Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မုန်တိုင်းနောက်ဆက်တွဲ ရေကြီး မြေပြိုမှုတွေကြောင့် ထိုင်းနဲ့ ဗီယက်နမ်မှာ လူတစ်ဒါဇင်နီးပါး သေဆုံး

မုန်တိုင်း နောက်ဆက်တွဲ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ သေဆုံးသူ အရေအတွက်ဟာ တစ်ဒါဇင် နီးပါးလောက် ရှိလာပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Khaosod English

မုန်တိုင်း နောက်ဆက်တွဲ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ သေဆုံးသူ အရေအတွက်ဟာ တစ်ဒါဇင် နီးပါးလောက် ရှိလာပြီ ဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ကာဂျီကီဟာ ဗီယက်နမ် အရှေ့ဖက် ကမ်းရိုးတန်းကို ကုန်းတွင်း ဝင်ရောက်ခဲ့တဲ့နောက် ထိုင်းနိုင်ငံ မြောက်ပိုင်းဆီ ဆက်လက် ရွေ့လျား တိုက်ခတ်ပြီးမှ အားပျော့ ပျက်ပြယ်ခဲ့ပါတယ်။ မုန်တိုင်း ဖြတ်သန်းရာ လမ်းကြောင်းတလျှောက်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးတာ၊ မြေပြိုတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။

အစောပိုင်းက ထိုင်းနိုင်ငံမှာ မုန်တိုင်းကြောင့် အသေအပျောက် ၁ ဦး ရှိကြောင်း ကယ်ဆယ်ရေးတွေက ပြောကြားခဲ့ပေမယ့် ဩဂုတ် ၂၇ ရက် ညပိုင်းမှာတော့ ၄ ဦးထိ တိုးလာခဲ့ပါတယ်။ ချင်းမိုင်ပြည်နယ်ရဲ့ မယ်ချမ်ခရိုင်ထဲက ဘန်ပန်အွန်တဝိုက် ဧရိယာတွေမှာ မိုးသည်းထန်ရာက မြေပြိုမှုတွေဖြစ်ပြီး ၄ ဦးသေ၊ ၅ ဦး ပျောက်ဆုံးနေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ဒဏ်ရာရသူ ၁၅ ဦးထိရှိပြီး ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။

ထိုင်းအစိုးရက မြေပြိုမှု ဖြစ်ပွားရာ ဒေသဆီ ကယ်ဆယ်ရေးနဲ့ အကူအညီတွေ အရေးတကြီး ပို့ဆောင်ပေးထားကြောင်း ပြောပါတယ်။ တစ်ဖက်မှာလည်း မြေပြိုမှုတွေကြောင့် အဲဒီနေရာဆီ သွားရောက်ဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

Public Service Announcement

Public Service Announcement

ဗီယက်နမ် အရှေ့မြောက်ပိုင်းမှာလည်း မုန်တိုင်းကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ကြုံခဲ့ပြီး ၇ ဦးသေ၊ ၁ ဦးပျောက်ဆုံးပြီး ၃၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။ ဒေသတချို့မှာ တစ်ညတည်းနဲ့တင် မိုးရေချိန် ၂၀ စင်တီမီတာလောက်ထိ ရွာချခဲ့ပြီး လာမယ့် ရက်ပိုင်းတွေမှာလည်း ဆက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသ ဌာနက သတိပေး ကြေညာထားပါတယ်။

တိုင်ဖွန်း ကာဂျီကီဟာ ထိုင်းနဲ့ ဗီယက်နမ်တို့ကိုသာ မကဘဲ တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ဟိုင်နန်ကျွန်း၊ လာအိုနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာလည်း ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်စေခဲ့ပါတယ်။

ကိုးကား: Khaosod, PBS

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။