Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟစ်ဇ်ဘိုလာဆီက လက်နက်ဖြုတ်သိမ်းမှု အရှိန်ရလာရင် လက်ဘနွန်က တပ်တွေ ဆုတ်ပေးမယ်လို့ အစ္စရေးပြော

ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေဆီက လက်နက် ဖြုတ်ယူ သိမ်းဆည်းမှုကို လက်ဘနွန် အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်နေမယ်ဆိုရင် လက်ဘနွန် တောင်ပိုင်းမှာ ရှိနေတဲ့ အစ္စရေး တပ်တွေကို ပြန်ရုပ်သိမ်းပေးမယ်လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

Reuters

ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေဆီက လက်နက် ဖြုတ်ယူ သိမ်းဆည်းမှုကို လက်ဘနွန် အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်နေမယ်ဆိုရင် လက်ဘနွန် တောင်ပိုင်းမှာ ရှိနေတဲ့ အစ္စရေး တပ်တွေကို ပြန်ရုပ်သိမ်းပေးမယ်လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေဟာ လက်ဘနွန်မှာ အခြေစိုက်ပေမယ့် လက်ဘနွန် အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေပါဘူး။ ၁၉၉၀ ပြည့်နှစ်မှာ ပြီးဆုံးခဲ့တဲ့ လက်ဘနွန် ပြည်တွင်းစစ်နောက်ပိုင်း တခြားလက်နက်ကိုင် အင်အားစုတွေက လက်နက် စွန့်ခဲ့ပေမယ့် ဟစ်ဇ်ဘိုလာတွေကတော့ လက်နက်ကိုင် လမ်းစဉ်ကို ဆက်လက် ဆုပ်ကိုင်ထားပြီး လက်ဘနွန်နိုင်ငံရဲ့ အင်အားအကြီးဆုံး တပ်ဖွဲ့အဖြစ် ဆက်လက် ရပ်တည်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေကို အစ္စရေးရဲ့ ကမ္ဘာ့ရန်ဖြစ်တဲ့ အီရန်က အဓိက ကျောထောက်နောက်ခံ ပေးထားပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြားမှာလည်း စစ်ရေး ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ လက်ဘနွန် တောင်ပိုင်းကနေ အစ္စရေး ပိုင်နက်ထဲ ဒုံးကျည်နဲ့ ပစ်ခတ်နေတာတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးက စစ်ဆင်ရေး ဆင်နွှဲပြီး ဟစ်ဇ်ဘိုလာကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ တိုက်ပွဲကြောင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ပိုင်းတွေ သေဆုံးပြီး ဖွဲ့စည်းပုံ အရမ်း ချိနဲ့သွားခဲ့တယ်လို့ စစ်ရေး သုတေသီတွေက ယူဆထားပါတယ်။ ပြီးတော့ အစ္စရေးဟာ နိုင်ငံမြောက်ပိုင်း ဒေသတွေကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ဘနွန်တောင်ပိုင်း ဧရိယာတွေမှာ တပ်တွေ ဖြန့်ကျက်ထားခဲ့ပါတယ်။

ဒီအတောအတွင်း လက်ဘနွန် အစိုးရဟာလည်း ဟစ်ဇ်ဘိုလာတွေ အားလျော့သွားမှုကို အခွင့်ကောင်းယူပြီး လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာ စစ်စခန်းဟောင်းတွေကို သိမ်းယူတာ၊ လက်နက် ဖြုတ်သိမ်းတာတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။

Public Service Announcement

Public Service Announcement

လက်ဘနွန် အစိုးရ လက်အောက်ခံ လက်ဘနွန် စစ်တပ်ရဲ့ အဲဒီ ဆောင်ရွက်ချက်တွေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ကြိုဆိုခဲ့ပြီး လက်နက်ဖြုတ်ယူ သိမ်းဆည်းရေး လုပ်ဆောင်ချက်တွေ အရှိန်မပျက် ရှေ့ဆက်နေမယ်ဆိုရင် လက်ဘနွန် တောင်ပိုင်းက အစ္စရေးတပ်တွေလည်း တစ်သုတ်ချင်းစီ ဆုတ်ခွာပေးမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သူက လက်ဘနွန် အစိုးရဟာ ဟစ်ဇ်ဘိုလာတွေဆီက လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်ကို အာရုံစိုက် လုပ်ဆောင်နေကြောင်းလည်း အသိအမှတ် ပြုခဲ့ပြီး အဲဒီ အားထုတ်မှုတွေမှာ အစ္စရေးကလည်း လိုလိုလားလား ကူညီလိုကြောင်း ကမ်းလှမ်းခဲ့ပါသေးတယ်။

