Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ်ခဲ့ရင်တောင် ဟားမားစ်ကို အမြစ်ဖြတ် ချေမှုန်းဖို့ စိတ်ပိုင်းဖြတ်ထားဆဲလို့ အစ္စရေး ဝန်ကြီးချုပ်ပြော

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂါဇာကမ်းမြှောင် ဒေသမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတဲ့တိုင် ဟားမားစ် ပြောက်ကျားအဖွဲ့ကို အမြစ်ဖြတ် ချေမှုန်းမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပြင်မှာ မဟုတ်ကြောင်း ပြောပါတယ်။

AP

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂါဇာကမ်းမြှောင် ဒေသမှာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတဲ့တိုင် ဟားမားစ် ပြောက်ကျားအဖွဲ့ကို အမြစ်ဖြတ် ချေမှုန်းမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပြင်မှာ မဟုတ်ကြောင်း ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မဟာမိတ် အစ္စရေး နိုင်ငံဟာ ဂါဇာမှာ ၂ လကြာ အပစ်ရပ်ဖို့ အခြေခံ အချက်တွေကို လိုက်လျော သဘောတူထားပြီလို့ ပြောကြားခဲ့သလို ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကလည်း အပစ်ရပ်ကိစ္စ ဆွေးနွေးနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ မကြာခင် ဝါရှင်တန် ဒီစီမှာ ထရမ့်နဲ့ သွားရောက်တွေ့ဆုံဖို့ စီစဉ်ထားတဲ့ နေတန်ညာဟုကတော့ အပစ်ရပ်ခဲ့ရင်တောင်မှ ဟားမားစ်တွေ အမြစ်မပြတ်မချင်း အစ္စရေး တိုက်ခိုက်နေတဲ့ စစ်ပွဲက ရပ်မှာ မဟုတ်ဘူးဆိုတဲ့ သဘောမျိုး ဇူလိုင် ၃ ရက်နေ့မှာ သတိပေး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဟားမားစ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားရာမှာတော့ နောက်ဆုံး ရရှိထားတဲ့ အပစ်ရပ် အဆိုပြုချက်ကို လေ့လာနေပြီး တိုက်ခိုက်မှုတွေကို အဆုံးသတ်နိုင်မယ့် သဘောတူညီမှုတစ်ခု ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ ပြီးတော့ ဂါဇာကမ်းမြှောင် ဒေသကနေ အစ္စရေးတပ်တွေ အလျင်အမြန် ရုပ်သိမ်းစေဖို့နဲ့ ဒေသခံ လူထုအတွက် ထောက်ပံ့ရေး အကူအညီတွေ ရရှိစေဖို့လည်း ရည်ရွယ်ထားတယ်လို့ ဟားမားစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ နေတန်ညာဟုကတော့ အစ္စရေးဟာ ဟားမားစ်တွေ ဖမ်းဆီးထားဆဲ ဓားစာခံ အားလုံး ပြန်လွတ်အောင် လုပ်ဆောင်မှာ ဖြစ်သလို ဟားမားစ်ကိုလည်း အမြစ်ဖြတ် ချေမှုန်းမှာ ဖြစ်ကြောင်း၊ ဟားမားစ်ဆိုတာ ထပ်မရှိစေဖို့လိုကြောင်း ပြောပါတယ်။

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ဂီဒီယွန် ဆားကတော့ သူဟာ ဟားမားစ်တွေ လက်ထဲက ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အပေါင်းလက္ခဏာဆန်ဆန် မျှော်လင့်ထားကြောင်း အစောပိုင်းတုန်းက မှတ်ချက်ပေးခဲ့ပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းက အစ္စရေး နယ်စပ်ကို ဖြတ်ကျော်ပြီး ဟားမားစ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ဓားစာခံ ၂၅၁ ဦးကို ဂါဇာဖက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ ဓားစာခံ ၄၉ ဦးဟာ လက်ရှိ အချိန်ထိ ဟားမားစ်ရဲ့ ထိန်းသိမ်းမှုကို ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၇ ဦးက သေဆုံးပြီး ဖြစ်လိမ့်မယ်လို့ အစ္စရေးစစ်တပ်က ခန့်မှန်းထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ မဟာမိတ် အီရန်နိုင်ငံကို ဟားမားစ် ပြောက်ကျားအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီး အဲဒီအတွက် လက်တုံ့ပြန်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟားမားစ်ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အစ္စရေး သမ္မတဆီကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အသနားခံ လျှောက်ထားလိုက်ပါတယ်။