Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာဒေသ တစ်ခုလုံးကို သိမ်းယူဖို့ အစ္စရေး ဝန်ကြီးချုပ် ဆုံးဖြတ်လိုက်ကြောင်း သတင်းထွက်နေ

ဂါဇာ ကမ်းမြှောင်ဒေသ တစ်ခုလုံးကို တိုက်ခိုက်သိမ်းယူဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆုံးဖြတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Reuters

ဂါဇာ ကမ်းမြှောင်ဒေသ တစ်ခုလုံးကို တိုက်ခိုက်သိမ်းယူဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆုံးဖြတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အစ္စရေး ဝန်ကြီးချုပ်ရုံးရဲ့ အတွင်းသတင်း ရင်းမြစ်တချို့က ဝန်ကြီးချုပ်ဟာ အဲဒီဆုံးဖြတ်ချက်ကို အခိုင်အမာ ရွေးချယ်ပြီး ဖြစ်တယ်လို့ Jerusalem သတင်းဌာနဆီ ဩဂုတ် ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

နေတန်ညာဟုက ဂါဇာမှာ အစ္စရေး ဓားစာခံတွေကို ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်က ထိန်းချုပ်ထားတယ်လို့ ယုံကြည်ရတဲ့ နေရာတွေကိုပါ စစ်ရေးအရ တိုက်ခိုက်ရှင်းလင်း သိမ်းယူဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ အခြေအနေဟာ ဓားစာခံတွေရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် အန္တရာယ်မျိုးလည်း ရှိနေပါတယ်။

နေတန်ညာဟုက သူ့ရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေး စစ်ဦးစီးအရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး အီယဲလ် ဇာမားဆီကိုလည်း အသိပေးထားပြီး အမြင်ချင်း မတူရင် နုတ်ထွက်နိုင်တယ်လို့ပါ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုသတင်းတွေနဲ့ ပတ်သက်ပြီး ဟားမားစ်ဖက်ကတော့ အစ္စရေးရဲ့ ခြိမ်းခြောက်မှုတွေဟာ ထပ်တလဲလဲ ဖြစ်နေပြီး အာရုံစိုက်ဖို့ မထိုက်တန်ကြောင်း၊ အစ္စရေးက ဘာလုပ်လုပ် ဟားမားစ်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ် ရပ်တည်မှုတွေကို ထိခိုက်နိုင်မှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။

လောလောဆယ်မှာတော့ အစ္စရေးနဲ့ ဟားမားစ်ကြားက အပစ်ရပ် ဆွေးနွေးမှုတွေဟာ တိုးတက်မှု မရှိဘဲ ရပ်တန့်နေပါတယ်။ ဟားမားစ်တွေက အစ္စရေးရဲ့ ပိတ်ဆို့မှုတွေကြောင့် ဂါဇာမှာ အငတ်ဘေး ဆိုက်မယ့် အခြေအနေ ကြုံနေကြောင်း စွပ်စွဲပြီး ထောက်ပံ့ရေး ယာဉ်တန်းတွေ အများအပြား ဝင်ရောက်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

ပါလက်စတိုင်း ပြည်သူတွေဆီ လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပို့ဆောင်နိုင်ဖို့ဆိုရင် အစ္စရေးက ပိတ်ဆို့ထားတဲ့ စင်္ကြံလမ်းကြောင်းတွေ ပြန်ဖွင့်ပေးဖို့ လိုကြောင်း ဟားမားစ်က ပြောပေမယ့် အခုတော့ နေတန်ညာဟုက ဂါဇာဒေသ တစ်ခုလုံးကို စစ်ရေးအရ သိမ်းယူဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ စထွက်လာတာ ဖြစ်ပါတယ်။

နေတန်ညာဟုက ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေဟာ ဟားမားစ်အဖွဲ့ လုံးဝဥဿုံ အဆုံးသတ်သွားတဲ့ အချိန်ကျမှ အောင်မြင်ပြီးမြောက်တယ်လို့ ယူဆမှာဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။

ကိုးကား: Jerusalem Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။