Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား ဗုံးကြဲ လေယာဉ်တွေကို ဥရောပနဲ့ ပိုနီးတဲ့နေရာတွေဆီ ရုရှား ရွှေ့ပြောင်း

ရုရှားကို သတိပေးတဲ့ သဘောမျိုးအဖြစ် အမေရိကန်က နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ ဖြန့်ကျက်ခဲ့တဲ့နောက် ရုရှားကလည်း နျူကလီးယား ဗုံးကြဲလေယာဉ်ကြီးတွေကို ဥရောပနဲ့ ပိုနီးတဲ့ နေရာတွေကို ရွှေ့ပြောင်း အခြေစိုက်စေခဲ့ပါတယ်။

Russian Defense Ministry

ရုရှားကို သတိပေးတဲ့ သဘောမျိုးအဖြစ် အမေရိကန်က နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ ဖြန့်ကျက်ခဲ့တဲ့နောက် ရုရှားကလည်း နျူကလီးယား ဗုံးကြဲလေယာဉ်ကြီးတွေကို ဥရောပနဲ့ ပိုနီးတဲ့ နေရာတွေကို ရွှေ့ပြောင်း အခြေစိုက်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန် ရေတပ်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘော နှစ်စီးကို နေရာရွှေ့ပြောင်း ဖြန့်ကျက်စေခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်ရုံးလည်းဖြစ်၊ ရုရှား သမ္မတဟောင်း တစ်ဦးလည်းဖြစ်ပြီး လက်ရှိ ရုရှား လုံခြုံရေး ကောင်စီ ဒုတိယ အကြီးအကဲအဖြစ် တာဝန်ယူထားသူ ဒီမစ်ထရီ မက်ဗီဒက်ဗ် ပြောဆိုတဲ့ မှတ်ချက် စကားတွေက အမေရိကန်ကို စိန်ခေါ် ခြိမ်းခြောက်တယ်လို့ ယူဆတဲ့အတွက် ရေငုပ်သင်္ဘောတွေ နေရာရွှေ့ပြီး ဖြန့်ကျက်ဖို့ အမိန့်ပေးခဲ့တာလို့ ထရမ့်က ဆိုပါတယ်။

ဒါပေမဲ့ အဲဒီ ရေငုပ်သင်္ဘောတွေ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကိုတော့ သူက အတိအကျ ထုတ်မပြောခဲ့ပါဘူး။ ရေငုပ်သင်္ဘောတွေရဲ့ လက်ရှိ မစ်ရှင်ဟာ ရုရှားရဲ့ ခြိမ်းခြောက်တဲ့ စကားတွေကို တန်ပြန်ဖို့ ဖြစ်တယ်လို့တော့ ထရမ့်က အတည်ပြုခဲ့ပါတယ်။

အဲဒီနောက် ဩဂုတ် ၄ ရက်နေ့မှာ ပူတင်က ရုရှားရဲ့ အကြီးစား ဗုံးကြဲလေယာဉ်တွေဖြစ်တဲ့ Tu-95MS အနည်းဆုံး ၄ စီးကို ဥရောပတိုက်နဲ့ ပိုမိုနီးကပ်တဲ့ နေရာတွေမှာ ပြောင်းရွှေ့ ဖြန့်ကျက်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီ ဗုံးကြဲလေယာဉ်ကြီးတွေဟာ ယူကရိန်း စစ်မြေပြင်က ဗုံးကြဲ မစ်ရှင်တွေမှာ မကြာခဏ ပါဝင် ပျံသန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Tu-95MSတွေဟာ နျူကလီးယား စစ်လက်နက်တွေ တပ်ဆင်နိုင်တဲ့ အကြီးစား မဟာဗျူဟာ ဗုံးကြဲလေယာဉ် အမျိုးအစားတွေလည်း ဖြစ်ပါတယ်။

ရုရှားစစ်တပ်ရဲ့ သတင်းရင်းမြစ်တွေကတော့ နေရာရွှေ့ပြောင်း ဖြန့်ကျက်ထားတဲ့ ဗုံးကြဲလေယာဉ်တွေမှာ တိုက်ပွဲဝင်ဖို့ အသင့်အနေအထား စစ်လက်နက်တွေ တပ်ဆင်ထားသလို အချိန်မရွေး ကြုံလာနိုင်တဲ့ ရန်စ တိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ စီစဉ်ထားတာလို့ ပြောပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေ နေရာရွှေ့ပြောင်းကြောင်း မှတ်ချက်ကြောင့် ရုရှားကလည်း နျူကလီးယား ဗုံးကြဲလေယာဉ်တွေကို ဖြန့်ကျက်ခဲ့တာ ဆိုတာမျိုးတော့ ရုရှားဖက်က တိုက်ရိုက် မပြောပါဘူး။

အဲဒီ ဗုံးကြဲလေယာဉ်တွေဟာ မူလက ရုရှားရဲ့ အရှေ့ဖျား ဒေသတွေမှာ အခြေစိုက်ထားရာကနေ နိုင်ငံအနောက်ဖက်၊ ယူကရိန်း၊ ဥရောပ နယ်စပ်တွေနဲ့ ပိုနီးတဲ့ လေတပ်စခန်းတွေဆီ ပြောင်းရွှေ့ဖို့ ပူတင်က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရရဲ့ အထူးကိုယ်စားလှယ် တစ်ဦးဖြစ်သူ စတိဗ်ဝစ်ကော့ဗ်ဟာ ရုရှားနိုင်ငံဆီ အခု သီတင်းပတ်ထဲမှာ သွားရောက်ပြီး နှစ်ဖက် သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။

ထရမ့်က ရုရှားအနေနဲ့ ယူကရိန်း စစ်ပွဲမှာ အပစ်အခတ် ရပ်စဲရေးနဲ့ လက်ရှိ ပဋိပက္ခကို အဆုံးတိုင် အပြီးသတ်ဖို့ ထဲထဲဝင်ဝင် အားမထုတ်ဘူးဆိုရင် စီးပွားရေးနဲ့ ကုန်သွယ်ရေးအရ ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် ကျင့်သုံးရလိမ့်မယ်လို့လည်း သတိပေး ခြိမ်းခြောက်ထားပါတယ်။

ကိုးကား: A2 CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

Facebook