Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆီယံ ရေတပ်တွေရဲ့ စစ်သင်္ဘော ၁၀ စီး မလေးရှားမှာ စုဝေး

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရေတပ်ဖွဲ့များ စုဝေးမှု အစီအစဉ်အရ မလေးရှား နိုင်ငံမှာ နိုင်ငံစုံ ရေတပ်သင်္ဘော ၁၀ စီး စုဝေးနေပါတယ်။

The Star

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရေတပ်ဖွဲ့များ စုဝေးမှု အစီအစဉ်အရ မလေးရှား နိုင်ငံမှာ နိုင်ငံစုံ ရေတပ်သင်္ဘော ၁၀ စီး စုဝေးနေပါတယ်။

အာဆီယံ ရေတပ်မြို့တော်များ စုဝေးခုတ်မောင်းမှု (ANCP) အစီအစဉ် မတိုင်ခင်မှာ ပီနန်းမြို့ရဲ့ အက်စ်ပလန်ဒေး ဧရိယာမှာရှိတဲ့ ဆွက်တမ်ဟမ် ဆိပ်ခံဧရိယာမှာ ရေတပ်သင်္ဘောတွေ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

အဲဒီထဲက ၇ စီးဟာ တခြားအာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဆီက စေလွှတ်တာဖြစ်ပြီး ၃ စီးကတော့ မလေးရှား တော်ဝင်ရေတပ်ရဲ့ ရေယာဉ်တွေလို့ ဆိုပါတယ်။ စစ်သင်္ဘော ၁၀ စီးပေါ်မှာ စုစုပေါင်း အမှုထမ်း ၁၆၀၀ လောက်ထိ တာဝန်ထမ်းဆောင်နေကြတာပါ။

တခြား အာဆီယံ နိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းနဲ့ ဘရူနိုင်းတို့က ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ မြန်မာရေတပ်ကလည်း UMS ဆင်ဖြူရှင် ဖရီးဂိတ် စစ်သင်္ဘောကို ပို့ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပီနန်မှာတော့ တစ်ပတ်အတွင်း အဓိက နေရာသုံးခုမှာ အာဆီယံရဲ့ ရေတပ်အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။ မလေးရှား ရေတပ်က ANCPရဲ့ ရည်ရွယ်ချက်ဟာ ရေတပ် ထုံးတမ်းစဉ်လာတွေ၊ လုပ်ဆောင်မှုတွေကို လူထုနဲ့ ပိုမို ထိတွေ့ပေးနိုင်ဖို့ ရည်ရွယ် အကောင်အထည် ဖော်တာလို့ ပြောပါတယ်။

ANCPရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် လာမယ့် သီတင်းပတ်မှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံအသီးသီးရဲ့ ရေတပ် အကြီးအကဲတွေဟာလည်း ရေကြောင်း လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်ရေး ကိစ္စတွေကို ပီနန်ရဲ့ ရှန်ဂရီလ ရာဆာ ဆာယန် အပန်းဖြေ စခန်းမှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ကိုးကား: The Star

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

Facebook