Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကင်မ်ဂျုံအွန်း၊ ပူတင်တို့ တက်ရောက်ကြမယ့် တရုတ် စစ်ရေးပြ ချီတက်ပွဲ

တရုတ်မှာ ကျင်းပမယ့် စစ်ရေး စစ်ရေးပြ ချီတက်ပွဲကြီးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

AP

တရုတ်မှာ ကျင်းပမယ့် စစ်ရေး စစ်ရေးပြ ချီတက်ပွဲကြီးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်တပ်တွေကို အောင်ပွဲခံမှု နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် အောင်ပွဲနေ့ ချီတက်ပွဲတွေကို ဘေဂျင်းမြို့တော်ရဲ့ တီယန်နန်မင် ရင်ပြင်မှာ ကျင်းပမယ်လို့ တရုတ်က ကြေညာထားပါတယ်။ အဲဒီ ချီတက်ပွဲကို တရုတ်နဲ့ ဆက်ဆံရေး နီးကပ်တဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာပါ။

သာမန်အားဖြင့် ပြည်တွင်းကနေ ထွက်လေ့သိပ်မရှိတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဟာလည်း အဲဒီ အခမ်းအနားအတွက် လာမယ့် သီတင်းပတ်မှာ ဘေဂျင်းကို ရောက်ရှိနေမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကင်မ်မတိုင်ခင်မှာ ပူတင်ကလည်း ဘေဂျင်းကို သွားမယ့်အကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာအရေး စောင့်ကြည့်လေ့လာသူတွေက အဲဒီ အခမ်းအနားဟာ တရုတ် သမ္မတ ရှီကျင့်ဖျင် အနေနဲ့ တရုတ်ကို ကမ္ဘာ့အခင်းအကျင်း အသစ်တွေမှာ ဦးဆောင်မှုနေရာ ရယူဖို့ အားထုတ်နေခြင်းရဲ့ သံတမန်ရေး စည်းရုံးမှု တစ်ခုအဖြစ် သုံးသပ်နေကြပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးက တရုတ်ရဲ့ စစ်ရေးပြ ချီတက်ပွဲတစ်ခုကို တက်ရောက်တယ် ဆိုတာဟာ ၁၉၅၉ ခုနှစ်နောက်ပိုင်း ပထမဆုံး ဖြစ်လာမယ်လို့လည်း သိရပါတယ်။

အဲဒီ ချီတက်ပွဲမှာ တရုတ်ဟာ အရင်က လူမြင်ကွင်းရှေ့ ဘယ်တုန်းကမှ ထုတ်မပြဖူးတဲ့ စစ်လက်နက် စနစ်တွေကိုပါ ပွဲထုတ် ပြသလာမယ်လို့ သတင်းထွက်နေပါတယ်။ ပြီးတော့ တိုက်လေယာဉ်တွေ၊ တင့်ကားတွေ၊ ဒရုန်းစနစ်တွေ ရာနဲ့ချီ ပါဝင်တဲ့ ကြိုတင် လေ့ကျင့်မှု အစီအစဉ်တွေကိုလည်း လုပ်ဆောင်နေပါတယ်။

မိနစ် ၇၀ ကြာ ချီတက်ပွဲကို ရှီကိုယ်တိုင် ကြီးမှူးမှာဖြစ်ပြီး နိုင်ငံတကာ စစ်ရေးသုတေသီတွေနဲ့ အနောက်နိုင်ငံတွေကလည်း စောင့်ကြည့်ကြဖွယ် ရှိပါတယ်။

တရုတ်ဟာ အလားတူ အင်အားအလုံးအရင်းနဲ့ စစ်ရေးပြ ချီတက်မှုမျိုးကို ၂၀၁၅ တုန်းက နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ တရုတ်ရဲ့ အောင်ပွဲနေ့ ချီတက်ပွဲကို ကင်မ်က ကိုယ်တိုင် မတက်ရောက်ဘဲ သူ့ရဲ့ ထိပ်တန်း အရာရှိ တစ်ဦးဖြစ်သူ ချိုရောင်ဟေးကိုပဲ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။