Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား စစ်လက်နက်တွေ ပစ်ခတ်နိုင်တဲ့ F-35A တိုက်လေယာဉ်တွေ ဝယ်ယူမယ်လို့ ဗြိတိန်ကြေညာ

နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်တဲ့ အမေရိကန်လုပ် F-35A တိုက်လေယာဉ် ၁၂ စီး ဝယ်ယူသွားမယ်လို့ ဗြိတိန် အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

Royal Air Force

နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်တဲ့ အမေရိကန်လုပ် F-35A တိုက်လေယာဉ် ၁၂ စီး ဝယ်ယူသွားမယ်လို့ ဗြိတိန် အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ ပြုလုပ်ခဲ့တဲ့ NATO စစ်မဟာမိတ် နိုင်ငံတွေ ထိပ်သီးညီလာခံမှာ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက အမေရိကန်ရဲ့ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်တဲ့ F-35-A တိုက်လေယာဉ်တွေ ဝယ်ယူမယ့် အကြောင်းကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန်ဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ F-35 တိုက်လေယာဉ် မျိုးကွဲတွေထဲကမှ ထောင်လိုက် အတက်အဆင်း ပြုလုပ်နိုင်တဲ့၊ ပြီးတော့ ပြေးလမ်း အတိုသာ လိုအပ်တဲ့ F-35B တိုက်လေယာဉ်တွေကို ဝယ်ယူ အသုံးပြုနေပြီးသားပါ။ အခု ထပ်ပြီး ဝယ်ယူမယ့် F-35Aတွေကတော့ ပုံမှန် ပြေးလမ်းတွေမှာ အတက်အဆင်း ပြုလုပ်ရမှာဖြစ်ပြီး စစ်လက်နက်တွေလည်း ပိုမို သယ်ယူနိုင်စွမ်း ရှိပါတယ်။

အရေးအကြီးဆုံး အချက်ကတော့ အဲဒီ F-35Aတွေဟာ သမားရိုးကျ စစ်လက်နက်တွေသာ မကဘဲ နျူကလီးယား လက်နက်တွေကိုပါ တပ်ဆင် ပစ်ခတ်နိုင်ခြင်း ဖြစ်ပါတယ်။ ဗြိတိန်က လေတပ်မှာ နျူကလီးယား အသုံးပြု တိုက်ခိုက်နိုင်စွမ်းကို ပေါင်းစပ်ပေးဖို့ အဲဒီ တိုက်လေယာဉ်တွေကို ဝယ်ယူမှာဖြစ်ပြီး အကျိုးဆက် အနေနဲ့ NATOရဲ့ နျူကလီးယား စစ်ဆင်ရေး စွမ်းရည်ကိုပါ ကူညီ ချဲ့ထွင်ပေးနိုင်မယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေမှာတော့ ဗြိတိန်ဟာ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေကို ရေငုပ်သင်္ဘောတွေကနေပဲ အခြေစိုက် ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။ ဥရောပ နိုင်ငံတွေမှာတော့ ပြင်သစ်က ရေတပ်သာ မကဘဲ လေတပ်ကိုပါ အသုံးပြုပြီး နျူကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်နိုင်စွမ်းမျိုး ပိုင်ဆိုင်ထားပြီး အခုတော့ ဗြိတိန်ကပါ အဲဒီလို စွမ်းဆောင်ရည်မျိုးကို တည်ဆောက်တော့မှာပါ။

လေကြောင်းကနေ တိုက်ခိုက်နိုင်တဲ့ နျူကလီးယား စစ်ဆင်ရေး စွမ်းရည်ပါ ပိုင်ဆိုင်လာတဲ့အခါ ဗြိတိန်ဟာ အကျပ်အတည်း ကာလမှာ အဲဒီလက်နက်တွေကို လက်တွေ့ အသုံးပြုဖို့ ပိုပြီး ချောမွေ့ အဆင်ပြေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိန်ရော၊ ပြင်သစ်ပါ မြေပြင်အခြေစိုက် နျူကလီးယား စစ်လက်နက်တွေ ပိုင်ဆိုင်ထားခြင်းတော့ မရှိပါဘူး။

နျူကလီးယား လက်နက် တပ်ဆင်နိုင်တဲ့ F-35Aတွေ ဝယ်ယူပြီးရင် ဗြိတိန်ဟာ NATOရဲ့ လေတပ် နျူကလီးယား မစ်ရှင်မှာပါ ပူးပေါင်းသွားမယ်လို့လည်း စတာမာက ပြောပါတယ်။ လောလောဆယ်တော့ အဲဒီ မစ်ရှင်အတွက် မဟာမိတ် တိုက်လေယာဉ်တွေကို အမေရိကန်က ဥရောပမှ ဖြန့်ကျက်ထားတဲ့ B61 နျူကလီးယားဗုံးတွေ တပ်ဆင်ပေးထားပါတယ်။

F-35Aတွေ ဝယ်ယူပြီး လေတပ်ရဲ့ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကို တည်ဆောက်မယ့် ဆုံးဖြတ်ချက်ဟာ မျိုးဆက်တစ်ခုအတွင်း နိုင်ငံရဲ့ အကြီးမားဆုံး နျူကလီးယား စစ်ရေးစွမ်းရည်ဆိုင်ရာ အရွေ့တစ်ခု ဖြစ်တယ်လို့ ဗြိတိန် ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။

လက်ရှိမှာတော့ အမေရိကန်ရဲ့ B61 နျူကလီးယားဗုံးတွေကို သယ်ယူ ပစ်ခတ်နိုင်တဲ့ တိုက်လေယာဉ်မျိုးတွေကို ဂျာမနီနဲ့ အီတလီတို့ အပါအဝင် NATO အဖွဲ့ဝင် ၇ နိုင်ငံက ပိုင်ဆိုင်ထားပါတယ်။

ဗြိတိန်မှာ ရှိရင်းစွဲဖြစ်တဲ့ F-35B အမျိုးအစားတွေကတော့ လေယာဉ်တင် သင်္ဘောတွေမှာ အခြေစိုက်နိုင်အောင် ဦးစားပေး တည်ဆောက်ထားပြီး နျူကလီးယား လက်နက်တွေ တပ်ဆင်ပစ်ခတ်နိုင်တဲ့ စွမ်းရည်မျိုးတော့ မရှိဘူးလို့ သိရပါတယ်။

ကိုးကား: TWZ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ တည်ရှိပြီး ဗြိတိန် အစိုးရက လက်လွှတ်ဖို့ စီစဉ်နေတဲ့ ကျွန်းစုတစ်ခုကို အမေရိကန် အစိုးရက ဝယ်ယူဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။