယ်။ ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီကို အင်တာမိုင်ယာမီနဲ့ စာချုပ်ဖြစ်အောင် ဘက်ဟမ်းက အဓိက ကြိုးစား ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။

မျိုးချစ်စိတ်ဓာတ် ထက်သန်ပြီး ဗြိတိန်သားတွေ ဖြစ်ရတာ အရမ်းဂုဏ်ယူတဲ့ မိဘတွေနဲ့အတူ လန်ဒန် အရှေ့ပိုင်းမှာ ကြီးပြင်းခဲ့တဲ့ သူ့အတွက်တော့ အခုလို သူကောင်းပြု ခံရခြင်းကို မမျှော်လင့်ခဲ့ဖူးပေမယ့် အရမ်းဂုဏ်ယူကြောင်း ဘက်ဟမ်းက ထုတ်ပြန်ခဲ့ပါတယ်။

ဘက်ဟမ်းဟာ ၂၀၁၃ ခုနှစ်တုန်းက ဘုရင်မကြီး အဲလိဇဘက်သ်က ဆာဘွဲ့ချီးမြှင့်ဖို့ မျက်ကွယ် ပြုခဲ့တဲ့အတွက် စိတ်ဆိုး ဒေါသထွက်ခဲ့တယ် ဆိုတာကို အဲဒီတုန်းက သူ့ရဲ့ ကိုယ်စားလှယ် ဆိုင်မွန် အိုလီဗီရာရဲ့ ကုမ္ပဏီ အီးမေးလ်တွေ hackခံရပြီး ပေါက်ကြားရာက လူသိရှင်ကြား ဖြစ်ခဲ့ဖူးပါတယ်။

ဘက်ဟမ်းဟာ ဘုရင်မကြီး အဲလိဇဘက်သ် စိုးစံနေချိန် ၂၀၀၃ ခုနှစ်တုန်းက အိုဘီအီး ဘွဲ့ထူးဂုဏ်ထူးကို ရရှိထားပြီးပါပြီ။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

Facebook