လက်ဘနွန် စစ်တပ်ဟာ ဟစ်ဇ်ဘိုလာတွေဆီက ဖြုတ်ယူသိမ်းဆည်းမှုအတွက် လိုအပ်တဲ့ အဆင့်တွေကို ဆက်လုပ်နေသ၍ အစ္စရေးကလည်း သင့်တော်တဲ့ တုံ့ပြန်မှုတွေကို ပြသမှာဖြစ်ကြောင်း၊ အဲဒီထဲမှာ လက်ဘနွန် တောင်ပိုင်းက အစ္စရေးတပ်တွေ တစ်သုတ်ချင်း ဆုတ်ခွာမှုလည်း ပါဝင်မှာဖြစ်ကြောင်း နေတန်ညာဟုက ဆိုပါတယ်။ လက်ရှိမှာတော့ အစ္စရေး တပ်တွေဟာ လက်ဘနွန် နယ်စပ်ကို ဖြတ်ကျော်ပြီး နေရာ ၅ ခုလောက်မှာ တပ်စွဲထားပါတယ်။

ရှီးဟိုက်မွတ်ဆလင် လက်နက်ကိုင် အဖွဲ့အစည်း ဟစ်ဇ်ဘိုလာရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ မာမွတ် ကိုမာတီကတော့ အလုံးစုံ လက်နက် စွန့်ရေးကို ငြင်းဆိုထားပြီး လက်ဘနွန် အစိုးရကလည်း ဇီယွန်နစ်ဝါဒီ အစ္စရေးနဲ့ တိုက်ရိုက် ပူးပေါင်းနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

လက်ဘနွန် အစိုးရ အရာရှိ တစ်ဦးကတော့ နေတန်ညာဟုရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး မနှစ်က ရယူထားတဲ့ အပစ်ရပ် သဘောတူညီချက်မှာ ပါဝင်တဲ့ အစ္စရေးတပ်တွေ လက်ဘနွန်ကနေ အပြီးတိုင် ဆုတ်ခွာရေးဆိုတဲ့ ကိစ္စကို အစ္စရေးဖက်က လေးစား ကျင့်သုံးပေးဖို့လိုကြောင်း တုံ့ပြန်ထားပါတယ်။ နေတန်ညာဟုရဲ့ ကမ်းလှမ်းချက်ဟာ အစ္စရေးက ပေးထားတဲ့ ကတိတွေကို လျှော့ချထားတဲ့သဘောလို့ သူက ဝေဖန်ပါတယ်။

နိုဝင်ဘာလတုန်းက လက်ဘနွန် တောင်ပိုင်းမှာ တိုက်ပွဲတွေ ရပ်စဲသွားစေဖို့ အမေရိကန်က ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုကို အစ္စရေးရော၊ ဟစ်ဇ်ဘိုလာကပါ သဘောတူခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်အရ အစ္စရေးဟာ နှစ်လအတွင်း လက်ဘနွန် တောင်ပိုင်းကနေ ဆုတ်ခွာပေးရမှာဖြစ်ပြီး လက်ဘနွန် အစိုးရ တပ်တွေက အဲဒီဒေသတွေကို ဝင်ရောက် ထိန်းချုပ်ရမှာပါ။ ဒါပေမဲ့ လက်ရှိအချိန်ထိ လက်ဘနွန် တောင်ပိုင်းမှာ ဟစ်ဇ်ဘိုလာတွေ လှုပ်ရှားနေဆဲဆိုတဲ့ အကြောင်းပြချက်နဲ့ အစ္စရေးက တပ်တွေ ရုပ်သိမ်းမပေးသေးပါဘူး။

အစဉ်အလာအရတော့ လက်ဘနွန်တောင်ပိုင်းဟာ ဟစ်ဇ်ဘိုလာ အားအကောင်းဆုံး ဖြန့်ကျက်ရာ ဒေသတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ် သဘောတူညီမှု ရရှိခဲ့တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်ထားမယ်လို့ အီရန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ရေးကိစ္စ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အတည်ပြု လက်ဘနွန်မှာ အစ္စရေးက လုပ်ဆောင်နေတဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ရပ်ဆိုင်းနိုင်ရေးအတွက် အမေရိကန် နိုင်ငံမှာ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။ လက်ဘနွန် သမ္မတ ဂျိုးဆက်အွမ်းက လာမယ့် သီတင်းပတ်ကျရင် ဝါရှင်တန်ဒီစီ မြို့မှာ...

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူတွေ အများအပြား သေဆုံးနေတဲ့ အခြေအနေဟာ အရမ်း ဆိုးရွားတဲ့အဆင့် ရောက်လာနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဝေဖန် ပြောကြားခဲ့ပါတယ်။