Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်က မြေကျွံချိုင့်ကြီး အခြေအနေ ပိုဆိုးမလာအောင် ထိန်းထားဖို့ ကြိုးစားနေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ လမ်းမကြီး တစ်ခုမှာ ရုတ်တရက် ဖြစ်ပေါ်လာခဲ့တဲ့ မြေကျွံချိုင့်ကြီးကို အခြေအနေ ပိုဆိုးမလာအောင် ထိန်းသိမ်းဖို့ တာဝန်ရှိသူတွေက ကြိုးစားနေပေမယ့် အခက်အခဲတွေတော့ ကြုံနေရတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ- Reuters

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ လမ်းမကြီး တစ်ခုမှာ ရုတ်တရက် ဖြစ်ပေါ်လာခဲ့တဲ့ မြေကျွံချိုင့်ကြီးကို အခြေအနေ ပိုဆိုးမလာအောင် ထိန်းသိမ်းဖို့ တာဝန်ရှိသူတွေက ကြိုးစားနေပေမယ့် အခက်အခဲတွေတော့ ကြုံနေရတယ်လို့ ပြောပါတယ်။

ဗာဂျီရာ ဆေးရုံရှေ့က ကတ္တရာ လမ်းမပေါ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က ရုတ်တရက် မြေပြိုသွားပြီး မီတာ ၅၀ လောက်နက်တဲ့ အပေါက်ကြီး ဖြစ်သွားတာပါ။ ကျွံကျသွားတဲ့ အချိန်မှာ ဓာတ်တိုင်တွေပါ မြေအောက်ထဲ ပြုတ်ကျကုန်ပြီး ရှော့တွေဖြစ်၊ ပေါက်ကွဲသံတွေ ထွက်ပေါ်နေခဲ့ပါတယ်။

အပေါက်ကြီးရဲ့ အကျယ်က ၉၀၀ စတုရန်း မီတာလောက် ကျယ်ဝန်းပြီး နှုတ်ခမ်းသားတွေက ဆက်ပြီး ပဲ့ထွက်ရင်း တတိတိ ပြိုကျနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အဲဒီဖြစ်ရပ်မှာ လူတွေ ထိခိုက်သေကြေမှု မရှိခဲ့ပေမယ့် မြေကျွံတဲ့ နေရာက အထပ်မြင့် အဆောက်အအုံတွေ ကြားထဲမှာ ဖြစ်နေတာကြောင့် ဒေသခံတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

ဆေးရုံမှာရှိတဲ့ လူနာတွေနဲ့ အနီးတဝိုက် တိုက်ခန်းတွေမှာ နေထိုင်သူတွေကိုတော့ အာဏာပိုင်တွေက ချက်ချင်း ရွှေ့ပြောင်းပေးထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် မြေပြိုကျတဲ့ အပေါက်ကြီး ပိုကျယ်မလာအောင် ထိန်းထားဖို့ တာဝန်ရှိသူတွေက ကြိုးစားနေပေမယ့်လည်း ပြိုကျချိန်မှာ မြေအောက် ရေဆင်းပိုက်ကြီး ပေါက်ထွက်သွားလို့ လမ်းမျက်နှာပြင်က နောက်ထပ် ပြိုဆင်းမှုတွေ ဆက်ဖြစ်နေပါတယ်။

ဒါ့အပြင် အနီးက မြေအောက်ရထားလမ်း ဆောက်လုပ်ရေး ဇုန်ထဲက ရွှံ့တွေကပါ အဲဒီ အပေါက်ထဲကို စီးဝင်လာနေတယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က သတတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လူအသေအပျောက် မရှိခဲ့တာက တကယ့်ကို ကံကောင်းတဲ့ ကိစ္စပဲလို့လည်း သူက ဆိုပါတယ်။

ဘန်ကောက် အုပ်ချုပ်ရေးမှူး ချတ်ဒ်ချတ် ဆစ်တီပွန်က မြေပြိုမှုအတွင်း ရေပိုက်ကြီး ပေါက်ထွက်သွားတာရယ်၊ ဓာတ်အားတွေ ပြတ်တောက်ကုန်တာရယ် ဖြစ်ပွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဆေးရုံမှာတော့ ဘာပြဿနာမှ မရှိကြောင်း၊ ဒါပေမဲ့ အနီးမှာရှိတဲ့ ရဲစခန်း တစ်ခုအတွက် မြေသားကြံ့ခိုင်မှုကတော့ စိုးရိမ်စရာ ဖြစ်နေကြောင်း၊ လောလောဆယ် ဒေသခံတွေကို အပူတပြင်း ရွှေ့ပြောင်းပေးထားကြောင်း ချတ်ဒ်ချတ်က ပြောပါတယ်။

ညနေပိုင်းမှာတော့ နောက်ထပ် မြေပြိုကျမှုတွေကို အတိုင်းအတာ တစ်ခုထိ ဟန့်တားထားနိုင်ပြီ ဖြစ်ပေမယ့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေဆဲလို့ သိရှိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

Facebook