Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့အမြင့်ဆုံး တံတားအသစ်ကို တရုတ်မှာ စတင်ဖွင့်လှစ်

ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဖြစ် စံချိန်တင်မယ့် တံတားအသစ်ကို တရုတ်နိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဓာတ်ပုံ - VCG

ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဖြစ် စံချိန်တင်မယ့် တံတားအသစ်ကို တရုတ်နိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတောင်ပိုင်းက တောင်ထူထပ်ရာ ကွေ့ကျိုး ပြည်နယ်ထဲမှာရှိတဲ့ ဟွာကျီအန်း တောင်ကြားဖြတ်ကျော် တံတားဟာ ဘေပန်မြစ်ရဲ့အထက် ၆၂၅ မီတာ အမြင့်မှာ ဖောက်လုပ်ထားတာပါ။ ကွေ့ကျိုး ပြည်နယ်ဟာ အမြင့် ၅၆၅ မီတာရှိတဲ့ ဘေပန်ကျိအန်း တံတား တည်ရှိတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ အခုတော့ အဲဒီတံတားဟာ ကမ္ဘာ့အမြင့်ဆုံး တံတားတွေ အဆင့်သတ်မှတ်ချက်မှာ ဒုတိယ နေရာကို ဆင်းပေးလိုက်ရပါပြီ။

တရုတ်အစိုးရ မီဒီယာက ဒရုန်းတွေနဲ့ ရိုက်ကူး ထုတ်လွှင့်ပြသခဲ့တဲ့ ဗီဒီယိုမှာတော့ တံတားအသစ်ကြီးပေါ်မှာ စက်တင်ဘာ ၂၈ ရက်နေ့ကစပြီး ယာဉ်တွေ ဖြတ်သန်း မောင်းနှင်နေတာကို တွေ့ခဲ့ရပါတယ်။

ဒီတံတားအသစ်ကြီးကြောင့် အရင်က ချောက်ကမ်းပါး နှစ်ဖက်ကြား ၂ နာရီကြာ သွားခဲ့ရတဲ့ ခရီးကို ၂ မိနစ်အတွင်း ရောက်အောင် သွားနိုင်တော့မယ်လို့ ပြည်နယ် သယ်ယူပို့ဆောင်ရေး ဌာန အကြီးအကဲ ကျန့်ရင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တံတားကြီးကို ၃ နှစ်လောက် အချိန်ယူ တည်ဆောက်ခဲ့ရတာလို့ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရှင်ဟွာရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ ရှိတဲ့ အမြင့်ဆုံး တံတားအားလုံးရဲ့ ထက်ဝက်နီးပါးလောက်ဟာ ကွေ့ကျိုးပြည်နယ်ထဲမှာလို့ သိရပါတယ်။

ဟွာကျီအန်း တံတားရဲ့ ပင်မတံတား အစိတ်အပိုင်း ၁၄၂၀ မီတာ ရှည်လျားပြီး တောင်ပေါ်ဒေသမှာ ဆောက်လုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး တံတားလို့လည်း သတ်မှတ်နိုင်ကြောင်း ရှင်ဟွာက ဖော်ပြခဲ့ပါတယ်။

အင်ဂျင်နီယာတွေဟာ ဩဂုတ်လတုန်းက တံတားပေါ်ကနေ ကုန်တင်ကားကြီး ၉၆ စီးကို ဖြတ်မောင်းစေပြီး တံတားရဲ့ ကြံ့ခိုင်မှုကို လက်တွေ့ စစ်ဆေးခဲ့ကြပါတယ်။

၄ လမ်းသွားကားလမ်းပါတဲ့ တံတားကြီးအတွက် တည်ဆောက်မှု ကုန်ကျစရိတ်ဟာ ယွမ်ငွေ ၂.၁ ဘီလီယံလောက် ရှိခဲ့တယ်လို့လည်း သိရှိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။