Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သက်ဆင်ရဲ့ ကိုယ်ပိုင်လေယာဉ် ဒူဘိုင်းကနေ စင်ကာပူကိုရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ်ထ်ရဲ့ ကိုယ်ပိုင်လေယာဉ်ဟာ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက စင်ကာပူမှာ ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Reuters/File

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ်ထ်ရဲ့ ကိုယ်ပိုင်လေယာဉ်ဟာ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက စင်ကာပူမှာ ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သက်ဆင်ဟာ ဆေးစစ်မှု ခံယူဖို့အတွက် ထိုင်းကနေ စင်ကာပူကို သွားရောက်ခဲ့ပေမယ့် သူ့ရဲ့ လေယာဉ်က လမ်းကြောင်းပြောင်းပြီး ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ဆီ ပျံသန်းသွားတဲ့အတွက် သက်ဆင်တစ်ယောက် ထိုင်းကနေ ထွက်ပြေးသွားပြီဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့ခဲ့ပါတယ်။

သက်ဆင်ဟာ ဆယ်စုနှစ် တစ်ခုကျော်အောင် ပြည်ပမှာ တိမ်းရှောင်နေခဲ့ဖူးပေမယ့် ၂၀၂၃ ခုနှစ်မှာ ထိုင်းကို ပြန်လာခဲ့ပါတယ်။ ပြီးတော့ သူပြည်ပကို ရောက်နေစဉ်အတွင်း မျက်ကွယ်မှာ ချမှတ်ခံထားရတဲ့ ထောင်ဒဏ် စီရင်ချက်ကို ခံယူခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ အဲဒီတုန်းက အကျဉ်းထောင်ထဲမှာ ရှိရမယ့်အစား ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ၆ လလုံးလုံး ဆေးရုံတက်နေခဲ့တဲ့အပေါ် ဝေဖန် မေးခွန်းထုတ်မှုတွေ ကြုံခဲ့ရပါတယ်။ ဒီကိစ္စကို တရားရုံးက တာဝန်ယူ စစ်ဆေးခဲ့ပြီး နောက်ဆုံး အပြီးသတ် စီရင်ချက် ချမှတ်မယ့်နေ့ မတိုင်ခင် သက်ဆင်က ဒူဘိုင်းကို ထွက်ခွာသွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ သက်ဆင်က သူဟာ ဒူဘိုင်းကို ထွက်ပြေးသွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လူကွန်ရက်ပေါ်ကနေ ငြင်းဆန်ခဲ့ပြီး စက်တင်ဘာ ၉ ရက်နေ့ တရားခွင် မတိုင်ခင် နေရပ်ပြန်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်မှာ စင်ကာပူကို ဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ်မှာ သက်ဆင် လိုက်ပါလာသလား ဆိုတာကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သူ့ကိုယ်ပိုင် လေယာဉ်ဟာ စင်ကာပူဆီ သွားရောက်နေရာကနေ ဒူဘိုင်းကို ရုတ်တရက် လမ်းကြောင်းပြောင်းသွားတာနဲ့ ပတ်သက်ပြီး သက်ဆင်က ထိုင်းအာဏာပိုင်တွေရဲ့ စာရွက်စာတမ်း စစ်ဆေးမှုတွေကို အပြစ်တင်ခဲ့ပါတယ်။ အဲဒီစစ်ဆေးမှုတွေ ၂ နာရီလောက် ကြာနေခဲ့တာကြောင့် စင်ကာပူမှာ ကိုယ်ပိုင်လေယာဉ်တွေ သီးသန့် ဆင်းသက်ခွင့်ပြုတဲ့ ဆီလက်တာလေဆိပ် ပိတ်သွားပြီး ဒူဘိုင်းကို လမ်းကြောင်းပြောင်းခဲ့ရတာလို့ သက်ဆင်က ဆိုပါတယ်။

အကျဉ်းကျနေချိန် အတောအတွင်း သက်ဆင်က ပြစ်ဒဏ်ကာလကို အကျဉ်းခန်းထဲမှာအစား ထိုင်းရဲတပ်ဖွဲ့ ဆေးရုံရဲ့ ၁၄ ထပ်၊ အထူးခန်းမှာ ဖြတ်သန်း ကုန်လွန်ခဲ့တဲ့ ဖြစ်စဉ်ဟာ ထိုင်းမှာတော့ ၁၄ ထပ် ကိစ္စလို့ ရည်ညွှန်း သုံးနှုန်းလေ့ ရှိပါတယ်။ ၁၄ ထပ်ကိစ္စအတွက် ကြားနာမှုတွေကို ထိုင်းတရားရုံးချုပ်ရဲ့ ရာဇဝတ်ရုံးခွဲက ကိုင်တွယ် တာဝန်ယူခဲ့ပြီး စက်တင်ဘာ ၉ ရက်နေ့မှာ အပြီးသတ် စီရင်ချက် ချမှတ်မှာပါ။

အစိုးရ ရှေ့နေတွေကတော့ သက်ဆင်ဟာ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ ကျန်းမာရေး ပြဿနာ မရှိဘဲ တစ်ချိန်လုံး ဆေးရုံသွားတက်နေပြီး ပြစ်ဒဏ်ကာလကို ကုန်ဆုံးစေခဲ့တာဟာ စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ သက်ဆင်ကတော့ ဒီကိစ္စမှာ လုပ်ထုံးလုပ်နည်း အားလုံး မှန်ကန်တယ်ဆိုတာ ဆေးစစ်မှတ်တမ်းတွေနဲ့အတူ တင်ပြ ဖြေရှင်းထားပါတယ်။

ထိုင်းမှာ သက်ဆင် ကြိုးကိုင်နေတဲ့ ဖျူထိုင်းပါတီဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အာဏာရ ညွန့်ပေါင်း အစိုးရ ဦးဆောင်ပါတီ အဖြစ်ကနေ နေရာဖယ်ပေးခဲ့ရပြီး အတိုက်အခံ အင်အားစု ဖြစ်လာခဲ့ပါတယ်။ သက်ဆင်ရဲ့ သမီးဖြစ်တဲ့ ဖေထောင်ထန် ရှီနာဝတ်ထ်ဟာလည်း ကျင့်ဝတ်စည်းမျဉ်း ဖောက်ဖျက်မှု စွပ်စွဲချက်တွေအတွက် ဩဂုတ်လကုန်မှာ ဝန်ကြီးချုပ် ရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိပြီး လက်ကျန် ခြေချုပ်ကာလ သတ်မှတ်ချက်ကနေ ပယ်ဖျက်ပေးခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

စင်ကာပူ နိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်း ပိုရှည်လာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။