Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းရဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် တင်ပို့မှုတွေကို ကမ္ဘောဒီးယား စတင်ပိတ်ပင်

ကြိုတင် သတိပေးထားတဲ့အတိုင်း ထိုင်းဖက်က တင်သွင်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကမ္ဘောဒီးယားက ပိတ်ပင်လိုက်ပါတယ်။

Bangkok Post

ကြိုတင် သတိပေးထားတဲ့အတိုင်း ထိုင်းဖက်က တင်သွင်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကမ္ဘောဒီးယားက ပိတ်ပင်လိုက်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဟွန်ဆန်းက ထိုင်းကသာ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို တစ်ဖက်သတ် ပိတ်ထားတာကို ၂၄ နာရီအတွင်း ပြန်မဖွင့်ပေးရင် ကမ္ဘောဒီးယားကလည်း ထိုင်းဖက်က ပို့ကုန်တွေကို အရေးယူ ပိတ်ဆို့မှုတွေနဲ့ တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရက ကမ္ဘောဒီးယားရဲ့ သတိပေး တောင်းဆိုချက်ကို လိုက်လျောဖို့ ငြင်းဆန်ခဲ့တဲ့နောက် ဇွန်လ ၁၇ ရက်နေ့မှာ ကမ္ဘောဒီးယားကလည်း နယ်စပ် ဂိတ်တွေမှာ ထိုင်းရဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ ဖြတ်သန်း တင်ပို့ခွင့်ကို တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆွတ်ခ် ဗီယက်စ်နာက ဇွန်လ ၁၇ ရက်နေ့ကစလို့ ထိုင်းနဲ့ ထိစပ်ရာ ကမ္ဘောဒီးယား နယ်စပ်ဂိတ် အားလုံးမှာ ထိုင်းဖက်က ဝင်ရောက်လာတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ကုန်စည်တွေကို ဟန့်တားထားကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ တခြား ထိုင်းထုတ်ကုန်တွေကိုတော့ ကမ္ဘောဒီးယားဖက်ကို ဝင်ရောက်ခွင့် ပြုထားဆဲပါ။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေမှာတော့ နှစ်နိုင်ငံစလုံးရဲ့ နယ်ခြားဂိတ်တွေဟာ လူတွေ ဝင်ထွက်သွားလာတာကိုတော့ ဆက်လက် ခွင့်ပြုထားကြပါတယ်။

ကမ္ဘောဒီးယား အရှေ့ပိုင်းက ခလွန်ရိုင် ခရိုင်ရဲ့ ဘန်ဟန်လက်ခ် နယ်ခြားဂိတ်မှာတော့ ဇွန်လ ၁၇ ရက် မနက်ပိုင်းမှာ ထိုင်းရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ တင်ဆောင်လာတဲ့ ထရပ်ကားတွေနဲ့ ကုန်တင်ယာဉ်ငယ် အစီး ၃၀ လောက် ဖြတ်သန်းခွင့် မရဘဲ တန်းစီနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီ ကားတွေမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေသာ မကဘဲ အေးခဲ အစားအသောက်တွေ၊ ပင်လယ်စာတွေကိုပါ သယ်ဆောင်လာကြတာလို့ မျက်မြင်တွေက ဆိုပါတယ်။

ကုန်ကား ယာဉ်မောင်းတွေက နှစ်ဖက် နယ်စပ် အရာရှိတွေကြား ဆွေးနွေး ညှိနှိုင်းမှုတွေကို စောင့်ဆိုင်းနေရဆဲလို့ ပြောပါတယ်။ ထိုင်းဖက်ကနေ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ တခြားထုတ်ကုန်တွေ တင်ဆောင်လာတဲ့ ယာဉ်တွေကတော့ ကမ္ဘောဒီးယားဖက်ကို ဆက်လက် ဝင်ရောက်နေကြဆဲပါ။

လက်ရှိ အခြေအနေမှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်ကိစ္စ အငြင်းပွားမှုတွေကို အကြောင်းပြုပြီး ဆက်ဆံရေး တင်းမာမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေကြား အသေးစား ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သည်တစ်စီး သေဆုံးခဲ့တဲ့ ကိစ္စကြောင့် အခုလို ဆက်ဆံရေး အေးခဲမှုတွေ ပေါ်ပေါက်လာတာပါ။ ကမ္ဘောဒီးယားဟာ နယ်စပ်အရေး အငြင်းအခုံတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ အဆုံးအဖြတ် ခံယူဖို့ တောင်းဆိုထားပေမယ့် ထိုင်းကတော့ ICJဟာ ဒီကိစ္စမှာ တိုက်ရိုက် စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ မယုံကြည်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။