Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား ဆန္ဒပြပွဲတွေအတွင်း လူ ၂၀ ကျော် ပျောက်ဆုံးနေ

အင်ဒိုနီးရှား နိုင်ငံက ဆန္ဒပြပွဲတွေမှာ အသေအပျောက်တွေ ဖြစ်လာသလို လူပေါင်း ၂၀ ထက်မနည်းလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Getty Images

အင်ဒိုနီးရှား နိုင်ငံက ဆန္ဒပြပွဲတွေမှာ အသေအပျောက်တွေ ဖြစ်လာသလို လူပေါင်း ၂၀ ထက်မနည်းလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မူလက လွှတ်တော် အမတ်တွေ အိမ်ရာပိုင်ဆိုင်ရေး ထောက်ပံ့ကြေး ခံစားခွင့် မြှင့်တင်မှု အဆိုမူကြမ်းကို ဆန့်ကျင်ဖို့ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းမှုတွေကို မကျေနပ်ရာက ပိုပြီး ကြမ်းတမ်းလာ၊ ဆူပွက်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ အရှေ့တောင်အာရှ ဒေသရဲ့ လူဦးရေ အများဆုံး နိုင်ငံကြီးထဲမှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ် သေဆုံးသူ ၆ ဦးထိ ရှိလာပါတယ်။

ဂျကာတာမှာ ဆန္ဒပြသူတွေကို တားဆီးရင်း ရဲသံချပ်ကာယာဉ် တစ်စီးက လူငယ် ဆိုင်ကယ် တက္ကစီသမား တစ်ယောက်ကို အသက်ဆုံးရှုံးစေတဲ့ထိ ဝင်တိုက်ခဲ့တဲ့နောက် ပြဿနာက ပိုကြီးထွားလာတာလည်း ဖြစ်ပါတယ်။

ပြီးတော့ ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေအတွင် ပျောက်ဆုံးနေသူတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာ ဖြစ်နေတယ်လို့ လူပျောက်မှု၊ အကြမ်းဖက်ရန်လိုမူဆိုင်ရာ နစ်နာသူများ ကော်မရှင်က ကြေညာခဲ့ပါတယ်။ ကော်မရှင်ရဲ့ အဆိုအရ စက်တင်ဘာ ၁ ရက်နေ့ထိ ပျောက်ဆုံးနေသူ ၂၃ ဦး ရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီထဲက ၂၀ လောက်ဟာ ဂျာဗားကျွန်းပေါ်က ဘန်ဒေါင်နဲ့ ဒီပေါ့ခ်မြို့တွေမှာ နေထိုင်သူတွေလို့လည်း ကော်မရှင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပျောက်ဆုံးနေသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံထားရတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပေမယ့် ရဲတွေကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဩဂုတ် ၂၅ ရက်နေ့နောက်ပိုင်း ဂျကာတာမြို့တော် တစ်ခုတည်းမှာတင် ရဲတွေက ဆန္ဒပြသူ ၁၂၄၀ လောက်ကို ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ လွှတ်တော်အမတ်တွေအတွက် ထောက်ပံ့ကြေး ခံစားခွင့် တိုးပေးမယ့် ကိစ္စကို လက်လျှော့ခဲ့ရပါတယ်။ စစ်တပ် အကြီးအကဲဟောင်း တစ်ဦးဖြစ်သူ ဆူဘီယန်တိုဟာ မနှစ်တုန်းက အင်ဒိုနီးရှား သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံး နိုင်ငံရေး ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အင်ဒိုနီးရှားမှာ ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ အာဏာပိုင်တွေက အလွန်အကျွံ အင်အားသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့လည်း အစိုးရကို ကုလသမဂ္ဂက တိုက်တွန်း တောင်းဆိုထားပါတယ်။

လက်ရှိမှာတော့ ဂျကာတာ မြို့တော်မှာ ရဲတွေအပြင် စစ်တပ်ကိုပါ ဖြန့်ကျက်ထားပြီး အထူးသဖြင့် လွှတ်တော်တဝိုက်မှာ လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရပါတယ်။

ကိုးကား: Jakarta Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် အိန္ဒိယ အစိုးရရဲ့ ပညာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။