Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ စစ်ဦးစီး အရာရှိကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ပြော

လက်ရှိ စစ်ရေး ပဋိပက္ခ ကာလမှာ အီရန်ရဲ့ စစ်ဦးစီး အရာရှိ ဖြစ်လာသူ အလီ ရှက်ဒ်မန်နီကို ရှင်းလင်း သုတ်သင်ခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က ကြေညာခဲ့ပါတယ်။

လက်ရှိ စစ်ရေး ပဋိပက္ခ ကာလမှာ အီရန်ရဲ့ စစ်ဦးစီး အရာရှိ ဖြစ်လာသူ အလီ ရှက်ဒ်မန်နီကို ရှင်းလင်း သုတ်သင်ခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က ကြေညာခဲ့ပါတယ်။

တစ်နည်းအားဖြင့် အစ္စရေးဟာ ၅ ရက်အတွင်း အီရန်ရဲ့ အဆင့်အမြင့်ဆုံး စစ်ဘက်ရာထူး ရယူထားသူတွေကို နှစ်ယောက်ဆက်တိုက် လုပ်ကြံခဲ့ခြင်း ဖြစ်ပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အီရန်ကို စတင် တိုက်ခိုက်ချိန်တုန်းက အီရန်ရဲ့ စစ်ဦးစီး အရာရှိချုပ်ဖြစ်သူ ဂိုလာမာလီ ရာရှစ်ဒ်ကို လုပ်ကြံခဲ့ပါတယ်။ ဇွန်လ ၁၇ ရက်နေ့မှာတော့ IDFဟာ ရာရှစ်ဒ်နေရာကို အရေးပေါ် ဆက်ခံခဲ့သူ ရှက်ဒ်မန်နီကိုပါ ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့တာပါ။

ရှက်ဒ်မန်နီဟာ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီရဲ့ အနီးကပ် စစ်ရေး အကြံပေး တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ တဟီရန်မြို့လယ်မှာ IDF လေတပ်က လုပ်ဆောင်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားတာလို့ ဆိုပါတယ်။

IDFက တဟီရန် မြို့လယ်က စစ်ရေးဗဟို ဌာနချုပ် တစ်ခုကို တိတိကျကျ ချေမှုန်း တိုက်ခိုက်ခဲ့ပြီး အဲဒီ စစ်ဆင်ရေးမှာ အီရန်ရဲ့ စစ်ဦးစီး အရာရှိချုပ်ကို သုတ်သင်နိုင်ခဲ့တာလို့ ကြေညာသွားပါတယ်။ ရာထူးအရ ရှက်ဒ်မန်နီဟာ အီရန်ရဲ့ ပုံမှန် အစိုးရ စစ်တပ်ရော၊ နိုင်ငံရဲ့ အကြီးဆုံး လက်နက်ကိုင် အင်အားစုဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ်ကိုပါ ကြီးမှူးနေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရှက်ဒ်မန်နီနဲ့အတူ ပစ်မှတ်ထား ခံခဲ့ရတဲ့ အီရန်ရဲ့ စစ်ရေး ကွပ်ကဲမှု ဌာနဟာ ခါတမ်အယ်လ် အန်ဘီယာလို့ ခေါ်ပြီး အစ္စရေးကို လက်ရှိ တိုက်ခိုက်နေတဲ့ အီရန်ရဲ့ စစ်ဆင်ရေးတွေကို အဓိက တာဝန်ယူနေတဲ့ နေရာဌာန တစ်ခုလို့ IDFက ပြောပါတယ်။

အစ္စရေးက အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို စတင်တိုက်ခိုက်တဲ့ ဇွန်လ ၁၃ ရက်နေ့မှာပဲ အီရန်ရဲ့ စစ်ဦးစီး အရာရှိ ရာရှစ်ဒ်ကို IDFက ရှင်းလင်းခဲ့တာပါ။ အဲဒီနောက်မှာတော့ ဒုတိယ စစ်ဦးစီးဖြစ်ခဲ့သူ ရှက်ဒ်မန်နီဟာ ရာရှစ်ဒ်ရဲ့ အရိုက်အရာကို အလျင်အမြန် ဆက်ခံပြီး အစ္စရေးကို လက်တုံ့ပြန်တဲ့ စစ်ဆင်ရေးတွေမှာ ဦးစီး ကွပ်ကဲခဲ့ပါတယ်။

သူသေဆုံးခြင်းဟာ အီရန်အတွက်တော့ နောက်ထပ် ကြီးမားတဲ့ ထိုးနှက်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ IDFကတော့ ရန်သူရဲ့ စစ်ရေး အစီအမံတွေမှာ အရေးအပါဆုံး စီမံဆုံးဖြတ်တဲ့ ကွန်ရက်ကို စနစ်တကျ အောင်အောင်မြင်မြင် ဖျက်ဆီးနေနိုင်ဆဲ ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းကို ပိုပြီးမြန်မြန်၊ ပိုပြီးပြင်းပြင်းထန်ထန်နဲ့ နာနာကျင်ကျင် ထိုးနှက်သွားမယ်လို့ အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ အမေရိကန်တို့ဟာ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထားပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြသလို နှစ်ဖက်ကြား စစ်ရေးအရ တင်းမာမှုတွေဟာ ဆက်တိုက် ပြန်လည် မြင့်တက်လာနေပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ MQ-9A တိုက်ခိုက်ရေး ဒရုန်းတွေကို ဆုံးရှုံးမှု မြင့်တက်လာတဲ့နောက် အမေရိကန် လေတပ်ဟာ စျေးပိုသက်သာတဲ့ မျိုးဆက်သစ် ဒရုန်းတစ်မျိုးကို အစားထိုးနိုင်ရေး ပိုပြီး အရှိန်မြှင့် အားထုတ်လာနေပါတယ်။

နိုင်ငံတကာ

အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးအရ စွက်ဖက် ပါဝင်ရမလား ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။