Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား ဒုံးကျည်အသစ်တွေ စမ်းသပ်မှုကို ကင်မ်ဂျုံအွန်းကိုယ်တိုင် ကွပ်ကဲ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နိုင်ငံရဲ့ လေကြောင်း ကာကွယ်ရေး ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်ခတ်မှုကို ကိုယ်တိုင် ကြီးမှူး ကွပ်ကဲခဲ့တယ်လို့ သိရပါတယ်။

KCNA/AP

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နိုင်ငံရဲ့ လေကြောင်း ကာကွယ်ရေး ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်ခတ်မှုကို ကိုယ်တိုင် ကြီးမှူး ကွပ်ကဲခဲ့တယ်လို့ သိရပါတယ်။

အစိုးရပိုင် KCNA သတင်းဌာနက အဲဒီ ဒုံးကျည်တွေမှာ တပ်ဆင်ထားတဲ့ ထိပ်ဖူးတွေဟာ သာလွန်ကောင်းမွန်တဲ့ တိုက်ခိုက်ရေး စွမ်းရည်မျိုး ပိုင်ဆိုင်ပြီး ထူးကဲဆန်းသစ်တဲ့ နည်းပညာမျိုးကို အသုံးပြု တည်ဆောက်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒုံးကျည်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ KCNAက မထုတ်ပြန်ခဲ့ပါဘူး။

စမ်းသပ်မှုတွေကိုတော့ ဩဂုတ် ၂၃ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ ဒရုန်းတွေ၊ ခရုစ်ဒုံးကျည်တွေ အပါအဝင် အမျိုးမျိုးသော ဝေဟင် ပစ်မှတ်တွေကို ဖျက်ဆီးနိုင်အောင် ရည်ရွယ် တည်ဆောက်ထားတဲ့ အဲဒီ ဒုံးကျည်တွေဟာ မျှော်လင့်ထားတဲ့ စွမ်းရည်မျိုး အမှန်တကယ် ပိုင်ဆိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။ ပြီးတော့ ကင်မ်က စမ်းသပ်မှု ရလဒ်တွေကိုလည်း အထူး ကျေနပ် နှစ်သက်နေတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား စစ်သားတချို့က နယ်စပ်ကို ခဏတာ ဖြတ်ကျော် ဝင်ရောက်မိခဲ့တဲ့နောက် တောင်ကိုရီးယား စစ်တပ်က ခြောက်လှန့် သတိပေး ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး နာရီပိုင်းအကြာမှာ မြောက်ကိုရီးယားက ဒုံးကျည်တွေ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယား နှစ်နိုင်ငံနယ်စပ် အခြေအနေကို ကူညီ စောင့်ကြည့်နေတဲ့ ကုလသမဂ္ဂ လက်အောက်ခံ တပ်ဖွဲ့တွေက မြောက်ကိုရီးယားစစ်သား ၃၀ ဝန်းကျင်ဟာ အစောင့်အကြပ် ထူထူထပ်ထပ် ချထားရာ နယ်စပ်နားမှာ တောင်ကိုရီးယားဖက်ကို နယ်ကျွံ ဝင်ရောက်မိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားဖက်က ခြောက်လှန့် ပစ်ခတ်မှုဆိုတာ ရည်ရွယ်ချက်ရှိရှိ ရန်စတဲ့ လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတသစ် လီဂျေမြောင်ဟာ မြောက်ပိုင်း ပြိုင်ဘက်နဲ့ ဆက်ဆံရေး ပျက်စီးနေတာကို ပြန်လည် ကုစားပြင်ဆင်လိုကြောင်း အတိအလင်း ပြောဆိုထားပါတယ်။ သူဟာ သမ္မတဖြစ်လာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လာမယ့် သီတင်းပတ်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့လည်း တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားမှာ တစ်ရက်ကြာ နေထိုင်ပြီးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လ ၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။