Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗိုက်ဆာလို့ ညအချိန် စားသောက်ဆိုင်ထဲ ဝင်မွှေခဲ့တဲ့ ထိုင်းဆင်ရိုင်းကြီး

ထိုင်းနိုင်ငံ၊ နတ်ခွန် ရတ်ချာဆီမာ ပြည်နယ်ထဲမှာ တောဆင်ရိုင်းကြီး တစ်ကောင်က ညပိုင်းအချိန် ဝင်ရောက် မွှေနှောက် အစာရှာသွားလို့ ဘာဘီကျူး စားသောက်ဆိုင် တစ်ခုမှာ အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဓာတ်ပုံ - Amarin TV

ထိုင်းနိုင်ငံ၊ နတ်ခွန် ရတ်ချာဆီမာ ပြည်နယ်ထဲမှာ တောဆင်ရိုင်းကြီး တစ်ကောင်က ညပိုင်းအချိန် ဝင်ရောက် မွှေနှောက် အစာရှာသွားလို့ ဘာဘီကျူး စားသောက်ဆိုင် တစ်ခုမှာ အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ခိုယိုင် သဘာဝ သစ်တောဇုန်နားမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ကတော့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ကြည့်ပြီးတဲ့နောက် တရားခံ ဘယ်သူလဲဆိုတာ အတိအကျ သိတယ်လို့ ပြောပြပါတယ်။ အဲဒါကတော့ ဘေးမဲ့သစ်တော ဧရိယာထဲမှာ ကျက်စားနေပြီး ပလိုင်ဘယန်လက်ခ်လို့ နာမည်ပေးထားတဲ့ ဆင်ကြီးပါပဲ။

စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်းလောက်တုန်းက ဆင်ကြီးဟာ ဘာဘီကျူး စားသောက်ဆိုင်ရဲ့ မီးဖိုခန်းထဲ ဝင်တိုးခဲ့ပြီး မွှေနှောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဆင်ကြီးက အတော်လေး ဆာလောင်နေခဲ့ပုံ ပေါ်တယ်လို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။

သူဟာ ဆိုင်ထဲမှာ အတော်လေး အချိန်ယူပြီး စိတ်တိုင်းကျ မွှေနှောက်သွားခဲ့ပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ မီးဖိုထဲမှာ အိုးခွက်ပန်းကန်တွေ ပြန့်ကြဲနေခဲ့ပြီး ဆိုင်ရဲ့ အပြင်အဆင်နဲ့ စည်းရိုးတွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိနေခဲ့တာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ပိုင်ရှင်ကတော့ ပလိုင်ဘယန်လက်ခ်ဟာ အရင်ကလည်း သူ့ဆိုင်ထဲ ဝင်မွှေခဲ့ဖူးပြီး အစိမ်းသက်သက် မဟုတ်တော့ပါဘူးလို့ ပြောပါတယ်။ မနက်ပိုင်းတွေမှာလည်း ဆိုင်နားမှာ တရစ်ဝဲဝဲ လုပ်နေတတ်တဲ့ ဆင်ကြီးကို တွေ့နေကျဖြစ်ပြီး အခုလို ကြုံရတာ အဆန်းမဟုတ်တော့ဘူးလို့ သူက ဆိုပါတယ်။

ဆိုင်ဝန်ထမ်းတွေက ရှင်းရလင်းရ၊ ပြင်ရဆင်ရနဲ့ အလုပ်ရှုပ်သွားခဲ့ပေမယ့်လည်း ဆိုင်ကိုတော့ ပုံမှန်အတိုင်း ဆက်ဖွင့်ထားတယ်လို့ ပိုင်ရှင်ဖြစ်သူက ပြောပြပါတယ်။ ပြီးခဲ့တဲ့ လပိုင်းလောက် ပလိုင်ဘယန်လက်ခ်ကို မတွေ့ဘဲ ပျောက်ချက်သား ကောင်းနေလို့ သတိရနေခဲ့သေးကြောင်း၊ ဆိုင်းမဆင့် ဗုံမဆင့် ပြန်ပေါ်လာတော့လည်း သူ့ဆိုင်ထဲ ဝင်မွှေသွားတာ ဖြစ်နေတော့ အခြေအနေက နည်းနည်း လက်ပေါက်ကပ်ကြောင်း သူက အရွှန်းဖောက်ခဲ့ပါတယ်။

ပုံမှန်ဆိုရင်တော့ ပလိုင်ဘယန်လက်ခ်ဟာ ဆင်ရိုင်းဖြစ်ပေမယ့် အရမ်းအေးချမ်းပြီး ရန်လိုလေ့ မရှိဘူးလို့ ဆိုင်ရှင်က ရှင်းပြသွားပါတယ်။ သူက ဆိုင်မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပေမယ့် ဆင်ကြီးကိုတော့ အပြစ်မတင်ခဲ့ပါဘူး။ သဘာဝ ဘေးမဲ့တော တစ်ခုနားမှာ ဆိုင်ဖွင့်ထားရင်တော့ ဒီလိုကိစ္စတွေကို ဖြစ်ရိုးဖြစ်စဉ် အနေနဲ့ ကြိုတင် နှလုံးသွင်း လက်ခံထားရမှာပဲလို့ ဆိုင်ရှင်က မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: Thaiger

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook