Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဖွဲ့ငွေ စင်ကာပူဒေါ်လာ ၅၀၀၀၀ နီးပါး ခိုးသွားသူ ထောင်ဒဏ်ချမှတ်ခံရ

စင်ကာပူ နိုင်ငံမှာ စင်ကာပူဒေါ်လာ ၅၀၀၀၀ နီးပါး လက်ဖွဲ့ငွေတွေကို ခိုးသွားပြီး လောင်းကစားအတွက် သုံးဖြုန်းခဲ့သူကို ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။

ST Photo

စင်ကာပူ နိုင်ငံမှာ စင်ကာပူဒေါ်လာ ၅၀၀၀၀ နီးပါး လက်ဖွဲ့ငွေတွေကို ခိုးသွားပြီး လောင်းကစားအတွက် သုံးဖြုန်းခဲ့သူကို ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။

ဧပြီလတုန်းက မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ လက်ဖွဲ့ငွေတွေ စုထည့်ထားတဲ့ ပုံးတွေ ပျောက်ဆုံးနေတာကို သတိထားမိတဲ့နောက် ပျော်စရာနေ့ကနေ စိတ်ရှုပ်စရာတွေအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။ စင်ကာပူက မင်္ဂလာဆောင်တွေမှာ ကံကောင်းစေဖို့ ရည်ရွယ်ပြီး လက်ဖွဲ့ငွေတွေကို အနီရောင် စာအိတ်တွေထဲ ထည့်ပြီး ပေးလေ့ရှိပါတယ်။ အဲဒီ စာအိတ်တွေကို ပုံးတွေထဲ ထည့်ထားရာကနေ တရားခံ လီယီဝေက ပုံးနှစ်ခုကို ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။

လက်ဖွဲ့ငွေတွေ အခိုးခံရတဲ့ ကိစ္စကို မင်္ဂလာ ဇနီးမောင်နှံက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့နောက် ရဲတွေက ခြေရာခံ စုံစမ်းပြီး လီကို ရှာဖွေ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လီဟာ မင်္ဂလာပွဲ ကျင်းပတဲ့ ဟိုတယ်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ဖူးပြီး မင်္ဂလာခန်းမနဲ့ လက်ဖွဲ့လက်ခံတဲ့ နေရာတွေ အစီအစဉ်ချ ပြင်ဆင်ထားတာ အားလုံးကို ကောင်းကောင်း အကျွမ်းတဝင် ရှိသူပါ။

အသက် ၃၆ နှစ်အရွယ် အမျိုးသားဟာ ဖိတ်ကြားခံရတဲ့ စာရင်းထဲမှာ မပါပေမယ့် မင်္ဂလာပွဲနေ့မှာ ရောက်လာခဲ့ပြီး အခြေအနေ ပေးတဲ့အချိန်မှာ လက်ဖွဲ့ငွေ စာအိတ်တွေ ထည့်ထားတဲ့ ပုံးတွေကို အလစ်သုတ်သွားခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂၄ ရက်နေ့မှာတော့ စင်ကာပူ တရားရုံး တစ်ခုက လီဟာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၁ နှစ် ကျခံဖို့ အမိန့်ချခဲ့ပြီး ငွေကြေးတွေကိုလည်း မင်္ဂလာ မောင်နှံဆီ ပြန်ပေးလျော်ရမယ်လို့ ပြောပါတယ်။ တကယ်လို့ ပေးလျော်ဖို့ ပျက်ကွက်ရင် နောက်ထပ် ထောင်ဒဏ် ရက် ၁၀၀ ထပ်တိုးသွားမှာ ဖြစ်ပါတယ်။

လီဟာ စင်ကာပူဒေါ်လာ ၅၀၀၀၀ နီးပါးလောက် လက်ဖွဲ့ငွေတွေကို ခိုးယူသွားပြီးတဲ့နောက် အဲဒီထဲက ဒေါ်လာ ၁၂၂၀၀ ကို ၄ နာရီအတွင်း လောင်းကစားဝိုင်းတွေနဲ့ အဝတ်အစားအသစ်တွေ ဝယ်ယူရာမှာ သုံးဖြုန်း ပစ်ခဲ့ပါတယ်။ နောက်ပြီး ငွေအတော်များများကိုလည်း အလောင်းအစား ယူနစ်တွေ ဝယ်ယူဖို့ သုံးခဲ့ပြီး ၃ ရက်အတွင်း လောင်းကစားမှု ၁၉၅ ခု လုပ်ခဲ့ပါတယ်။ သူ့ကို ဖမ်းမိတဲ့ အချိန်မှာတော့ စင်ကာပူဒေါ်လာ ၃၀၀၀ လောက် ငွေသားကိုပဲ ရဲတွေက ရှာတွေ့ပါတော့တယ်။

စင်ကာပူမှာ ငွေကြေးတွေ လက်ဖွဲ့ခြင်းဟာ မင်္ဂလာပွဲ ကုန်ကျစရိတ်တွေအတွက် ဧည့်ပရိသတ်တွေက ဝိုင်းဝန်းပံ့ပိုး ကူညီတဲ့ သဘောလို့လည်း မှတ်ယူလေ့ ရှိပါတယ်။ လီအနေနဲ့ သူခိုးယူခဲ့တဲ့ လက်ဖွဲ့ငွေတွေကို ပြန်ပေးဆပ်နိုင်မလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သူဟာ မေလမှာ ကတည်းက ဖမ်းဆီး ချုပ်နှောင် ခံထားရပြီး အခုအခါမှာတော့ တရားရုံး စီရင်ချက်အရ ပြစ်ဒဏ်ကို စတင် ကျခံနေပြီ ဖြစ်ပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း

စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။