Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေ တွန်းထိုး ရန်ဖြစ်ခဲ့

နယ်စပ်နားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတချို့ ဖြစ်ခဲ့တဲ့နောက် အနီးတဝိုက် ဒေသခံတွေကို ထိုင်းစစ်တပ်က ယာယီ ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။

နယ်စပ်နားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတချို့ ဖြစ်ခဲ့တဲ့နောက် အနီးတဝိုက် ဒေသခံတွေကို ထိုင်းစစ်တပ်က ယာယီ ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။

ထိုင်းစစ်တပ်ရဲ့ အဆိုအရ ဆူရင်ပြည်နယ်မှာရှိတဲ့ တာမွန်သောင်မ် ရှေးဘုရားကျောင်းနားမှာ ကမ္ဘောဒီးယား အရပ်သူ အမျိုးသမီး တစ်ဦးက ထိုင်းစစ်သား တစ်ယောက်ကို အော်ဟစ် ရန်စခဲ့တယ်လို့ သိရပါတယ်။ အဲဒီအမျိုးသမီးက ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယား ပိုင်နက်ထဲ ကျူးကျော် နေရာယူထားတာလို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီနောက် ကမ္ဘောဒီးယား စစ်သား ၁၀ ယောက်လောက် ထပ်ရောက်လာပြီး ထိုင်းပိုင်နက်ထဲက လုံခြုံရေး ကင်းစခန်းမှာ နေရာယူထားတဲ့ ထိုင်းစစ်သားတွေကို ထွက်သွားဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပြဿနာကို အကြောင်းပြုပြီး နှစ်ဖက်ကြား အခြေအတင် စကားများ ရန်ဖြစ်ခဲ့ကြတာပါ။ မျက်မြင်တွေက နှစ်နိုင်ငံ စစ်သားတွေဟာ တွန်းထိုး ရန်လိုနေခဲ့ကြပေမယ့် သေနတ်နဲ့ ပစ်ခတ်တာမျိုးတော့ မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

နောက်တော့ ထိုင်းစစ်တပ် အရာရှိ တစ်ဦးက ပြဿနာကို ဝင်ဖြန်ဖြေပြီး တပ်ကူတွေလည်း လှမ်းခေါ်ခဲ့တဲ့အတွက် ကမ္ဘောဒီးယား စစ်သားတွေ ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း အနီးတဝိုက်မှာရှိတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ၊ စျေးသည်တွေ၊ ဒေသခံတွေနဲ့ တခြားအရပ်သားတွေကို ထိုင်းစစ်တပ်က အရေးပေါ် ပြောင်းရွှေ့ထားစေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားဖက်က အရပ်သားတွေကလည်း ရင်ဆိုင်တိုက်ပွဲ တစ်ခုခု ဖြစ်လာမှာကို စိုးရိမ်ပြီး အဆောတလျင် ထွက်ပြေးကုန်တယ်လို့ သိရပါတယ်။ ထိုင်းစစ်တပ်နဲ့ အရပ်ဖက် အာဏာပိုင်တွေကလည်း အဲဒီနားတဝိုက် နယ်စပ်ကို အသွားအလာ ပိတ်ဆို့ပြီး လုံခြုံရေး တင်းကျပ်ထားလိုက်ပါတယ်။

ထိုင်းစစ်တပ်ရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်မှာတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပါရှိခဲ့ပါတယ်။ ပြဿနာ စတင်စေခဲ့တဲ့ အမျိုးသမီးကိုတော့ နှစ်ဖက် စစ်သားတွေကပဲ ဆွေးနွေး ဖျောင့်ဖျခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

နှစ်နိုင်ငံ စစ်တပ်ကြား ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့ချိန် အတောအတွင်း ဘုရားကျောင်းထဲမှာ အခြေအနေ ဘယ်လို ရှိခဲ့သလဲ ဆိုတာကို တိတိကျကျ မသိရပါဘူး။ ဒါပေမဲ့ ထိုင်းစစ်တပ်နဲ့ ကမ္ဘောဒီးယားစစ်တပ် အရာရှိတွေ ညှိနှိုင်းပြီးတဲ့နောက် လောလောဆယ် ပြဿနာကို ပြေလည်အောင် ဆွေးနွေးထားပြီး ဖြစ်တယ်လို့တော့ ဆိုပါတယ်။

မေလတုန်းက ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ နှစ်ဖက် စစ်တပ်ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။