Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံခြားသား ၁၀၀၀၀ နီးပါးရဲ့ ယာယီနေထိုင်ခွင့်ကို ထိုင်းရုပ်သိမ်း

စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု မရှိတော့တဲ့ ဗီဇာကိုင်ဆောင်ထားသူ နိုင်ငံခြားသား ၁၀၀၀၀ နီးပါးရဲ့ ယာယီ နေထိုင်ခွင့် ပါမစ်တွေကို လူဝင်မှု ကြီးကြပ်ရေးဗျူရို (IB)က ရုပ်သိမ်းလိုက်ကြောင်း အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာန (MHESI)က ပြောကြားခဲ့ပါတယ်။

Khaosod

စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု မရှိတော့တဲ့ ဗီဇာကိုင်ဆောင်ထားသူ နိုင်ငံခြားသား ၁၀၀၀၀ နီးပါးရဲ့ ယာယီ နေထိုင်ခွင့် ပါမစ်တွေကို လူဝင်မှု ကြီးကြပ်ရေးဗျူရို (IB)က ရုပ်သိမ်းလိုက်ကြောင်း အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု ဝန်ကြီးဌာန (MHESI)က ပြောကြားခဲ့ပါတယ်။

အဲဒီ လုပ်ဆောင်ချက်ဟာ နိုင်ငံခြားသားတွေက ကျောင်းသားဗီဇာကို တလွဲအသုံးချပြီး ထိုင်းနိုင်ငံမှာ တရားမဝင် လာရောက် အလုပ်လုပ်နေကြတာကို တားဆီးဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

MHESIရဲ့ ဝန်ကြီး ဆူဒါဝမ် ဝမ်ဆူဖာခစ်ကိုဆိုလ်က အဲဒီလို အခြေအနေတွေကို ထိထိရောက်ရောက် တားဆီးရေးအတွက် သူ့လက်အောက်က အမြဲတမ်း အတွင်းဝန် ဆူပါချိုင် ပက်သွမ်နာကူလ်ကို IBရဲ့ စီမံအုပ်ချုပ်ရေးဌာန ယာယီ ညွှန်ကြားရေးမှူး ရဲမှူးကြီး ယော့စ်အက်ခ် ရက်ခ်ဆာဆူဝမ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ညွှန်ကြားခဲ့ကြောင်း ဩဂုတ် ၂၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဆွေးနွေးမှုတွေ အတွင်းမှာတော့ နှစ်ဖက်စလုံးက ထိုင်းအစိုးရရဲ့ အဆင့်မြင့် ပညာရေး ဝန်ကြီးဌာနဆီက ရရှိထားတဲ့ ကာလတို ပညာသင်ယူမှု အစီအမံမှာ ပါဝင်သူ နိုင်ငံခြားသား ကျောင်းသားတွေရဲ့ အချက်အလက်တွေကို အခြေပြုပြီး သတင်းအချက်အလက် စနစ်တစ်ခု ဖန်တီးတည်ဆောက်ဖို့ သဘောတူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံခြားသား ၁၀၀၀၀ လောက်ရဲ့ ယာယီနေထိုင်ခွင့် ပါမစ်တွေကို IBက ပယ်ဖျက်ခဲ့ပြီး ဖြစ်သလို ကာလတို အစီအစဉ်တွေ လျှောက်ထား ပညာသင်ယူနေတဲ့ နိုင်ငံခြားသား ကျောင်းသားတွေဟာလည်း MHESIရဲ့ အမြဲတမ်း အတွင်းဝန်ရုံးဆီ အစီရင်ခံစာတွေ ပုံမှန်တင်ပြရတာမျိုး စည်းမျဉ်းတွေ ကြပ်မတ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ အစီရင်ခံစာတွေကို လေ့လာပြီး IBဟာ ကျောင်းသားတွေရဲ့ ဗီဇာကိစ္စနဲ့ ယာယီနေထိုင်ခွင့် ပါမစ်ကိစ္စတွေကို ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ထိုင်းမှာတော့ ကျောင်းသားဗီဇာနဲ့ ဝင်ရောက်လာပေမယ့် အဲဒီဗီဇာ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး အလုပ်လုပ်နေတဲ့သူတွေ ရှိနေကြောင်း၊ အဲဒီလိုမျိုး အလုပ်လုပ်တာက ဥပဒေအရ တရားမဝင်ကြောင်း ဝန်ကြီး ဆူဒါဝမ်က ပြောကြားသွားပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook