Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်တောင်ပိုင်းမှာ ဆင်တုပ်ကွေး ကူးစက်မှုတွေ အများအပြား ကြုံတွေ့နေ

တရုတ်နိုင်ငံ တောင်ပိုင်းမှာ ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ အများအပြား ကြုံတွေ့နေတယ်လို့ သိရပါတယ်။

Reuters

တရုတ်နိုင်ငံ တောင်ပိုင်းမှာ ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ အများအပြား ကြုံတွေ့နေတယ်လို့ သိရပါတယ်။

နိုင်ငံအနှံ့မှာ ဆင်တုပ်ကွေး လူနာတွေ ရှိနေပေမယ့် တောင်ပိုင်းဒေသတွေမှာ လူပေါင်း ၄၀၀၀ လောက်ထိ ရောဂါ ကူးစက် ခံထားရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆင်တုပ်ကွေး ကူးစက်မှုတွေကို စတင် ထောက်လှမ်း တွေ့ရှိခဲ့ပြီးတဲ့နောက် အခုလိုမျိုး လူနာဦးရေ ထိုးတက်လာတာလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ထဲမှာရှိတဲ့ ဖိုရှန်မြို့ဟာ လောလောဆယ် ဆင်တုပ်ကွေး ကူးစက်မှုတွေ အထူထပ်ဆုံး နေရာတစ်ခု ဖြစ်နေပါတယ်။

ခြင်ကနေ ကူးစက်တဲ့ ချီကွန်ဂွန်ညာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါ ကူးစက်မှုတွေဟာ အရမ်းပြင်းထန်တဲ့ အဆင့်မျိုး ဖြစ်နေဆဲပဲလို့ ရောဂါတားဆီး ထိန်းချုပ်ရေး အေဂျင်စီ ဒုတိယ ညွှန်ကြားရေးမှူး ဆွန်ယန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗိုင်းရပ်စ် သယ်ဆောင်တဲ့ ခြင်ကိုက်ခဲလို့ ဆင်တုပ်ကွေးရောဂါ ကူးစက် ခံရတဲ့အခါ ဖျားနာပြီး အဆစ်အမြစ်တွေ အပြင်းအထန် နာကျင်တာကို ခံစားရလေ့ရှိကြောင်း၊ ဒါပေမဲ့ သေဆုံးနိုင်ခြေ အရမ်းနည်းပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ထုတ်ပြန်ထားပါတယ်။

တရုတ်မှာတော့ ခြင်နှိမ်နင်းရေးကို ဖိဖိစီးစီး လုပ်ဆောင်ဖို့၊ ခြင်ထောင်တွေ အသုံးပြုဖို့၊ ပိုးသတ်ဆေးတွေဖြန်းဖို့ စတာတွေ မပျက်မကွယ် လုပ်ဆောင်ကြပါလို့ အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။

ရောဂါတားဆီး ထိန်းချုပ်ရေး အေဂျင်စီက ဒီရောဂါဟာ ပြည်ပကနေ ကူးစက်ဝင်ရောက်လာတာလို့ ပြောပေမယ့် ဘယ်နိုင်ငံကနေ ရောက်ရှိလာတာလဲ ဆိုတာကိုတော့ မှတ်ချက် ပေးမထားပါဘူး။

တရုတ်မှာ ဆင်တုပ်ကွေး ကူးစက်မှုတွေကို ၂၀၁၀ ပြည့်နှစ်က ပထမဆုံး ကြုံခဲ့ဖူးပြီး ကွမ်တုံပြည်နယ်ထဲက ဒေါင်ကွမ်းမြို့မှာ လူ ၂၅၀ ကျော် ကူးစက် ခံခဲ့ရပါတယ်။ နောက်ပိုင်းနှစ်တွေမှာလည်း ရာသီအလိုက် ဆင်တုပ်ကွေး ကူးစက်မှုတွေ ရှိခဲ့ပေမယ့် အခုလိုမျိုးတော့ အများအပြား ပျံ့နှံ့နေတာမျိုး မဖြစ်ခဲ့ပါဘူး။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။