Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေ့ကျင့်နေတဲ့ မလေးရှား ရဲရဟတ်ယာဉ် ပျက်ကျ၊ ၅ ဦး ဒဏ်ရာရ

လေ့ကျင့်ပျံသန်းနေတုန်း မလေးရှား ရဲတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

BERNAMA/ST

လေ့ကျင့်ပျံသန်းနေတုန်း မလေးရှား ရဲတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၀ ရက်နေ့တုန်းက ဂျိုဟော်မှာရှိတဲ့ နျူကလီးယား အရေးပေါ် အခြေအနေ သရုပ်တူ လေ့ကျင့်မှု အစီအစဉ် တစ်ခုအတွင်းမှာ ရဟတ်ယာဉ်ဟာ ဆွန်ဂိုင်ပူလိုင် မြစ်ထဲကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ရာထူးကြီး ရဲအရာရှိ ၂ ဦးအပါအဝင် ၅ ဦးလိုက်ပါသွားပြီး ဒဏ်ရာတွေ ရခဲ့ကြပေမယ့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုထဲမှာတော့ အဖြူရောင် ရဲရဟတ်ယာဉ်ဟာ မြစ်ရေပြင်ဆီ အရှိန်နဲ့ ကျဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။

ရဟတ်ယာဉ် ပျက်ကျတဲ့ နေရာဟာ လှေတွေ ဆိုက်ကပ်ရာ ဆိုက်ခံနဲ့ မီတာ ၂၀ လောက်သာ ကွာဝေးခဲ့ပါတယ်။ ရဟတ်ယာဉ် ပျက်ကျတဲ့ လေ့ကျင့်မှုမှာ မလေးရှားသာ မကဘဲ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေရဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ်ဟာ တန်ဂျွန် ကူပန် ရဲစခန်းကနေ ပျံတက်လာခဲ့ပြီး လေယာဉ်မှူး အပါအဝင် ၅ ဦး လိုက်ပါခဲ့တယ်လို့ မလေးရှား အရပ်ဖက် လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (CAAM)ကလည်း သီးခြား အတည်ပြုခဲ့ပါတယ်။ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် အမျိုးအစားဟာ AS355Nလို့လည်း CAAMက ဆိုပါတယ်။

ရဟတ်ယာဉ် ပျက်ကျပြီး မိနစ်ပိုင်းအတွင်းမှာတင် ၅ ဦးစလုံးကို မလေးရှား ရေကြောင်း လုံခြုံရေး ရဲဌာနက ဆိပ်ခံဆီကို ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး အနီးမှာရှိတဲ့ ဆူလ်တာနာ အမီနာ ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ရဟတ်ယာဉ် ပျက်ကျမှုအပြီး လေ့ကျင့်မှု အစီအစဉ်ကို ယာယီ ဆိုင်းငံ့ထားလိုက်ပြီး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။

Facebook