Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းရဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် တင်ပို့မှုတွေကို ကမ္ဘောဒီးယား စတင်ပိတ်ပင်

ကြိုတင် သတိပေးထားတဲ့အတိုင်း ထိုင်းဖက်က တင်သွင်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကမ္ဘောဒီးယားက ပိတ်ပင်လိုက်ပါတယ်။

Bangkok Post

ကြိုတင် သတိပေးထားတဲ့အတိုင်း ထိုင်းဖက်က တင်သွင်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကမ္ဘောဒီးယားက ပိတ်ပင်လိုက်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဟွန်ဆန်းက ထိုင်းကသာ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို တစ်ဖက်သတ် ပိတ်ထားတာကို ၂၄ နာရီအတွင်း ပြန်မဖွင့်ပေးရင် ကမ္ဘောဒီးယားကလည်း ထိုင်းဖက်က ပို့ကုန်တွေကို အရေးယူ ပိတ်ဆို့မှုတွေနဲ့ တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရက ကမ္ဘောဒီးယားရဲ့ သတိပေး တောင်းဆိုချက်ကို လိုက်လျောဖို့ ငြင်းဆန်ခဲ့တဲ့နောက် ဇွန်လ ၁၇ ရက်နေ့မှာ ကမ္ဘောဒီးယားကလည်း နယ်စပ် ဂိတ်တွေမှာ ထိုင်းရဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ ဖြတ်သန်း တင်ပို့ခွင့်ကို တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆွတ်ခ် ဗီယက်စ်နာက ဇွန်လ ၁၇ ရက်နေ့ကစလို့ ထိုင်းနဲ့ ထိစပ်ရာ ကမ္ဘောဒီးယား နယ်စပ်ဂိတ် အားလုံးမှာ ထိုင်းဖက်က ဝင်ရောက်လာတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ကုန်စည်တွေကို ဟန့်တားထားကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ တခြား ထိုင်းထုတ်ကုန်တွေကိုတော့ ကမ္ဘောဒီးယားဖက်ကို ဝင်ရောက်ခွင့် ပြုထားဆဲပါ။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေမှာတော့ နှစ်နိုင်ငံစလုံးရဲ့ နယ်ခြားဂိတ်တွေဟာ လူတွေ ဝင်ထွက်သွားလာတာကိုတော့ ဆက်လက် ခွင့်ပြုထားကြပါတယ်။

ကမ္ဘောဒီးယား အရှေ့ပိုင်းက ခလွန်ရိုင် ခရိုင်ရဲ့ ဘန်ဟန်လက်ခ် နယ်ခြားဂိတ်မှာတော့ ဇွန်လ ၁၇ ရက် မနက်ပိုင်းမှာ ထိုင်းရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ တင်ဆောင်လာတဲ့ ထရပ်ကားတွေနဲ့ ကုန်တင်ယာဉ်ငယ် အစီး ၃၀ လောက် ဖြတ်သန်းခွင့် မရဘဲ တန်းစီနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီ ကားတွေမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေသာ မကဘဲ အေးခဲ အစားအသောက်တွေ၊ ပင်လယ်စာတွေကိုပါ သယ်ဆောင်လာကြတာလို့ မျက်မြင်တွေက ဆိုပါတယ်။

ကုန်ကား ယာဉ်မောင်းတွေက နှစ်ဖက် နယ်စပ် အရာရှိတွေကြား ဆွေးနွေး ညှိနှိုင်းမှုတွေကို စောင့်ဆိုင်းနေရဆဲလို့ ပြောပါတယ်။ ထိုင်းဖက်ကနေ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ တခြားထုတ်ကုန်တွေ တင်ဆောင်လာတဲ့ ယာဉ်တွေကတော့ ကမ္ဘောဒီးယားဖက်ကို ဆက်လက် ဝင်ရောက်နေကြဆဲပါ။

လက်ရှိ အခြေအနေမှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်ကိစ္စ အငြင်းပွားမှုတွေကို အကြောင်းပြုပြီး ဆက်ဆံရေး တင်းမာမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေကြား အသေးစား ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သည်တစ်စီး သေဆုံးခဲ့တဲ့ ကိစ္စကြောင့် အခုလို ဆက်ဆံရေး အေးခဲမှုတွေ ပေါ်ပေါက်လာတာပါ။ ကမ္ဘောဒီးယားဟာ နယ်စပ်အရေး အငြင်းအခုံတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ အဆုံးအဖြတ် ခံယူဖို့ တောင်းဆိုထားပေမယ့် ထိုင်းကတော့ ICJဟာ ဒီကိစ္စမှာ တိုက်ရိုက် စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ မယုံကြည်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာ အလုပ်သမား အများအပြားရှိတဲ့ စျေးတစ်ခုကို ဒေသ အုပ်ချုပ်ရေးမှူး အမိန့်နဲ့ အာဏာပိုင်တွေက စီးနင်းပြီး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အပါအဝင် ဆိုက်ဘာရာဇဝတ် လှုပ်ရှားမှုတွေကို ဖြိုခွင်းနေရာမှာ တစ်ပတ်အတွင်း လူပေါင်း ၁၀၀၀ ကျော်လောက်ကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်နားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတချို့ ဖြစ်ခဲ့တဲ့နောက် အနီးတဝိုက် ဒေသခံတွေကို ထိုင်းစစ်တပ်က ယာယီ ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ခမာနီ ပြောက်ကျားတွေ လက်ထက်တုန်းက ကမ္ဘောဒီးယားမှာ လူပေါင်းများစွာကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့၊ အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နေရာတွေကို ကုသသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။