Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုကြောင့် Al Jazeera သတင်းထောက် ၄ ဦးသေဆုံး၊ တစ်ဦးက ဟားမားစ် စစ်ဦးစီးလို့ အစ္စရေးစွပ်စွဲ

အစ္စရေး စစ်တပ်က သူတို့ သတ်ဖြတ်ခဲ့တဲ့ Al Jazeera သတင်းထောက်တွေထဲက တစ်ဦးဟာ ဟားမားစ် ပြောက်ကျားတွေရဲ့ ဒေသဆိုင်ရာ စစ်ဦးစီး တစ်ယောက်လို့ စွပ်စွဲခဲ့ပါတယ်။

Reuters

အစ္စရေး စစ်တပ်က သူတို့ သတ်ဖြတ်ခဲ့တဲ့ Al Jazeera သတင်းထောက်တွေထဲက တစ်ဦးဟာ ဟားမားစ် ပြောက်ကျားတွေရဲ့ ဒေသဆိုင်ရာ စစ်ဦးစီး တစ်ယောက်လို့ စွပ်စွဲခဲ့ပါတယ်။

ကာတာအခြေစိုက် Al Jazeera သတင်းဌာနက ဩဂုတ် ၁၀ ရက်နေ့၊ ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေး လုပ်ဆောင်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အခြေစိုက် သတင်းထောက် ၄ ဦး အပါအဝင် ဝန်ထမ်း ၅ ဦး သေဆုံးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ အသက် ၂၈ နှစ်အရွယ် အန်နက်စ် အယ်လ်ရှာရစ်ဖ်လည်း ပါဝင်ခဲ့ပါတယ်။

အစ္စရေး စစ်တပ် (IDF)ကတော့ ရှာရစ်ဖ်ဟာ ဟားမားစ်တွေရဲ့ ဒေသခံ စစ်ဦးစီး အရာရှိ တစ်ဦးဖြစ်တယ်လို့ စွပ်စွဲပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေကတော့ ရှာရစ်ဖ်ဟာ ရှေ့တန်းစစ်မြေပြင် အခြေအနေတွေကို စွန့်စွန့်စားစား သတင်းရယူ ဖော်ပြခဲ့လို့ အငြှိုးထား လုပ်ကြံခြင်း ခံခဲ့ရတာလို့ ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဂါဇာစီးတီး အရှေ့ဖက်က ရှီဖာဆေးရုံနားမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီ တိုက်ခိုက်မှုအတွင်း Al Jazeera သတင်းဌာနရဲ့ သတင်းထောက် ၄ ဦးနဲ့ အကူဝန်ထမ်း ၁ ဦး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Al Jazeeraက ရှာရစ်ဖ်ဟာ ဂါဇာအခြေစိုက် အရဲရင့်ဆုံး ဂျာနယ်လစ် တစ်ဦးလို့ ချီးကျူးခဲ့ပြီး သတင်းထောက်တွေကို အခုလိုမျိုး ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ဂါဇာမှာ ကျူးလွန်နေတဲ့ ဆိုးယုတ်မှုတွေနဲ့ ပတ်သက်ပြီး နှုတ်ပိတ်သွားအောင် အစ္စရေးက သွေးရူးသွေးတမ်း အားထုတ်မှု တစ်ခုလို့ ဝေဖန် ရှုတ်ချသွားပါတယ်။

ဒါပေမဲ့ IDFတော့ ရှာရစ်ဖ်ဟာ အစ္စရေး အရပ်သားတွေနဲ့ IDF တပ်ဖွဲ့ဝင်တွေကို ဟားမားစ်တွေက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေမှာ အကူအညီ ပေးနေတဲ့ ဟားမားစ် စစ်ဦးစီး တစ်ယောက်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဂါဇာမှာ သိမ်းဆည်း ရမိတဲ့ မှတ်တမ်းတွေ၊ အထောက်အထား အချက်အလက်တွေအရ အဲဒီ စွပ်စွဲချက်ကို အတည်ပြုနိုင်တယ်လို့လည်း IDFက ဆိုပါတယ်။

Al Jazeera သတင်းဌာန ဝန်ထမ်းတွေ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း IDFကို ရှုတ်ချပြစ်တင်ခဲ့ကြပါတယ်။

သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်း တစ်ခုနဲ့ ကုလသမဂ္ဂ မီဒီယာရေးရာ ကျွမ်းကျင်သူ တစ်ဦးက ဂါဇာနဲ့ ပတ်သက်လို့ သူ့ရဲ့ သတင်းတင်ပြမှုတွေကြောင့် ရှာရစ်ဖ်ဟာ အသက်အန္တရာယ် ခြိမ်းခြောက် ရန်ရှာတာမျိုး ကြုံလာနိုင်ကြောင်း အရင်ကတည်းက သတိပေးခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

ဟားမားစ်တွေကတော့ ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ စတင်လာချိန် ကတည်းက သတင်းမီဒီယာသမား စုစုပေါင်း ၂၃၇ ဦးထိ အသက်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။