Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘောဒီးယားနဲ့ နယ်စပ်နားက ထိုင်းစစ်သားတွေဆီ ထိုင်းဘုရင်က လက်ဆောင်တွေပေးပို့

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ လုံခြုံရေးယူ စောင့်ကြပ်နေတဲ့ စစ်သားတွေကို အားပေးမှုအဖြစ် ထိုင်းဘုရင်က လက်ဆောင်တွေ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

2nd Army Region

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ လုံခြုံရေးယူ စောင့်ကြပ်နေတဲ့ စစ်သားတွေကို အားပေးမှုအဖြစ် ထိုင်းဘုရင်က လက်ဆောင်တွေ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

ထိုင်းဘုရင် မဟာ ဗဂျီရာလောင်ကွန်းဆီက ပေးပို့ခဲ့တဲ့ တော်ဝင်လက်ဆောင်တွေဟာ ဇွန်လ ၁၆ ရက်နေ့က ယူဘွန် ရတ်ချာဌာနီ ပြည်နယ်ရဲ့ ချောင်ဘော့ခ် နယ်စပ်ဂိတ်နားမှာရှိတဲ့ တာမွန်သောင် ဘုရားကျောင်းနားက ထိုင်းတပ်ဖွဲ့ဝင်တွေဆီ ရောက်ရှိလာတာ ဖြစ်ပါတယ်။

လုပ်ရိုးလုပ်စဉ် မဟုတ်တဲ့ အခြေအနေ တစ်ခုအဖြစ် ထိုင်းဘုရင်ဟာ နယ်စပ်မှာ လုံခြုံရေး ယူထားတဲ့ စစ်သည်တွေကို ထောက်ခံအားပေးတဲ့ သဝဏ်လွှာကိုလည်း တစ်ပါတည်း ပေးပို့ခဲ့တယ်လို့ ထိုင်းသတင်းဌာန Thaigerက ဖော်ပြခဲ့ပါတယ်။

ထိုင်းစစ်သားတွေ စိတ်ဓာတ် တက်ကြွစေဖို့ ရည်ရွယ် ပေးပို့ခဲ့တဲ့ လက်ဆောင်တွေကိုတော့ နယ်စပ်က စစ်သည်တွေဆီ အခမ်းအနား တစ်ခုနဲ့ လွှဲပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စစ်သားတွေဟာ အမှတ် ၂ စစ်ဒေသ ကွပ်ကဲမှု လက်အောက်ခံ ဆူရာနာရီ တပ်ဖွဲ့ရဲ့ လက်အောက်ခံ ယူနစ်တွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ်ကြီး ပိုင်ဘွန်း ခွမ်ချာရာ ဦးဆောင်တဲ့ တော်ဝင် ကိုယ်စားလှယ် အဖွဲ့ဟာ နယ်စပ်က စစ်သားတွေကို ဘုရင့်ကိုယ်စား လက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။ ထိုင်းဘုရင်ရဲ့ သဝဏ်လွှာထဲမှာတော့ ဒေသတွင်းမှာ တပ်စွဲထားတဲ့ ထိုင်းစစ်သားတွေကို ထောက်ခံ အားပေးတဲ့၊ တစ်ဦးချင်းစီရဲ့ ကောင်းကျိုးအတွက် အလေးထားတဲ့ ဆန္ဒမျိုးကို လှိုက်လှိုက်လှဲလှဲ ဖော်ပြထားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဘုရင်က ပေးပို့တဲ့ သတင်းစကားဟာ ထိုင်းစစ်တပ် အတွက်သာ မကဘဲ နယ်စပ်မှာ နေထိုင်တဲ့ ကျေးရွာတွေနဲ့ တာဝန်ကျနေတဲ့ အရပ်ဖက် အရာရှိတွေ အတွက်ပါ အကျုံးဝင်ပါတယ်။ ပြီးတော့ အဲဒီ အရာရှိတွေ အနေနဲ့ ထိလွယ်ရှလွယ် နေရာမျိုးမှာ တာဝန်ယူရင်း နိုင်ငံရဲ့ လုံခြုံရေးအတွက် တစ်ထောင့်တစ်နေရာက တာဝန်ယူပေးနေတာကို အသိအမှတ်ပြု ချီးကျူးထားခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေကြား အသေးစား ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သည်တစ်စီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း တင်းမာမှုတွေ ရှိနေပါတယ်။ အဲဒီနောက်ပိုင်းမှာ ထိုင်းဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်ဂိတ်တွေကိုလည်း ပိတ်ထားခဲ့ပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်းက ထိုင်းအနေနဲ့ နယ်စပ်ဂိတ်တွေကို ၂၄ နာရီအတွင်း ပြန်မဖွင့်ရင် ကမ္ဘောဒီးယားကလည်း ထိုင်းဖက်က တင်သွင်းတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် ပို့ကုန်တွေကို တားဆီးသွားမယ်လို့ ရာဇသံ ပေးခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကတော့ ထိုင်းအစိုးရဟာ အဲဒီဖိအားမျိုးကြောင့်တော့ ရပ်တည်ချက်တွေ ပြောင်းလဲမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။

ကိုးကား: Thaiger

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာ အလုပ်သမား အများအပြားရှိတဲ့ စျေးတစ်ခုကို ဒေသ အုပ်ချုပ်ရေးမှူး အမိန့်နဲ့ အာဏာပိုင်တွေက စီးနင်းပြီး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အပါအဝင် ဆိုက်ဘာရာဇဝတ် လှုပ်ရှားမှုတွေကို ဖြိုခွင်းနေရာမှာ တစ်ပတ်အတွင်း လူပေါင်း ၁၀၀၀ ကျော်လောက်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်နားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတချို့ ဖြစ်ခဲ့တဲ့နောက် အနီးတဝိုက် ဒေသခံတွေကို ထိုင်းစစ်တပ်က ယာယီ ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ခမာနီ ပြောက်ကျားတွေ လက်ထက်တုန်းက ကမ္ဘောဒီးယားမှာ လူပေါင်းများစွာကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့၊ အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နေရာတွေကို ကုသသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။