Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး နေရာအတွက် ယှဉ်ပြိုင်မယ် ဆိုတာကို ဟားရစ် ငြင်းဆို

ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်နေကြောင်း သတင်းတွေကို အမေရိကန် ဒုတိယ သမ္မတဟောင်း ကာမာလာ ဟားရစ်က ငြင်းဆိုခဲ့ပါတယ်။

The New York Times

ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်နေကြောင်း သတင်းတွေကို အမေရိကန် ဒုတိယ သမ္မတဟောင်း ကာမာလာ ဟားရစ်က ငြင်းဆိုခဲ့ပါတယ်။

ဟားရစ်ဟာ ပြီးခဲ့တဲ့နှစ် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်ကို စိန်ခေါ်ခဲ့ပေမယ့် အရေးနိမ့်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ ဒုတိယ သမ္မတအဖြစ် တာဝန်ယူခဲ့သူ ဟားရစ်ဟာ အဲဒီ စိတ်ပျက်စရာ ရလဒ်အပြီးမှာတော့ ဇာတိ ကယ်လီဖိုးနီးယား ပြည်နယ်မှာပဲ တကျော့ပြန် အာရုံစိုက်ထားပြီး လာမယ့်နှစ် ပြည်နယ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီမိုကရက်တစ်ပါတီရဲ့ ထိပ်တန်း အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အသက် ၆၀ အရွယ် ဟားရစ်ကတော့ အထက်လွှတ်တော် အမတ်တစ်ဦး၊ အစိုးရ ရှေ့နေတစ်ဦးအဖြစ် သူအလုပ်လုပ်ခဲ့တဲ့ ကယ်လီဖိုးနီးယားမှာ ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် ယှဉ်ပြိုင်မယ် ဆိုတာကို ပယ်ချသွားခဲ့ပါတယ်။

သေသေချာချာ စေ့စေ့စပ်စပ် ဆန်းစစ် တွေးတောပြီးတဲ့နောက် သူဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဟားရစ်က လူမှုကွန်ရက် မီဒီယာမှာ ရေးသား ကြေညာခဲ့ပါတယ်။ သူက အနာဂတ်အတွက် ဘာတွေ စီမံ ပြင်ဆင်ထားတယ် ဆိုတာကို နောက်ပိုင်းကျရင် လူထုဆီ သီးသန့် အသိပေးမယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကြေညာချက်ကြောင့်ပဲ ဟားရစ်ဟာ နောက်တစ်ကြိမ် သမ္မတ နေရာအတွက် အားထုတ်လာနိုင်ကြောင်း ထင်ကြေးတွေကို ဆက်လက် ရှင်သန်လာစေခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကယ်လီဖိုးနီးယား ပြည်နယ် ရွေးကောက်ပွဲမှာ လက်ရှိ အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်အတွက် အဓိက ပြိုင်ဘက် ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကိုလည်း အဆုံးသတ်သွားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက အတော်လေး ခါးခါးသီးသီး အရေးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး ပါတီတွင်း စိုးရိမ်မှုတွေကို လိပ်မူတဲ့ သဘောထား မှတ်ချက်မျိုးကိုလည်း ဟားရစ်က သူ့ရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။ ပါတီအနေနဲ့ နည်းလမ်းအသစ်တွေ၊ လတ်ဆတ်တဲ့ အတွေးအခေါ်မျိုးတွေကနေတဆင့် နည်းလမ်းအသစ်တွေကို ရှာဖွေရမှာ ဖြစ်ကြောင်း၊ ပါတီရဲ့ တန်ဖိုးထားမှုတွေ၊ စံနှုန်းတွေကို ဆက်လက် ဆုပ်ကိုင်ထားရမှာ ဖြစ်ပေမယ့် အရင်လမ်းဟောင်းကြီးအတိုင်းတော့ ဆက်သွားလို့ မရကြောင်း သူက ထောက်ပြထားပါတယ်။

ကယ်လီဖိုးနီးယားဟာ အမေရိကန်မှာတော့ စီးပွားရေး အင်အား အတောင့်တင်းဆုံး ပြည်နယ်ဖြစ်ပါတယ်။ တကယ်လို့ ကယ်လီဖိုးနီးယားဟာ ပြည်နယ်တစ်ခု မဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်မယ်ဆိုရင် ကမ္ဘာပေါ်မှာ တစ်နှစ်တာ ကုန်ထုတ်စီးပွား ပမာဏ (GDP) အမြင့်ဆုံး အဆင့် ၅ နေရာမှာ ရပ်တည်နိုင်မယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကြို ကာလမှာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နေရာကို ကာမာလာ ဟားရစ်နဲ့ အစားထိုး ယှဉ်ပြိုင်စေခဲ့တဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဆုံးဖြတ်ချက် မှားခဲ့တယ်လို့ သူယူဆကြောင်း ဟောလိဝုဒ် နာမည်ကျော်မင်းသား ဂျော့ဂျ်ကလူနီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင်နယူဆွမ်ကို ဖမ်းဆီးသင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့တဲ့နောက် နယူဆွမ်ကလည်း ထရမ့်ဟာ အာဏာရှင် ဖြစ်လာနေပြီလို့ တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၂၈ ခုနှစ် အမေရိကန် ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ဟားရစ်ဟာ ရေပန်းအစားဆုံး မဟုတ်တော့ဘူးလို့ စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးတော့ လက်ရှိ အစိုးရရဲ့ ဒုတိယ သမ္မတလည်းဖြစ်တဲ့ သူက အာဏာလွှဲပြောင်းရေး ကိစ္စတွေ ချောမွေ့စေဖို့ ထရမ့်ကို ကူညီသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။