Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အသက် ၁၀၀ ပြည့် အထိမ်းအမှတ် ပျော်ပွဲစားထွက်ရင်း အမောဖောက်လို့ ဆေးရုံတက်ခဲ့ရတဲ့ မဟာသီယာ မိုဟာမက်

အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲစား ထွက်ရာက အမောဖောက်လာလို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ ဆေးရုံရောက်သွားခဲ့ပါတယ်။

The New York Times

အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲစား ထွက်ရာက အမောဖောက်လာလို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ ဆေးရုံရောက်သွားခဲ့ပါတယ်။

မလေးရှား ဝါရင့်နိုင်ငံရေးသမားကြီး မဟာသီယာဟာ ဇူလိုင် ၁၀ ရက်နေ့က အသက် ၁၀၀ ပြည့်ခဲ့ပါတယ်။ သူ့ရဲ့ဇနီး ဆီတီ ဟာစမာ မိုဟာမက် အလီကတော့ နောက်ထပ် ၂ ရက်အကြာမှာ အသက် ၉၉ နှစ် ပြည့်ခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာတော့ မဟာသီယာတို့ မိသားစုဟာ မွေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် ပျော်ပွဲစား ထွက်ခဲ့ကြပါတယ်။ မဟာသီယာဟာ ဆိတ်ငြိမ်တဲ့ နေရာတစ်ခုဆီ ကိုယ်တိုင် ကားမောင်းသွားခဲ့ပြီး အဲဒီနောက်မှာတော့ တစ်နာရီလောက် စက်ဘီး ပတ်စီးနေခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ စက်ဘီးစီးရင်း အမောဖောက်လာလို့ သူ့ကို ဆေးရုံတင်ခဲ့ရတာပါ။

ကွာလာလမ်ပူ မြို့တော်မှာရှိတဲ့ အမျိုးသား နှလုံးဌာနမှာ မဟာသီယာကို ထားရှိ စောင့်ကြည့်ခဲ့ပြီး ညနေပိုင်းမှာတော့ ဆရာဝန်တွေက အိမ်ပြန်ခွင့် ပြုခဲ့တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

မဟာသီယာဟာ နှလုံးရောဂါ အခံရှိသူဖြစ်ပြီး ခွဲစိတ်မှုတွေလည်း လုပ်ခဲ့ရဖူးပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သူဟာ ဆေးရုံလည်း မကြာခဏ တက်ခဲ့ရပါတယ်။ နောက်ဆုံးအကြိမ် ဆေးရုံတက်ခဲ့တာကတော့ အသက်ရှူလမ်းကြောင်း ပိုးဝင်မှု ခံစားရလို့ဖြစ်ပြီး မနှစ်က အောက်တိုဘာလတုန်းကပါ။

ကိုယ်တိုင်က အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ မဟာသီယာဟာ ၁၉၈၁ ကနေ ၂၀၀၃ ခုနှစ်ထိ ၂၂ နှစ်ကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ အဲဒီနောက် သူဟာ အတိုက်အခံတွေဖက်ကို ကူးပြောင်းသွားပြီး ၂၀၁၈ မှာ နောက်တစ်ကြိမ် ဝန်ကြီးချုပ် ထပ်ဖြစ်လာခဲ့ပေမယ့် အတွင်းပိုင်း အားပြိုင်မှုတွေကြောင့် သူ့ရဲ့ ညွန့်ပေါင်းအစိုးရဟာ ၂၀၂၀ ပြည့်နှစ်မှာ ပြိုကွဲသွားခဲ့ပါတယ်။

သူ့ရဲ့သား မော့ခ်ဇာနီ မဟာသီယာကတော့ ဖခင်ဖြစ်သူဟာ လောလောဆယ်မှာ ကျန်းမာရေးအရ စိုးရိမ်စရာ တစ်ခုခု ရှိမနေတော့ဘူးလို့ ပြောကြားထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။

Facebook