Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုသီတွေရဲ့ ဆိပ်ကမ်း ၃ ခုကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးပြော

အစ္စရေးကို လက်ရွယ်ရင် အဲဒီရွယ်တဲ့ လက်ကို ဖြတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဆို

AP

ယီမင်နိုင်ငံမှာရှိတဲ့ ဟိုသီတွေရဲ့ ဆိပ်ကမ်းသုံးခုကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။

ဇူလိုင် ၆ ရက်နေ့က အစ္စရေး စစ်တပ်ဟာ ဟူဒေဒါ၊ ရက်စ်အစ္စာနဲ့ ဆိုင်ဖ်ဆိပ်ကမ်းတွေ တဝိုက်မှာ နေထိုင်တဲ့ အရပ်သားတွေ အရေးပေါ် ပြောင်းရွှေ့ကြဖို့ သတိပေး ကြေညာခဲ့ပြီး သိပ်မကြာခင်မှာပဲ ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲကုန်တာ ဖြစ်ပါတယ်။

အီရန်အစိုးရက ဩဇာညောင်းတဲ့ ဟိုသီတွေဟာ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရကို ပုန်ကန်တိုက်ခိုက်ပြီး ယီမင်ရဲ့ အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အင်အားစုလည်း ဖြစ်ပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဆိပ်ကမ်းတွေကို တိုက်ခိုက်ခဲ့ရာမှာ ပစ်မှတ်တစ်ခုဟာ အရပ်ဖက် ကုန်သွယ်ရေကြောင်းသင်္ဘော Galaxy Leaderလည်း အပါအဝင် ဖြစ်တယ်လို့ ပြောပါတယ်။ ဟိုသီတွေဟာ ၂၀၂၃ ခုနှစ်တုန်းက အဲဒီသင်္ဘောကို အပိုင်စီးခဲ့ပြီးတဲ့နောက် ယီမင်ကမ်းလွန် နိုင်ငံတကာ ရေပိုင်နက်ထဲက သင်္ဘောတွေ အသွားအလာကို စောင့်ကြည့်ဖို့ အသုံးချနေကြောင်း သူက စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအပြီး ယီမင်ဖက်ကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်း ပျံတက်လာတာကြောင့် ကြားဖြတ်ပစ်ချဖို့ စီစဉ်နေတယ်လို့လည်း ကတ်ဇ်က ပြောပါတယ်။ အဲဒီ ကြားဖြတ်ဟန့်တားမှု အစီအစဉ် အောင်မြင်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ဟိုသီတွေရဲ့ ပြန်ကြားရေးပိုင်းကို တာဝန်ယူနေတဲ့ မီဒီယာတွေက ဟူဒေဒါဆိပ်ကမ်းမှာ အစ္စရေး တိုက်ခိုက်တာ ခံရကြောင်း ဖော်ပြပေမယ့် ထိခိုက်သေဆုံးမှုနဲ့ အပျက်အစီးတွေ အကြောင်းတော့ အသေးစိတ် မထုတ်ပြန်ခဲ့ပါဘူး။

ကတ်ဇ်ကတော့ ဟိုသီတွေဟာ အစ္စရေးအပေါ် ရန်လိုတဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် နောက်ထပ်လည်း ကြီးကြီးမားမားတွေ ပေးဆပ်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။ ယီမင်ဟာလည်း အီရန်လို ကံကြမ္မာမျိုး ကြုံသွားနိုင်ကြောင်း၊ အစ္စရေးကို ထိခိုက်အောင် ကြိုးစားတဲ့၊ ကြိုးစားချင်တဲ့ ဘယ်သူမဆို၊ အစ္စရေးကို ရန်လိုပြီး လက်ရွယ်တဲ့ ဘယ်သူမဆို သူတို့လက်တွေ အဖြတ်ခံရမှာ ဖြစ်တယ်လို့ သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ဟိုသီတွေဟာ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းတွေဖက်က ရပ်တည်ကြောင်း ပြသတဲ့ အနေနဲ့ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တာတွေ၊ ယီမင်ကမ်းလွန်ကနေ ဖြတ်သန်း ခုတ်မောင်းသွားတဲ့ အစ္စရေး အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ခဲ့ဖူးပါတယ်။

အစ္စရေးကလည်း အီရန်မဟာမိတ်ဖြစ်တဲ့ ဟားမားစ်တွေနဲ့ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်မက် ဖြစ်ပွားခဲ့ရာက ပြီးခဲ့တဲ့ လတွေအတွင်း အီရန်မဟာမိတ် အင်အားစုတွေအပေါ် တိုက်ခိုက်မှုတွေကိုပါ သိသိသာသာ အရှိန်မြှင့်လာခဲ့ပါတယ်။

အစ္စရေးဟာ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာတွေနဲ့ ယီမင်မှာရှိတဲ့ ဟိုသီတွေကိုလည်း တိုက်ခိုက်ခဲ့သလို ပြီးခဲ့တဲ့ လကလည်း အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ရေး အဆောက်အအုံတွေကို လေကြောင်းကနေ ထိုးစစ်ဆင်ခဲ့တာကြောင့် နှစ်နိုင်ငံကြား ၁၂ ရက်ကြာ စစ်ရေးပဋိပက္ခ ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကာကွယ် ပြောဆိုသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

Facebook