Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အစ္စရေးရဲ့ လုပ်ရပ်တွေ မပြင်ရင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုမယ်လို့ ဗြိတိန် သတိပေး

ဂါဇာ ကမ်းမြှောင်ဒေသထဲက စိတ်မချမ်းသာစရာ အခြေအနေတွေ အပြောင်းအလဲ ရှိမလာရင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုရလိမ့်မယ်လို့ အစ္စရေးကို ဗြိတိန် ဝန်ကြီးချုပ်က သတိပေးသွားခဲ့ပါတယ်။

Reuters

ဂါဇာ ကမ်းမြှောင်ဒေသထဲက စိတ်မချမ်းသာစရာ အခြေအနေတွေ အပြောင်းအလဲ ရှိမလာရင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုရလိမ့်မယ်လို့ အစ္စရေးကို ဗြိတိန် ဝန်ကြီးချုပ်က သတိပေးသွားခဲ့ပါတယ်။

အစ္စရေးတပ်တွေ ဝင်ရောက်ပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့ ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ ပါလက်စတိုင်း ပြည်သူတွေ အများအပြား သေဆုံးပြီး အငတ်ဘေးဆိုက်မယ့် အခြေအနေမျိုးတွေပါ ကြုံနေရတဲ့နောက် အစ္စရေးအပေါ် နိုင်ငံတကာ ဖိအားပေးမှုတွေလည်း မြင့်တက်လာနေပါတယ်။

ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုခြင်းဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တူးတူးခါးခါး ကန့်ကွက်ထားတဲ့ ကိစ္စတစ်ခုပါ။ ကုလသမဂ္ဂ အဖွဲ့ဝင်တွေထဲက နိုင်ငံပေါင်း ၁၄၀ လောက်ဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုထားတာ၊ ဒါမှမဟုတ် နိုင်ငံတစ်ခုလို သဘောထား ဆက်ဆံနေတာတွေ ရှိပေမယ့် ကမ္ဘာ့စီးပွားရေး အင်အားကြီး G7 အဖွဲ့ဝင် အနောက်နိုင်ငံတွေကတော့ ပါလက်စတိုင်းကို အသိအမှတ် မပြုသေးပါဘူး။

Reuters

အခုလမှာတော့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က အဲဒီအစဉ်အလာကို ချိုးဖောက်ပြီး စက်တင်ဘာလ၊ ကုလသမဂ္ဂ ညီလာခံကျရင် ပြင်သစ်ဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် တရားဝင် အသိအမှတ် ပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မှာတော့ ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာကလည်း မာခရွန်ရဲ့ လမ်းစဉ်ကို လိုက်ဖို့ စဉ်းစားနေတဲ့ အဓိပ္ပါယ်မျိုး ထုတ်ပြောလာတာပါ။ ပြင်သစ်နဲ့ ဗြိတိန်လို နိုင်ငံကြီးတွေက ပါလက်စတိုင်းကို နိုင်ငံအဆင့် အသိအမှတ် ပြုလိုက်ခြင်းဟာ တခြားကမ္ဘာ့နိုင်ငံ အများစုရဲ့ အသိအမှတ်ပြုမှုထက် အများကြီး သက်ရောက်မှု ကြီးမားတာကြောင့် အစ္စရေးအတွက် ခါးသီးတဲ့ ရလဒ်မျိုး ဖြစ်လာမှာပါ။

Public Service Announcement

Public Service Announcement

စတာမာက စက်တင်ဘာလမှာ ပြင်သစ်နည်းတူ ဗြိတိန်ကပါ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုတာမျိုး မဖြစ်စေချင်ရင် အစ္စရေး အနေနဲ့ ဂါဇာက အခြေအနေတွေ ထင်သာမြင်သာ တိုးတက်လာအောင် လုပ်ပြရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ဒါတင် မကသေးဘဲ အပစ်အခတ် ရပ်စဲရေး၊ အစ္စရေး-ပါလက်စတိုင်း နှစ်ပြည်ထောင် ပူးတွဲရပ်တည်မှုဆိုတဲ့ ဖြေရှင်းရေး နည်းလမ်းအပေါ် ငြိမ်းချမ်းတဲ့ ရှုထောင့်ကနေ ရေရှည်ချဉ်းကပ်ရေး၊ ကုလသမဂ္ဂ အေဂျင်စီတွေက ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်မှု လွတ်လွတ်လပ်လပ် ပြန်စနိုင်အောင် ခွင့်ပြုရေးစတဲ့ တောင်းဆိုမှုတွေကိုလည်း အစ္စရေးက ဖြည့်ဆည်းပေးရမယ်လို့ သူက ဆက်ပြောပါတယ်။

တကယ်လို့ အစ္စရေးဖက်က ဆက်ပြီး ခေါင်းမာနေမယ် ဆိုရင်တော့ စက်တင်ဘာလကျရင် ဗြိတိန်ဟာ သင့်တော်တဲ့ ခြေလှမ်းတစ်ခုခုကို ရွေးရလိမ့်မယ်လို့ စတာမာက ဆိုပါတယ်။

နေတန်ညာဟုကတော့ စတာမာရဲ့ သဘောထားကို တူးတူးခါးခါး ဝေဖန်ခဲ့ပြီး ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုတယ်ဆိုတာဟာ ဟားမားစ်တွေရဲ့ ဆိုးယုတ်တဲ့ မကောင်းဆိုးရွား ဝါဒကို ဆုချလိုက်တာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်လို့ ပြောကြားသွားပါတယ်။

ဗြိတိန် အစိုးရဟာ အစောပိုင်းတုန်းကတော့ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုခြင်းက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေမှာ ကမောက်ကမ ဖြစ်သွားတာမျိုး အပါအဝင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာစေနိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။ ဒါပေမဲ့ ဂါဇာမှာ အစ္စရေးက လွန်ကဲတဲ့ လုပ်ရပ်တွေ ဆက်တိုက် ကျူးလွန်နေတဲ့နောက် စတာမာရဲ့ အစိုးရဟာ လုပ်သင့်တာတွေကို မြန်မြန်လုပ်ဖို့ အာဏာရ ပါတီထဲက အမတ်တွေ ကိုယ်တိုင်ကပါ ဖိအားပေး တောင်းဆိုတာတွေ ကြုံလာရပါတယ်။

စတာမာရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးက ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို မသိရသေးပေမယ့် လိုက်လျော လက်ခံဖို့ ဖြစ်နိုင်ခြေကတော့ အရမ်းနည်းပါတယ်။ ပြီးတော့ လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးဖြစ်တဲ့ နေတန်ညာဟုဟာ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ သဘောထား အမြင်ကို အစဉ်တစိုက် ခါးခါးသီးသီး ငြင်းဆိုနေသူလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။