Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်တဲ့ မီးလောင်မှုကြောင့် လူ ၃ ဦးသေ

အင်ဒိုနီးရှားမှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်တဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွားရာက လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP

အင်ဒိုနီးရှားမှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်တဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွားရာက လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၂၉ ရက် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၊ မက်ကက်ဆာ မြို့ထဲက အုပ်ချုပ်ရေး ကောင်စီ အဆောက်အအုံကို ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ တစ်ခုမှာ ရဲကားနဲ့ တိုက်မိလို့ ဆိုင်ကယ် တက္ကစီသမား သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီး ဆန္ဒပြပွဲတွေက ပိုပြီး ကျယ်ပြန့်လာသလို တခြားမြို့တွေကိုပါ ကူးစက်လာခဲ့ပါတယ်။

မက်ကက်ဆာက ဆန္ဒပြပွဲတွေမှာတော့ မင်းမဲ့စရိုက်ဆန်ဆန် အခြေအနေတွေပါ ဖြစ်ပေါ်ခဲ့ပြီး မြို့တော်ကောင်စီ အဆောက်အအုံတွေ၊ ယာဉ်တွေကို ဆန္ဒပြသူတွေ မီးရှို့တာ၊ မှန်တွေကို ရိုက်ခွဲတာ၊ မိုလိုကော့ဗ် ပုလင်းဗုံးတွေ ပစ်သွင်းတာတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြို့ရဲ့ ကောင်စီ အဆောက်အအုံတစ်ခု မီးရှို့ခံရတဲ့ ဖြစ်စဉ်မှာတော့ လူ ၃ ဦးပါ သေဆုံးခဲ့တယ်လို့ ကောင်စီ အတွင်းရေးမှူး ရာမတ် မက်ပါတိုဘာက AFP သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေဟာ အဆောက်အအုံထဲမှာ ရှိနေခဲ့ရာက ထွက်ပေါက်ပိတ်သွားခဲ့တာလို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက ဆန္ဒပြသူတွေရဲ့ ရမ်းကားတဲ့ လုပ်ရပ်တွေဟာ မျှော်မှန်းလို့ မရတဲ့ အတိုင်းအတာမျိုးထိ လွန်ကဲ ကြမ်းကြုတ်ခဲ့တယ်လို့လည်း စွပ်စွဲသွားပါတယ်။ မီးလောင်မှုမှာ နောက်ထပ် ဒဏ်ရာရသူ ၄ ယောက်ကိုလည်း ဆေးရုံကို တင်ပို့ ကုသပေးထားရပါတယ်။

သေဆုံးသူ ၃ ဦးထဲက ၂ ဦးဟာ ကောင်စီ အဖွဲ့ဝင် ဝန်ထမ်းတွေဖြစ်ပြီး နောက် ၁ ဦးကတော့ အစိုးရ ဝန်ထမ်းလို့ သိရပါတယ်။

တောင်ပိုင်း ဆူလာဝေဆီမှာလည်း ဆန္ဒပြသူတွေက အုပ်ချုပ်ရေးကောင်စီ ဂိတ်ပေါက်ကို ဖြိုပြီး အဆောက်အအုံထဲ ဝင်ရောက်ဖို့ အသည်းအသန် ကြိုးစားခဲ့ပါတယ်။

ဂျကာတာမှာတော့ မော်တော်ဆိုင်ကယ် တက္ကစီသမား သေဆုံးမှုအတွက် ရဲတွေကို ပြစ်တင် ရှုတ်ချရာက ဆန္ဒပြမှုတွေ ပိုကြမ်းတမ်းလာခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲ ၇ ဦးကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

လွှတ်တော်အမတ်တွေရဲ့ လုပ်ခလစာ ခံစားခွင့်နဲ့ အစိုးရရဲ့ ပညာရေး အသုံးစရိတ်ဆိုင်ရာ မူဝါဒတွေကို မကျေနပ်ရာက အစပြုလာတဲ့ ဆန္ဒပြပွဲတွေဟာ မော်တော်ဆိုင်ကယ် တက္ကစီသမား သေဆုံးမှု ဖြစ်စဉ်အပြီး ရုတ်တရက် အရှိန်တက်လာပြီး ခက်ထန် ကြမ်းတမ်းလာခဲ့တာပါ။ ဒီအခြေအနေတွေဟာ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ အာဏာသက်တမ်းအတွင်း အကြီးမားဆုံး နိုင်ငံရေး စိန်ခေါ်မှုလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

နိုင်ငံတကာ

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားရတဲ့ နိုင်ငံရဲ့ အဓိက လေဆိပ်အပါအဝင် လေဆိပ်တချို့ကို အင်ဒိုနီးရှားမှာ ပြန်လည် ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်ပါတယ်။

Facebook